Main menu

Background

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ဇွန်လတတိယပတ်အတွင်း ကုန်သွယ်မှုအခြေအနေ

Mon, 07/03/2023 - 12:59 -- journal_editor

တာချီလိတ် ကုန်သွယ်ရေးစခန်း မှ   ၂၀၂၃ ခုနှစ် ဇွန် ၁၇ ရက်မှ ၂၃ ရက် ထိကာလအတွင်း ပို့ကုန်တန်ဖိုး အမေ ရိကန်ဒေါ်လာ ၂ ဒသမ ၄၅၆ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ဒသမ ၆၀၂ သန်းဖြစ်၍  ကုန်သွယ်မှု ပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၄  ဒသမ ဝ၅၈ သန်း ဆောင်ရွက်နိုင်ခဲ့ သည်။ ယခင်တစ်ပတ် လုပ်ငန်းဆောင် ရွက်မှုနှင့်နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၂၆၈  သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ သုည ဒသမ ဝ၇၈  သန်းပိုမိုခဲ့ သဖြင့်  ကုန်သွယ်မှုပမာဏ  တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၃၄၆ သန်း ပိုမိုခဲ့ကြောင်း  သိရသည်။  ပို့ကုန် ပိုင်းတွင် ယခင်တစ်ပတ်ထက်  ကြက် သွန်ဖြူ၊ လက်ဖက်ခြောက်၊  ပလတ် စတစ်ဘူးခွံအဟောင်း  တင်ပို့မှုတွင် လျော့နည်းခဲ့သော်လည်း     ပြောင်း၊ ကော်ဖီစေ့၊  သတ္တု၊   ကက်ထူစက္ကူ အဟောင်း  တင်ပို့မှုတွင်   ပိုမိုခဲ့ခြင်း ကြောင့်ဖြစ်သည်။ သွင်းကုန်ပိုင်းတွင် ယခင်တစ်ပတ်ထက်    ဘိလပ်မြေ၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ် ပစ္စည်းများ၊ လယ်ထွန်စက်များ၊ လေ အေးစက်များ၊ စက်နှင့်စက်ပစ္စည်းများ၊ ဖန်ဆောက်လုပ်ရေးပစ္စည်းများ၊ သံနှင့် သံမဏိ  ဆောက်လုပ်ရေးပစ္စည်းများ၊ သံနှင့်  သံမဏိပစ္စည်းများ၊ သတ္တုကုန် ကြမ်းပစ္စည်းများ၊ သွပ်ပြား၊ တာယာ နှင့်ကျွတ်များ၊   ပရိဘောဂများနှင့် အခြားပစ္စည်းများ လျော့နည်းတင်သွင်း ခဲ့သော်လည်း လျှပ်စစ်ဓာတ်ဖြန့်ဖြူးရေး နှင့် တပ်ဆင်ရေးပစ္စည်းများ၊ တွင်းထက် ဆောက်လုပ်ရေးပစ္စည်းများ၊ ရေနံထွက် ပစ္စည်းများ၊  ဓာတုဗေဒပစ္စည်းများ၊ သုတ်ဆး၊ ပေါလစ်များ၊ ပလတ်စတစ် ကုန်ကြမ်းပစ္စည်းများနှင့် မီးဖိုချောင်သုံး ပစ္စည်းများ ပိုမိုတင်သွင်းခဲ့သောကြောင့် ဖြစ်သည်။ 

အိမ့် (DOT)