Main menu

Background

မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Thu, 08/31/2023 - 10:15 -- journal_editor

မူဆယ် (၁၀၅) မိုင်  ကုန်သွယ်ရေးဇုန်သည်  သြဂုတ် ၁၂ ရက်မှ ၁၈ ရက်ထိ ကာလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန် ေ ဒါ်လာ ၇ ဒသမ ၈၅၇ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၉ ဒသမ ၁၃၈ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၉၉၅ သန်းဖြစ်ပြီး ယခင်ပတ် လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေ ရိကန်ဒေါ်လာ သုည ဒသမ ၇၂၁ သန်း၊ သွင်းကုန် တန်ဖိုး အမေရိ ကန်ဒေါ် လာ ၃ ဒသမ၄၃၂ သန်း ပိုမိုခဲ့သောကြောင့် ကုန် သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၅၃ သန်း ပိုမိုခဲ့ကြောင်း သိရသည်။
ပို့ကုန်ပိုင်းတွင်  ယခင်တစ်ပတ်ထက် ပြောင်း၊ ရော်ဘာ၊ ပဲတီစိမ်း၊ ပဲလွမ်း၊ နေလဲစေ့၊ လျှော်ဖြူ၊ ငါးမျိုးစုံ၊ သကာရည်၊ တင်ပို့မှု  လျော့နည်းခဲ့သော်လည်း ဆန်၊ ဆန်ကွဲ၊ မြေပဲဆန်၊ နနွင်းတက်၊ ကြက်သွန်နီ၊ မိကျောင်းကွမ်းဖတ်စေ့၊ ကွမ်းသီးခွံနှင့် ကြက်ဆူစေ့တင်ပို့မှု ပိုမိုခဲ့ခြင်းကြောင့်ဖြစ်သည်။
သွင်းကုန်တင်သွင်းမှုအနေဖြင့် ယခင်တစ်ပတ်ထက် လျှပ်စစ်ဓာတ်ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်း၊ တွင်းထွက်ဆောက် လုပ်ရေးပစ္စည်းများ၊ သံနှင့် သံမဏိဆောက်လုပ်ရေးပစ္စည်းနှင့် သွပ်ပြားတို့  တင်သွင်းမှု လျော့နည်းခဲ့သော်လည်း မော်တော်ယာဉ် နှင့် မော်တော်ယာဉ်ပစ္စည်းများ၊ ဝါယာကြိုးများ၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်း၊ စက်ဘီးအပိုပစ္စည်းများ၊ ရေနံထွက်ပစ္စည်းများ၊ ဓာတ်ဆေးဆိုးဆေးများ၊ သားရေ၊  သားရေတုဖြင့် ပြုလုပ်သောပစ္စည်းများ၊ သံနှင့် သံမဏိပစ္စည်းများ၊ တာယာနှင့် ကျွတ်များ၊ ဘက်ထရီအခြောက်များ၊ လျှပ်စစ်မီးသီးနှင့် မီးချောင်းများ၊ ချုပ်ပြီးအထည်များ၊ မီးဖိုချောင်သုံးပစ္စည်းများ တင်သွင်းမှုပိုမိုခဲ့ခြင်းတို့ ကြောင့် ယခင်တစ်ပတ်ထက် သွင်းကုန်တန်ဖိုးပိုမိုခဲ့ခြင်းဖြစ်သည်။                                                                    

အိမ့် (DOT)