Main menu

Background

တာချီလိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Thu, 08/31/2023 - 10:14 -- journal_editor

တာချီလိတ်ကုန်သွယ်ရေးစခန်းသည်  သြဂုတ် ၁၂ ရက် မှ  ၁၈ ရက်ထိ  ကာလအတွင်း ပို့ကုန်တန်ဖိုး  အမေရိကန် ဒေါ်လာ  သုည ဒသမ ၈၇၉ သန်း၊  သွင်းကုန်တန်ဖိုး  အမေ ရိကန် ဒေါ်လာ ၁ ဒသမ ၁၅၀ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏ မှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၂  ဒသမ ဝ၂၉ သန်းဖြစ်ပြီး ယခင်တစ်ပတ်လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၁၂၂ သန်း၊ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ၂၇၆ သန်း ပိုမိုတင် သွင်းခဲ့သောကြောင့်  ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၃၉၈ သန်း ပိုမိုခဲ့ကြောင်း သိရသည်။
ပို့ကုန်ပိုင်းတွင် ယခင်တစ်ပတ်ထက် ကော်ဖီစေ့၊ ရော်ဘာ စေး၊ လက်ဖက်ခြောက်၊ ကတ်ထူစက္ကူအဟောင်း  တင်ပို့မှု လျော့နည်းခဲ့သော်လည်း ပြောင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပလတ်စတစ် ဖြတ်စ ပိုမိုတင်ပို့ခဲ့ခြင်းကြောင့် ပို့ကုန်ပိုမိုခဲ့ခြင်း ဖြစ်သည်။ 
သွင်းကုန်ပိုင်းတွင် ယခင်တစ်ပတ်ထက် ရေနံထွက် ပစ္စည်းများ၊ သွပ်ပြားများ တင်သွင်းမှုလျော့နည်းခဲ့သော်လည်း ဘိလပ်မြေ၊ ကွန်ပျူတာ၊ ကွန်ပျူတာနှင့်သက်ဆိုင်သော ပစ္စည်း ကိရိယာများ၊ စက်နှင့် စက်ပစ္စည်းများ၊ တွင်းထွက် (သတ္တုမှ အပ) ဆောက်လုပ်ရေးပစ္စည်းများ၊ သံနှင့်သံမဏိဆောက်လုပ် ရေးပစ္စည်းများ၊ သုတ်ဆေး၊ ပေါလစ်များ၊ ပလတ်စတစ်ကုန် ကြမ်းပစ္စည်းများ၊ အခြားစက္ကူများ၊ တာယာနှင့် ကျွတ်များ၊ ဆပ်ပြာ၊ မီးဖိုချောင်သုံးပစ္စည်းများ ပိုမိုတင်သွင်ခဲ့ခြင်းကြောင့် သွင်းကုန်ပိုင်းတွင် ပိုမိုရခြင်းဖြစ်သည်။ 

အိမ့် (dot)