Main menu

Background

မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Thu, 08/31/2023 - 10:16 -- journal_editor

မြဝတီကုန်သွယ်ရေးဇုန်သည်   သြဂုတ် ၁၂ ရက်မှ ၁၈ ရက်အထိ ကာလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၆၅၁ သန်း၊ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၂၄ သန်းဖြစ်၍ ကုန်သွယ် မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၂  ဒသမ ၈၇၅ သန်းဖြစ်ပြီး ယခင် တစ်ပတ် လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၃ ဒသမ ၉၅၁ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၆ ဒသမ ၈၉၈ သန်း လျော့နည်းခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး  အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၈၄၉ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။
ပို့ကုန်ပိုင်းတွင် လယ်ယာထွက်ပစ္စည်းအုပ်စု၊ ရေထွက်ပစ္စည်းအုပ်စု၊ စက်မှုကုန်ချောပစ္စည်းအုပ်စု၊ အခြားပစ္စည်းအုပ်စု တင်ပို့မှုလျော့နည်းခဲ့ ကြောင်း သိရသည်။ သွင်းကုန်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၃၂ သန်း၊ လုပ်ငန်းသုံးပစ္စည်းအုပ်စု တွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၃၄ သန်း၊ လူသုံးကုန်ပစ္စည်း အုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၅၃၃ သန်း လျော့နည်း တင်သွင်းခဲ့သောကြောင့်ဖြစ်သည်။
မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ယခုတစ်ပတ်  ပို့ကုန်ပိုင်းတွင် ကွမ်းသီးနှင့်ငရုတ်သီး(စိမ်း) (အစို)များသာ တင်ပို့မှုပိုမိုခဲ့ပြီး  အခြားပို့ကုန် ပစ္စည်းတို့မှာ တင်ပို့မှုလျော့နည်းခဲ့သောကြောင့် ယခင်ပတ်နှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၉၅၁ သန်း လျော့နည်းခဲ့ပြီး သွင်းကုန်ပိုင်းတွင်  ကွန်ပျူတာ၊ ကွန်ပျုတာနှင့်သက်ဆိုင်သော ပစ္စည်း ကိရိယာများ၊ မှန်ပြောင်း၊ ဓာတ်ပုံကင်မရာ၊ ရုပ်ရှင်ရိုက်ကူးစက်နှင့် ဓာတု ဗေဒဆိုင်ရာ ကိရိယာများ၊ သုတ်ဆေး၊ ပေါလစ်များ၊ ဓာတုဗေဒချည်ခင်များ၊ ဆေးဝါးပစ္စည်းများ၊ မီးဖိုးချောင်သုံးပစ္စည်းများ တင်သွင်းမှုပိုမိုခဲ့သော်လည်း အခြားသွင်းကုန်ပစ္စည်းတို့   တင်သင်သွင်းမှု လျော့နည်းခဲ့သောကြောင့် သွင်းကုန်တန်ဖိုး  အမေရိကန်ဒေါ်လာ ၆ ဒသမ ၈၉၈ သန်း လျော့နည်းခဲ့ ကြောင်း သိရှိရသည်။                                                

 

 အိမ့် (DOT)