Main menu

Background

ယခုတစ်ပတ်အတွင်း ဘိလပ်မြေနှင့် ဓာတ်မြေသြဇာတင်သွင်းမှု အခြေအနေ

Thu, 03/30/2023 - 12:36 -- journal_editor

ဓာတ်ပြေသြဇာ

မတ် ၁၁ ရက်မှ ၁၇ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၁၉ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ တန်ချိန် ၅၆၀ဝ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ တန်ချိန် ၃၂၀ဝ ကျော်၊ တောင်ကိုရီးယားနိုင်ငံမှ တန်ချိန် ၂၁၀ဝ ကျော်၊ မက်ဆီကိုနိုင်ငံမှ တန်ချိန် ၂၀ ကျော်နှင့် ထိုင်းနိုင်ငံမှ တန်ချိန် ၂၀ဝ ကျော် တင်သွင်းခဲ့ကြောင်း သိရသည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ဓာတ်မြေသြဇာ တန်ချိန် ၈၀ဝ၀ ခန့် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်မှုမှ မတ် ၁၁ ရက်မှ ၁၇ ရက်ထိကာလအတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၃၅၈ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၆၆၀ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ်နိုင်ငံမှ တန်ချိန် ၆၀ဝ ကျော်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၆၀ ခန့် တင်သွင်းခဲ့သည်။ အနီးစပ်ဆုံး ကာလနှင့်နှိုင်းယှဉ်ပါက နယ်စပ်မှ ဓာတ်မြေသြဇာတန်ချိန် ၃၀ ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။

ဘိလပ်မြေ

မတ် ၁၁ ရက်မှ ၁၇ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၂၉ သန်း တန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၈၀ဝခန့် မလေးရှားနိုင်ငံမှ တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နယ်စပ်မှ  ဘိလပ်မြေ တန်ချိန် ၂၀ဝ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်မှုမှ မတ် ၁၁ ရက်မှ ၁၇ ရက်ထိကာလ အတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၀၁ သန်း တန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၄၀ဝ၀ ကျော် ထိုင်းနိုင်ငံမှ တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နယ်စပ်မှ ဓာတ်မြေသြဇာတန်ချိန် ၂၀ဝ၀ ကျော်လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။

အိမ့် (DOT)