Main menu

Background

မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ယခုတစ်ပတ်အတွင်း ကုန်သွယ်မှုအခြေအနေ

Tue, 09/26/2023 - 11:46 -- journal_editor

မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်၏  စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၉ ဒသမ ၅၃၄ သန်း၊ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၈၈၅ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၅   ဒသမ ၄၁၉ သန်းဖြစ်သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၈၀ သန်း ၊ သွင်းကုန်တန်ဖိုးအမေရိကန်ဒေါ်လာ ၁ ဒသမ ၈၈၂ သန်းပိုမိုခဲ့သဖြင့် ကုန်သွယ်မှုပမာဏ မှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၃ဒသမ ၃၆၂ သန်း ပိုမိုခဲ့ကြောင်းသိရသည်။
ယခုတစ်ပတ် ပို့ကုန်တင်ပို့မှုတွင် ယခင်တစ်ပတ်ထက် ပဲတီစိမ်း၊ မြေထောက်ပဲ၊ နှမ်းနက်၊ နနွင်းတက်၊ ကြက်သွန်နီ၊ ကွမ်းသီး၊ ရှားကောသီး တင်ပို့မှုလျော့နည်းခဲ့သော်လည်း ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ရော်ဘာ၊ ပဲလွမ်းဖြူ၊ မြေပဲဆန်၊ ဖရဲသီး၊ သီဟိုဠ်စေ့၊ ငါးရှဉ့်၊ ငါးမျိုးစုံနှင့် ခဲသွပ် အရောသတ္တု တင်ပို့မှု ပိုမိုခဲ့ခြင်းကြောင့် ပို့ကုန်ပိုင်းတွင်ပိုမိုရခြင်းဖြစ်သည်။ 
သွင်းကုန် တင်သွင်းမှုအနေဖြင့် ယခင်ပတ်ထက် တယ်လီဖုန်းနှင့် ဆက်သွယ်ရေးပစ္စည်း ကိရိယာများ၊ ရုပ်မြင်သံကြားစက်များ၊ စက်နှင့်စက်ပစ္စည်းများ၊ ဖန်ဆောက်လုပ်ရေး ပစ္စည်းများ၊ သတ္တုကုန်ချော ဆောက်လုပ်ရေးပစ္စည်းများ၊ လျှပ်စစ်ဓာတ် ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ၊ သံနှင့် သံမဏိ ဆောက်လုပ်ရေးပစ္စည်းများ၊ မော်တော်ဆိုင်ကယ် အပိုပစ္စည်းများ၊ စက်ဘီး အပို ပစ္စည်းများ၊ ရေနံထွက်ပစ္စည်းများ၊ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ ဘက်ထရီအခြောက်များ၊ ချုပ်ပြီး အဝတ်အထည်များနှင့်  မီးဖိုးချောင်သုံးပစ္စည်းများ တင်သွင်းမှု လျော့နည်းခဲ့သော်လည်း မော်တော်ယာဉ်နှင့် မော်တော်ယာဉ် ပစ္စည်းများ၊ လေအေးစက်များ၊ တွင်းထွက်(သတ္တုမှအပ)ဆောက်လုပ်ရေးပစ္စည်းများ၊ သံနှင့်သံမဏိ ပစ္စည်းများနှင့် တာယာနှင့် ကျွတ်များ တင်သွင်းမှုပိုမို ခဲ့ခြင်းကြောင့် သွင်းကုန်ပိုင်းတွင် ပိုမိုခြင်းဖြစ်သည်။                                            

   အိမ့် (DOT)