Main menu

Background

မြဝတီကုန်သွယ်ရေးဇုန်မှ မေလအတွင်း ကုန်သွယ်မှု အခြေအနေ 

Tue, 06/20/2023 - 11:29 -- journal_editor

မြဝတီကုန်သွယ်ရေးဇုန်မှ မေ ၁ ရက်မှ ၃၁ ရက်ထိ   ကာလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၆၉၁ သန်း၊   သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂၉ ဒသမ ဝ၆၀ သန်းဖြစ်ပြီးကုန်သွယ်မှုပမာဏမှ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၈၆ ဒသမ ၇၅၁ သန်းဖြစ်၍ ကုန်သွယ်မှုလျာထားချက် အပေါ် ၁၃၈ ဒသမ ၃၃ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့သည်။ ကာလတူ လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅၉ ဒသမ ၅၈၅ သန်း   လျော့နည်းခဲ့ပြီး သွင်းကုန်တန်ဖိုး  အမေရိကန်ဒေါ်လာ ၆ ဒသမ ၁၉၀ သန်း ပိုမိုခဲ့သဖြင့် ကုန် သွယ်မှုပမာဏတန်ဖိုး အမေရိကန် ဒေါ်လာ ၅၃ ဒသမ ၃၉၅ သန်း လျော့ နည်းခဲ့သည်။ ကာလတူထက် ပို့ကုန် ပိုင်းတွင်   လျော့နည်းရခြင်းမှာ တွင်း ထွက်ပစ္စည်းအုပ်စုတွင် ပိုမိုခဲ့သော်လည်း လယ်ယာထွက်ပစ္စည်းအုပ်စု၊ ရေထွက်ပစ္စည်းအုပ်စု၊ စက်မှုကုန်ချော ပစ္စည်းအုပ်စုနှင့် အခြားပစ္စည်းအုပ်စုတို့ တင်ပို့မှု  လျော့နည်းခဲ့ခြင်းကြောင့်ဖြစ်သည်။  သွင်းကုန်ပိုင်းတွင် ပိုမိုရခြင်းမှာ လူသုံးကုန်ပစ္စည်းအုပ်စုတွင်  တင်သွင်းမှု  လျော့နည်းခဲ့သော်လည်း  လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းအုပ်စုနှင့် ရင်းနှီး မြှုပ်နှံမှုပစ္စည်းအုပ်စုတို့တွင် တင်သွင်းမှု ပိုမိုခဲ့ခြင်းကြောင့်ဖြစ်သည်။  
အနီးစပ်ဆုံး   ကာလဖြစ်သော ဧပြီလ  လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်း ယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုးအမေ ရိကန်ဒေါ်လာ ၂၅ ဒသမ ဝ၇၇ သန်း၊ သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေရိကန် ဒေါ်လာ ၅၄ ဒသမ ၇၂၉ သန်း ပိုမိုခဲ့ သောကြောင့် ကုန်သွယ်မှုပမာဏအနေ ဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၇၉ ဒသမ ၈၀၆ သန်း ပိုမိုခဲ့ခြင်းဖြစ်သည်။ ပို့ကုန်ပိုင်းတွင် ပိုမိုရခြင်းမှာ ရေထွက် ပစ္စည်းအုပ်စုတွင် တင်ပို့မှု လျော့နည်းခဲ့ သော်လည်း   လယ်ယာထွက်ပစ္စည်း အုပ်စု၊  သစ်တောထွက်ပစ္စည်းအုပ်စု၊ တွင်းထွက်ပစ္စည်းအုပ်စု၊ တိရစ္ဆာန်ထွက် ပစ္စည်းအုပ်စု၊  စက်မှုကုန်ချောပစ္စည်း အုပ်စုနှင့် အခြားပစ္စည်းအုပ်စုတို့ တင်ပို့ မှုပိုမိုခဲ့ခြင်းကြောင့်ဖြစ်သည်။ သွင်းကုန် ပိုင်းတွင်  ပိုမိုရခြင်းမှာ  ရင်းနှီးမြှုပ်နှံမှု ပစ္စည်းအုပ်စု၊ လူသုံးကုန်ပစ္စည်းအုပ်စု၊ လုပ်ငန်းသုံး  ကုန်ကြမ်းပစ္စည်းအုပ်စုတို့တွင် တင်သွင်းမှု ပိုမိုခဲ့ခြင်းကြောင့်ဖြစ်သည်။ 
အိမ့် (DOT)