Main menu

Background

မြိတ်ဒေသ၏ ပို့ကုန်တိုးမြှင့်ရေးအတွက် ရော်ဘာ စိုက်ပျိုး၊ ထုတ်လုပ်တင်ပို့မှုအခြေအနေ

Mon, 07/03/2023 - 13:04 -- journal_editor

မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီးများအနက် တနင်္သာရီတိုင်းဒေသ ကြီးသည် သဘာဝသယံဇာတ ပေါကြွယ်ဝပြီး နိုင်ငံတကာသို့ ပို့ကုန်တိုးတက်တင်ပို့ နိုင်ရေး အဓိကအားထားရကာ နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေ ရရှိစေသော တိုင်းဒေသကြီးဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီး၏ မြိတ်ခရိုင်ဒေသသည် ရေ ထွက်ကုန်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးထွက်ကုန်များ အများအပြား ထုတ်လုပ်ထွက် ရှိပြီး စိုက်ပျိုးရေးတွင် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုသည် နှစ်စဉ် တိုးတက်စိုက်ပျိုး ထုတ်လုပ်လျက်ရှိရာ  စိုက်ပျိုးထွက်ရှိမှုအား တစ်ဖက်ပါဇယားအတိုင်း တွေ့ရှိရ သည်။  ရော်ဘာပင်၏ စတင်စိုက်ပျိုးသည်မှ အစေးထုတ်၍ ရသည်အထိ ငါးနှစ်မှ ခြောက်နှစ်ခန့်အထိ သက်တမ်းကြာမြင့်ကြောင်း သိရှိရပြီး သတ်တမ်းခြောက်နှစ် အတွင်း ရော်ဘာတစ်ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ကျပ် ၃၇ သိန်းခန့် ကုန်ကျကြောင်း သိရှိရသည်။ ရော်ဘာတောင်သူများ ရော်ဘာအစေးထုတ်ယူရာ တွင် တစ်နှစ်ပတ်လုံး ထုတ်ယူနိုင်ခြင်းမရှိဘဲ ရော်ဘာအရွကြွေ်ကချိန်ဖြစ်သည့် နွေဦးပေါက်ရာသီတွင် တစ်လခန့်နှင့် မုတ်သုံလေ ဝင်ရောက်ချိန်မှ ပြန်လည်ထွက် ခွာချိန်ထိ ရပ်နားရပြီး တစ်နှစ်လျှင် ခြောက်လခန့်သာ ရော်ဘာအစေး ထုတ်ယူ နိုင်ကြောင်း လေ့လာသိရှိရသည်။  ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများက ထွက်ရှိလာသော ရော်ဘာအစေးများ အား နေလှန်းပြားများ ပြုလုပ်ပြီး ပြည်တွင်းဈေးကွက်များသို့ ရောင်းချလျက်ရှိရာ မြိတ်မြို့ရှိ ဖိုးလမင်းကုမ္ပဏီမှ ၎င်းရော်ဘာနေလှန်းပြားများအား ရော်ဘာတောင်သူ များထံမှ သင့်တင့်မျှတသောဈေးနှုန်းဖြင့် ဝယ်ယူ၍ တစ်ဆင့်မြှင့်တင် ပြုပြင်ထုတ် လုပ်ပြီး ပြည်ပသို့ တင်ပို့လျက်ရှိရာ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှ  ၂၀၂၃ ခုနှစ် မေလအထိ ပြည်ပသို့ ထုတ်လုပ်တင်ပို့မှု တန်ချိန်နှင့် တန်ဖိုးများအားတစ်ဖက်ပါအတိုင်းဖော်ပြအပ်ပါသည် ။ ဖိုးလမင်းကုမ္ပဏီမှ ရော်ဘာများအား မြိတ်ကုန်သွယ်ရေးစခန်းမှသော် လည်း ကောင်း၊ ရန်ကုန်ဆိပ်ကမ်းမှသော်လည်းကောင်း မလေးရှားနှင့် တရုတ်နိုင်ငံတို့သို့ တိုက်ရိုက် တင်ပို့လျက်ရှိပြီး နိုင်ငံတော်၏ ပြည်ပပို့ကုန်  တိုးမြှင့်တင်ပို့နိုင်ရေးနှင့် နိုင်ငံခြားဝင်‌ငွေရရှိစေရေး အထောက်အကူပြုနေသကဲ့သို့ ဒေသခံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူ   တောင်သူများနှင့် အခြေခံလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းကောင်းများလည်း ရရှိစေလျက်ရှိသည်။

                             ရွှေမြိတ်