Main menu

Background

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စစ်တွေနယ်စပ် ကုန်သွယ်ရေးစခန်းမှသာ တင်ပို့ရမည့် ကုန်ပစ္စည်းအချို့ သတ်မှတ်

Mon, 09/11/2023 - 11:53 -- journal_editor

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရခိုင်ပြည်နယ်ရှိ စစ်တွေနယ်စပ် ကုန် သွယ်ရေးစခန်းမှသာ တင်ပို့ရမည့် ရေထွက်ပစ္စည်း၊ လယ်ယာထွက် ကုန်နှင့် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းအချို့ကို သတ်မှတ်လိုက်ကြောင်း စက်တင်ဘာ ၁ရက်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန လက်အောက်ရှိ ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပြန်သည့် ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သည့်  သတင်းလွှာ (၁၅/၂၀၂၃)အရ   သိရ သည်။
အဆိုပါ ထုတ်ပြန်ချက်အရ   ကုန်သွယ်မှုလုပ်ငန်းများ စနစ် တကျ ဆောင်ရွက်နိုင်စေရန် အပါအဝင်တစ်ဖက်နိုင်ငံနှင့် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကာ    မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ကုန်သွယ်မှုတွင် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ မြေပဲဆန်၊   ကြက် သွန်နီ စသည့် လယ်ယာထွက်ကုန်နှင့် စိုက်ပျိုးရေး ထွက်ကုန်ပစ္စည်း များ၊ ရေချို၊ရေငန် ငါးမျိုးစုံ ရေထွက်ပစ္စည်းများကို စစ်တွေကုန်သွယ် ရေးစခန်းမှသာ  တင်ပို့ရမည်ဖြစ်ကြောင်း၊ စက်တင်ဘာ ၄ ရက်မှ စတင်ကာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၃ -၂၀၂၄ဘဏ္ဍာနှစ် ငါးလတာကာလအတွင်း   မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၆ ဒသမ ၉၅၄ သန်းကျော်သာ ရရှိထားကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပြန် ထားသည့် စာရင်းဇယားများအရ သိရသည်။

 

ကိုဇေ