Main menu

Background

မြဝတီကုန်သွယ်ရေးဇုန်မှ သြဂုတ်လအတွင်း ကုန်သွယ်မှု အခြေအနေ

Mon, 09/11/2023 - 11:30 -- journal_editor

မြဝတီကုန်သွယ်ရေးဇုန်၏ သြဂုတ် ၁ ရက်မှ ၃၁ ရက်ထိ ကာလ အတွင်း ပို့ကုန်တန်ဖိုးအမေရိကန်ဒေါ်လာ ၁၅ ဒသမ ၂၁၉ သန်း၊ သွင်း ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄၀ ဒသမ ဝ၂၃ သန်းဖြစ်၍ ကုန် သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၅၅  ဒသမ ၂၄၂ သန်း ဖြစ်ပြီး ကုန်သွယ်မှုလျာထားချက်အပေါ် ၃၉ ဒသမ ၄၅၉ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့သည်။ ကာလတူဖြစ်သော ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဇူလိုင်လ လုပ်ငန်း ဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန် အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၃၆၃ သန်းနှင့် သွင်းကုန်  အမေရိကန်ဒေါ်လာ ၈၁ ဒသမ ၇၃၃ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။ ပို့ကုန်ပိုင်းတွင် လျော့နည်းရခြင်းမှာ သြဂုတ် ၇ ရက်မှစ၍ သြဂုတ်လ နောက်ဆုံးပတ်ထိ မိုးသည်းထန်စွာ ရွာ သွန်းခြင်းကြောင့် မြန်မာ-ထိုင်း ကုန်သွယ်မှုလမ်းကြောင်းရှိ  မြဝတီလမ်း ပိုင်းအချို့လမ်းပြင်ဆင်နေမှုများ ရှိနေခဲ့ခြင်းကြောင့်ဖြစ်သည်။  အနီးစပ်ဆုံးကာလဖြစ်သော ဇူလိုင်လ လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုးအမေရိကန်ဒေါ်လာ ၃၀ ဒသမ ၁၄၂ သန်း၊ သွင်ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅၈ဒသမ ၉၅၇ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၈၉ ဒသမ ဝ၉၉ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။                  

 

  အိမ့် (DOT)