Main menu

Background

တရုတ်-မြန်မာ ဖက်စပ်ကုမ္ပဏီနှစ်ခုကို ကချင်တွင် စိုက်ပျိုးရေးလုပ်ငန်းသုံးခု ရင်းနှီးမြှုပ်နှံခွင့်ပြုထား

Thu, 08/31/2023 - 10:42 -- journal_editor

ကချင်ပြည်နယ်အတွင်း   စိုက်ပျိုးရေးလုပ် ငန်းသုံးခုအတွက်  တရုတ်-မြန်မာဖက်စပ်ကုမ္ပဏီ နှစ်ခုကို ရင်းနှီးမြှုပ်နှံခွင့်ပြုထားကြောင်း  ကချင် ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။ 
မက္ကဒေးမီးယား၊ ပင်မှည့်၊ ရော်ဘာစိုက်ပျိုး ရေးလုပ်ငန်းများအတွက် Sanyaung Myanmar Investment ကုမ္ပဏီနှင့်Sin Xin Myanmar Myit-kyina ကုမ္ပဏီတို့ကို ယခု သြဂုတ်လဆန်းပိုင်းမှစ၍ ရင်းနှီးမြှုပ်နှံခွင့်ပေးခဲ့ထားပြီး စီမံကိန်းအား  မည် သည့်အချိန်တွင်   အကောင်အထည်ဖော်မည်ကို မသိရသေးကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများမှနေ၍   ပြည်တွင်း၌ အလုပ်သမား ၁၅၀ဝ ကျော်ဝန်းကျင်ကို အလုပ် အကိုင်အခွင့်လမ်းများ   ပေးအပ်နိုင်မည်ဖြစ်ကာ မက္ကဒေးမီးယား၊     ပင်မှည့်စိုက်ပျိုးရေးလုပ်ငန်း အတွက် အမေရိကန်ဒေါ်လာ  သုည ဒသမ ၈၇၈ သန်းနှင့် ရော်ဘာစိုက်ပျိုးရေးလုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ သုည ဒသမ ၁၀ဝ  သန်း၊ စုစုပေါင်း   အမေရိကန်ဒေါ်လာ ဝ ဒသမ ၈၇၉ သန်း   ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သည်။ မြန်မာစိုက် ပျိုးရေးထွက်ကုန်  မက္ကဒေးမီးယား၊ ပင်မှည့်သီးများ ကို တရုတ်နှင့် ထိုင်းနိုင်ငံက အဓိကဝယ်ယူလျက် ရှိပြီး တစ်ကီလိုလျှင် ငွေကျပ် ၂၈၀ဝ၀ ရရှိသည်။ 
လက်ရှိ မြန်မာနိုင်ငံတွင်  ရော်ဘာအစေး ခြစ်ဧက ရှစ်သိန်းခွဲကျော်ရှိပြီး တစ်နှစ်လျှင် တန် ချိန် သုံးသိန်းကျော်ထွက်ရှိကာ ပြည်တွင်းမှထွက်ရှိ သော ရော်ဘာတန်ချိန် စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်း ကို   တရုတ်နိုင်ငံက    ဝယ်ယူလျက်ရှိပြီး လက်ရှိ ပြည်တွင်းပေါက်ဈေးမှာ တစ်ပေါင်လျှင် ငွေကျပ် ၁၃၀ဝ မှ ၁၇၀ဝ ကြားရှိကြောင်း သိရသည်။
ထိုကချင်ပြည်နယ်အတွင်း   တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များ  အခြေခံသည့်ကုမ္ပဏီများက စိုက် ပျိုးရေးလုပ်ငန်းနှင့်ပတ်သက်၍   ရင်းနှီးမြှုပ်နှံမှု များစွာ ပြုလုပ်လျက်ရှိပြီး တစ်သျှူးငှက်ပျော စိုက် ခင်းလုပ်ငန်းများကိုလည်း အကြီးအကျယ် ရင်းနှီး မြှုပ်နှံလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

 

ပန်းဆု