Main menu

Background

ကံပိုင်တည် ကုန်သွယ်ရေးစခန်း၏ ပို့ကုန် ကဏ္ဍ

Tue, 11/07/2023 - 12:07 -- journal_editor

           ကံပိုင်တည်ကုန်သွယ်ရေးစခန်းကို ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဝိုင်းမော် မြို့နယ် ကံပိုင်တည်မြို့တွင် ၂၀ဝ၃ခုနှစ် ဒီဇင်ဘာ ၂၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀ဝ၆ ခုနှစ် ဇွန် ၁၄ ရက်တွင် အခြေအနေအရပ်ရပ်ကြောင့် ယာယီရုပ်သိမ်းခဲ့ရသည်။ ကံပိုင်တည်ကုန်သွယ်ရေးစခန်းအား အဆင့်မြှင့်တင်ဖွင့်လှစ်ပေးရန် တရုတ်နိုင်ငံ ဘက်မှ တောင်းဆိုလာသဖြင့် နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် ၂၀ဝ၉ ခုနှစ်  သြဂုတ်  ၁ ရက်တွင် နိုင်ငံတော်အဆင့်စခန်းအဖြစ် တရားဝင်ပြန်လည်ဖွင့်လှစ်၍ တရုတ် နိုင်ငံနှင့် ပို့ကုန်၊ သွင်းကုန် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် အဓိကတင်ပို့သည့် ပို့ကုန်ပစ္စည်းမှာ ကချင်ပြည်နယ် အတွင်း စိုက်ပျိုးထွက်ရှိသော တစ်သျှူးငှက်ပျောဖြစ်သည်။
        ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ အဓိကပို့ကုန်ပစ္စည်း တစ်သျှူးငှက်ပျော တင်ပို့နိုင်မှုအနေနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပို့ကုန်တင်ပို့နိုင်မှု စုစုပေါင်း တန်ဖိုး၏ ၉၇ ရာခိုင်နှုန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ၉၈ ရာခိုင်နှုန်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ၉၅ ရာခိုင်နှုန်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ၉၁ ရာခိုင်နှုန်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ၉၅ ရာခိုင်နှုန်း ၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (သြဂုတ်လထိ) တွင် ၉၇ ရာခိုင်နှုန်း အသီးသီးတင်ပို့နိုင်ခဲ့ပြီး ကျန်ကုန်ပစ္စည်းအမယ်များ တင်ပို့နိုင် ခဲ့မှုမှာ ကံပိုင်တည် ကုန်သွယ်ရေးစခန်း ပို့ကုန်တင်ပို့မှု တန်ဖိုးစုစုပေါင်း၏ ၅ ရာခိုင် နှုန်းနီးပါးခန့်သာ တင်ပို့နိုင်ကြောင်း သိရသည်။ ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ အဓိကကုန်ပစ္စည်းဖြစ်သော တစ်သျှူးငှက် ပျောအား ဘိန်းအစားထိုးသီးနှံအနေနှင့် ကချင်ပြည်နယ်အတွင်း နေရာဒေသအနှံ့ စိုက်ပျိုးခဲ့ကြကြောင်း၊ တရုတ်နိုင်ငံအနေဖြင့်လည်း ဘိန်းအစားထိုးသီးနှံအနေနှင့် အခွန်ကင်းလွတ်ခွင့်ပြု၍ တစ်နှစ်ပတ်လုံး တင်သွင်းခွင့်ပြုကြောင်း၊ အဓိက ငှက် ပျောထွက်ရှိရာသီမှာ အောက်တိုဘာမှ မတ်လကုန်အထိဖြစ်ပြီး နေ့စဉ်ငှက်ပျောကား ယာဉ်စီးရေ ၁၀ဝ ကျော် တင်ပို့ကြောင်း သိရှိရပြီး ကျန်ကာလများတွင်မူ နေ့စဉ် ယာဉ်စီးရေ ရှစ်စီးခန့်သာ တင်ပို့ကြကြောင်း သိရှိရသည်။
တစ်သျှူးငှက်ပျောအား ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်အတွင်း တစ်ဖက် တရုတ်နိုင်ငံ  ွဗဃဃ အသိအမှတ်ပြုကုမ္ပဏီ  ၃၂ ခု၊ စုစုပေါင်း တစ်သျှူးငှက်ပျောစိုက် ဧကပေါင်း ၅၁၁၉၃ ဧက စိုက်ပျိုးထုတ်လုပ်ကြပြီး တစ်ဧကလျှင် ၁၀ တန်နှုန်း ထွက်ရှိသဖြင့် နှစ်စဉ် စုစုပေါင်းတန်ချိန် ငါးသိန်းကျော် ထွက်ရှိတင်ပို့နိုင်ကြောင်း သိရသည်။ အစေ့ထုတ်ပြောင်းအား ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်တွင် ၅၂၉၈၄ ဧကစိုက်ပျိုးပြီး ထွက်ရှိမှုမှာ ၅၈၄၁၃တန်ဖြစ်သည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အတွင်း ဘိန်းအစားထိုးသီးနှံအနေဖြင့် ကိုတာတိုးမြှင့်သတ်မှတ် တင်သွင်းခွင့်ပြုရေး နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေး ဆောင်ရွက်လျက်ရှိသဖြင့် ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ပို့ကုန်တင်ပို့မှု ပိုမိုလာမည်ဖြစ်သည်။ 
ထို့ပြင် ကချင်ပြည်နယ်ဒေသအတွင်း တူးဖော်ထုတ်လုပ်သော သံသတ္တုရိုင်းတင်ပို့နိုင်မှုအနေဖြင့်လည်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (သြဂုတ်လထိ) ၃၂၀၃ တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ  သုညဒသမ ၆၉၃ သန်းတင်ပို့နိုင်ခဲ့ပြီး မိုးကာလကုန်ဆုံး သည်နှင့် ကုမ္ပဏီနှစ်ခုမှ ထပ်မံ၍ တန်ချိန် ၁၀ဝ၀ဝ ခန့် တင်ပို့နိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသဖြင့် ပို့ကုန်တင်ပို့မှု ပိုမိုလာမည်ဖြစ်ကြောင်း သိရှိရသည်။
ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ အဓိကတင်ပို့လျက်ရှိသည့် ကုန်ပစ္စည်း များမှာ ကချင်ပြည်နယ်ဒေသအတွင်း စိုက်ပျိုးထွက်ရှိသော တစ်သျှူးငှက်ပျော၊ ငရုတ်သီး၊ ပြောင်း၊ ဖရဲသီး၊ ဖရုံသီးတို့နှင့် ကချင်ပြည်နယ်ဒေသတွင်း တူးဖော်ထုတ် လုပ်ရရှိသော သံသတ္တုရိုင်းတို့ဖြစ်သဖြင့် ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေး ဌာနဆိုင်ရာများ၊ ကုမ္ပဏီ၊ ကုန်သည်လုပ်ငန်းရှင်များ၊ အသင်း အဖွဲ့များအားလုံး  တက်ညီလက်ညီ  ဝိုင်းဝန်းကြိုးစားဆောင်ရွက်ခြင်းဖြင့် ကချင် ပြည်နယ်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး  နိုင်ငံတော်၏ စီးပွားရေး ဦးတည်ချက်ဖြစ်သော တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာဖူလုံရေး အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေး မြူရေးကိုခေတ်မီနည်းစနစ်ဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးကိုလည်း အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရ ပါသည်။                                                                                        

 

  မောင်မောင်လွင်