Main menu

Background

တိမ်မြုပ်နေသည့် ကြိမ်ပို့ကုန်

Mon, 10/23/2023 - 15:10 -- journal_editor

ကော့သောင်းကုန်သွယ်ရေးစခန်း၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကုန်သွယ်မှုပမာဏ လျာထားချက်မှာ ပို့ကုန်အမေရိကန်ဒေါ်လာ ၂၅၀ ဒေါ်လာသန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၃၀ ဒေါ်လာသန်း၊ ကုန် သွယ်မှုပမာဏ   အမေရိကန်ဒေါ်လာ ၂၈၀ ဒေါ်လာသန်း ဖြစ်သည်။ ကော့သောင်းကုန်သွယ်ရေးစခန်းအနေဖြင့် ကုန်သွယ်မှုပမာဏ လျာထား ချက် ပြည့်မီကျော်လွန်စေရေးအတွက် ဥညန ှအသစ ှနမလငခနျ ဌာနများ၊ မိတ် ဖက်ဌာနများ၊ ဆက်စပ်ဌာနများ၊ ကုန်သည်လုပ်ငန်းရှင်များ၊ ကုမ္ပဏီ ကိုယ်စားလှယ်များဖြင့် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းထားရှိသည်။ ပို့ကုန်  တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ဝန်ထမ်း များအနေဖြင့် အသေးအဖွဲဟူ၍မရှိ အရာရာကို အလေးအနက်ထား၍ လုပ်ငန်း တာဝန်များကို နေ့မနား၊ ညမအား ကြိုးစားဆောင်ရွက်လျက်ရှိ သည်။
ကော့သောင်းကုန်သွယ်ရေးစခန်းမှ ကြိမ်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်တွင် ခြောက်တန်၊ အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၀၃ သန်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၀၈ သန်း ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တင်ပို့မှု လုံးဝပျောက်ကွယ်ခဲ့ပြီး ကော့သောင်းကုန်သွယ် ရေးစခန်းမှ  တင်ပို့နေတဲ့ ကြိမ်များသည် တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ် ကြိမ်နည်းတောင်၊ ကြိမ်နီတောင်၊ ကရ သူရိကျွန်းများမှ ထွက်ရှိပါတယ်။ ကြိမ်ကို ပျောက်ကွယ်နေရာမှ  အောက် တိုဘာ ၈ ရက်တွင် ကော့သောင်းကုန်သွယ်ရေးစခန်းမှ တန်ချိန်အားဖြင့် ၅၉ တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၀ဝ၀ ဖိုးကို အမည်သစ် ပို့ကုန်အဖြစ် ပြန်လည်တင်ပို့နိုင်ခဲ့ပါတယ်။
ကြိမ်ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ် တွင် တင်ပို့မှုပျောက်ကွယ်ခဲ့ရာမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အောက်တို ဘာလတွင် တိမ်မြုပ်နေသည့် ကြိမ်ပို့ကုန်အား ပြန်လည်တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။            
 ဆက်လက်၍လည်း ကော့သောင်းကုန်သွယ်ရေးစခန်းမှ တစ်ဖက် ထိုင်းနိုင်ငံသို့ ကြိမ်တင်ပို့မှု အလားအလာကောင်းများရှိကြောင်း သိရသည်။
                 

 

ကော့သောင်းကုန်သွယ်ရေးစခန်း