Main menu

Background

မြန်မာ့ပင်ရင်းထုတ်ကုန်များ အကောက်ခွန်သက်သာစေရန် အတည်ပြုပို့ကုန် တင်ပို့သူအဖြစ်လျှောက်ထားနိုင်

Mon, 07/31/2023 - 13:06 -- journal_editor

မြန်မာ့ပင်ရင်းထုတ်ကုန်များ အကောက်ခွန် သက်သာစေရန်အတွက်  အတည်ပြုပို့ကုန်  တင်ပို့ သူအဖြစ် လျှောက်ထားနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  ကုန်သွယ် ရေးဦးစီးဌာနမှ သိရသည်။
ပို့ကုန်လုပ်ငန်းရှင်များသည် မြန်မာ့ပင်ရင်း ထုတ်ကုန် အကောက်ခွန်သက်သာစေရန်  CO Form RCEP ကို ၂၀၂၃ ခုနှစ်  သြဂုတ် ၁ ရက်မှ စတင်ကာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊    ကုန်သွယ်ရေးဦးစီးဌာနအောက်ရှိ သက်ဆိုင်ရာ ပို့ကုန်/သွင်းကုန်များနှင့် ကုန်သွယ် ရေးစခန်းများတွင် လျှောက်ထားနိုင်ကြောင်း သိရ သည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ သြစတြေးလျ၊ တရုတ်၊ ဂျပန်နှင့် နယူးဇီလန်နိုင်ငံတို့ ပါဝင်သည့် ဒေသတွင်း    ဘက်စုံ စီးပွားရေးပူးပေါင်းဆောင် ရွက်မှု (Regional Comprehensive Economic Pathership - RCEP)   သဘောတူစာချုပ်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင် အသက်ဝင်ခဲ့ပြီးဖြစ်သည်။
သို့ဖြစ်၍ ၂၀၂၂ ခုနှစ် နိုဝင်ဘာ  ၁  ရက်မှ စတင်ကာ တရုတ်နိုင်ငံသို့တင်ပို့သော ကုန်စည် များ အကောက်ခွန် သက်သာခွင့်ရှိသည့်    CO Form RCEP  ကို ကုန်သွယ်ရေးဦးစီးဌာနမှ ပို့ကုန် လုပ်ငန်းရှင်များကို ထုတ်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြန်မာနိုင်ငံသည် ဒေသတွင်း ဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘော တူစာချုပ်အရ ကမ္ဘောဒီးယား၊  ထိုင်း၊   ဘရူနိုင်း၊ လာအို၊ စင်ကာပူ၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံ တို့ကို တင်ပို့မည့်    မြန်မာ့ပင်ရင်းထုတ်ကုန်များ အကောက်ခွန် သက်သာခွင့်ရစေမည့်  CO Form RCEP  ကို လာမည့်   သြဂုတ် ၁ ရက်မှ  စတင် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သဘောတူစာချုပ်အရ အတည်ပြု ပို့ကုန်တင်ပို့သူ     Approved Exporterအဖြစ် လျှောက်ထားလိုသည့် ပို့ကုန်တင်ပို့သူများသည်Online CO Applicition System http://onlineco.myanmartradenet.com  တွင်   လျှောက်ထားနိုင် မည်ဖြစ်ကြောင်း သိရသည်။

ပန်းဆု