Main menu

Background

မြဝတီကုန်သွယ်ရေးဇုန်မှ ယခုတစ်ပတ်အတွင်း ကုန်သွယ်မှုအခြေအနေ

Tue, 09/26/2023 - 11:45 -- journal_editor

    မြဝတီကုန်သွယ်ရေးဇုန်၏  ၂၀၂၃ ခုနှစ် စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်း ပို့ကုန်တန်ဖိုးအမေရိကန်ဒေါ်လာ ၃ ဒသမ ၁၆၉ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၁၉၀ သန်းဖြစ်၍   ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၈   ဒသမ ၃၅၉ သန်းဖြစ်ကာ  အနီးစပ်ဆုံးကာလနှင့်နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၄၇ သန်းလျော့နည်းပြီး သွင်းကုန်တန်ဖိုး အမေ ရိကန်ဒေါ်လာ သုည  ဒသမ ၉၇၈ သန်းပိုမိုခဲ့ သဖြင့် ကုန်သွယ်မှုပမာဏမှာ တန်ဖိုးအမေရိကန် ဒေါ်လာ ၁ ဒသမ ၄၆၉ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။
    ပို့ကုန်အနေဖြင့်  ယခုတစ်ပတ်တွင် ရေ ထွက်ပစ္စည်းအုပ်စုမှ ယခင်ပတ်ထက် တန်ဖိုး အမေရိကန်ဒေါ်လာ  သုည ဒသမ ဝ၃၅ သန်း တင်ပို့မှုပိုမိုခဲ့သော်လည်း လယ်ယာထွက်ပစ္စည်း အုပ်စုမှ ယခင်တစ်ပတ်ထက် တန်ဖိုးအမေရိကန် ဒေါ်လာ ၁ဒသမ ၆၉၁ သန်း၊  သတ္တုတွင်းထွက် ပစ္စည်းအုပ်စုမှ   တန်ဖိုး    အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၆၈ သန်း၊ စက်မှုကုန်ချောပစ္စည်း အုပ်စုမှ   တန်ဖိုး   အမေရိကန်ဒေါ်လာ  သုည ဒသမ ၃၂၀ သန်း၊ အခြားပစ္စည်းမှ တန်ဖိုး အမေ ရိကန်ဒေါ်လာ သုည  ဒသမ ၃၉၂ သန်း လျော့ နည်းခဲ့သောကြောင့် ပို့ကုန်ပိုင်းတွင် လျော့နည်း ခြင်းဖြစ်သည်။
    သွင်းကုန်အနေဖြင့်   ယခုတစ်ပတ်တွင် ရင်းနှီးမြှုပ်နှံမှုအုပ်စုတွင်  တန်ဖိုး  အမေရိကန် ဒေါ်လာ သုည ဒသမ ၃၉၆ သန်း  လျော့နည်းခဲ့ သော်လည်း လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းအုပ်စု တွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည  ဒသမ ၂၂၈ သန်း၊ လူသုံးကုန်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၁ဒသမ ၁၄၆ သန်း တင် သွင်းမှု  ပိုမိုခဲ့သောကြောင့်  သွင်းကုန်ပိုင်း တင် သွင်းမှုပိုမိုခြင်းဖြစ်သည်။

အိမ့် (DOT)