Main menu

Background

ဖေဖော်ဝါရီလအတွင်း တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အနီးစပ်ဆုံးကာလထက် ကုန်သွယ်မှုပမာဏ ပိုမိုဆောင်ရွက်

Thu, 03/16/2023 - 15:28 -- journal_editor

ဖေဖော်ဝါရီ ၁ ရက်မှ ၂၈ ရက်အထိ ကာလအတွင်း တာချီလိတ် ကုန်သွယ်ရေးစခန်းမှ ပို့ကုန်အမေရိကန်ဒေါ်လာ  ၆ ဒသမ ၂၆၈ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၆ ဒသမ ၃၀၅ သန်း ကုန်သွယ်မှုပမာဏ တန်ဖိုးအမေရိကန်ဒေါ်လာ ၁၂ ဒသမ၅၇၃ သန်းဖြစ်၍ ကုန်သွယ်မှု လျာထားချက်အပေါ် ၈၃ ဒသမ ၈၂ ရာခိုင်နှုန်း ဆောင်ရွက်ခဲ့သည်။ ကာလတူနှင့် နှိုင်းယှဉ်ပါက ပို့ကုန်အမေရိကန် ဒေါ်လာ ၁ ဒသမ ၂၈၂ သန်း လျော့နည်းခဲ့ပြီး  သွင်းကုန်ပိုင်းတွင်   တန်ဖိုး အမေရိကန် ဒေါ်လာ သုည ဒသမ ၆၅၃ သန်းပိုမိုခဲ့ပြီး ကုန်သွယ်မှုပမာဏ အနေဖြင့် တန်ဖိုး  အမေရိကန်ဒေါ်လာ သုည ဒသမ ၆၂၉ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။ 
ကာလတူထက် ပို့ကုန်ပိုင်းလျော့နည်းရခြင်းမှာ ရေ ထွက်ပစ္စည်းအုပ်စုနှင့် အခြားပစ္စည်းအုပ်စုတွင် တန်ဖိုး အမေ ရိကန်ဒေါ်လာ သုည ဒသမ ၆၆၆ သန်း ပိုမိုခဲ့သော်လည်း လယ်ယာထွက်ကုန် ပစ္စည်းအုပ်စု ၊ သတ္တုတွင်းထွက်အုပ်စုနှင့် စက်မှုကုန်ချောအုပ်စုတို့တွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၄၈ သန်း လျော့နည်းခဲ့ခြင်းကြောင့်ဖြစ်သည်။ သွင်း ကုန်ပိုင်းတွင် ပိုမိုရခြင်းမှာ လူသုံးကုန်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၁၃၇ သန်း လျော့နည်း တင်သွင်းခဲ့သော်လည်း  ရင်းနှီးမြှုပ်နှံမှု   ပစ္စည်းအုပ်စုနှင့် လုပ်ငန်းသုံး ကုန်ပစ္စည်းအုပ်စုတွင် တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၇၉ သန်း ပိုမိုတင်သွင်းခဲ့ခြင်းကြောင့်ဖြစ်သည်။
အနီးစပ်ဆုံးကာလဖြစ်သော ဇန်နဝါရီ လုပ်ငန်းဆောင် ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေရိကန် ဒေါ်လာ ၅ ဒသမ ၂၃၃ သန်း၊ သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၅၅၂ သန်း ပိုမိုခဲ့ခြင်း ကြောင့် ကုန်သွယ်မှုပမာဏ တန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဒသမ ၇၈၅ သန်း ပိုမိုခဲ့ကြောင်း သိရသည်။  ပို့ကုန်ပိုင်း ပိုမိုရခြင်းမှာ သတ္တုတွင်းထွက်ပစ္စည်းအုပ်စုနှင့် ရေထွက်ပစ္စည်း အုပ်စု တင်ပို့မှုတွင် တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၁၅၇ သန်း လျော့နည်းခဲ့သော်လည်း လယ်ယာထွက်ကုန်ပစ္စည်း အုပ်စု၊ စက်မှုကုန်ချောပစ္စည်းနှင့် အခြားပစ္စည်းအုပ်စု တင်ပို့မှု တွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဒသမ ၃၉ သန်းပိုမိုခဲ့ခြင်း ကြောင့်ဖြစ်သည်။ သွင်းကုန်ပိုင်း ပိုမိုရခြင်းမှာ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းအုပ်စုတွင် တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၂၂၀ သန်း လျော့နည်းတင်သွင်းခဲ့သော်လည်း လုပ်ငန်း သုံး ကုန်ကြမ်းပစ္စည်းအုပ်စုနှင့် လူသုံးကုန်ပစ္စည်းအုပ်စုတွင် တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၇၇၂ သန်း ပိုမိုတင် သွင်းခဲ့ခြင်းကြောင့် ဖြစ်သည်။                          

အိမ့် (DOT)