Main menu

Background

မြဝတီကုန်သွယ်ရေးဇုန်၏ ဒီဇင်ဘာလအတွင်း ကုန်သွယ်မှုအခြေအနေ

Mon, 01/15/2024 - 11:56 -- journal_editor

မြဝတီကုန်သွယ်ရေးဇုန်၏ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိ လုပ်ငန်းဆောင်ရွက်မှုမှာ  ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၆ ဒသမ ၈၁၉ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၆၉၉ သန်းဖြစ်၍ ကုန်သွယ်မှု ပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၅၁၈ သန်း ဖြစ်သည်။
ယခင်နှစ်ဘဏ္ဍာနှစ် ကာလတူလုပ်ငန်းဆောင်ရွက်မှု နှင့်နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၉၅၂ သန်း၊ သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေရိကန် ဒေါ်လာ ၄၃ ဒသမ ၂၃၇ သန်း လျော့နည်းခဲ့သောကြောင့်  ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၇၃ ဒသမ ၁၈၉ သန်းလျော့နည်းခဲ့ကြောင်း သိရသည်။  
ပို့ကုန်ပိုင်းတွင် လျော့နည်းရခြင်းမှာ သတ္တုတွင်းထွက် ပစ္စည်းအုပ်စုတွင်  တင်ပို့မှု ပိုမိုခဲ့သော်လည်း လယ်ယာထွက် ကုန်ပစ္စည်းအုပ်စု၊ ရေထွက်ပစ္စည်းအုပ်စု၊ စက်မှုကုန်ချော ပစ္စည်းအုပ်စုနှင့် အခြားပစ္စည်းအုပ်စုတွင် တင်ပိုမှုလျော့နည်း ခဲ့ခြင်းကြောင့်ဖြစ်သည်။ သွင်းကုန်ပိုင်းတွင် လျော့နည်းရခြင်း မှာ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန် ၄ဒသမ ၅၂၅သန်း၊  လုပ်ငန်းသုံးကုန်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၉ဒသမ ၆၄၀ သန်း၊ လူသုံးကုန်ပစ္စည်း အုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၂၉ ဒသမ ဝ၇၂ သန်း လျော့နည်းခဲ့ခြင်းကြောင့်ဖြစ်သည်။ 
အနီးစပ်ဆုံးကာလထက် ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၉၃၁ သန်း၊ သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၆၃ဒသမ ၉၆၃ သန်း လျော့နည်းခဲ့သဖြင့် ကုန်သွယ်မှုပမာဏအနေဖြင့်  တန်ဖိုး အမေရိကန်ဒေါ်လာ ၇၇ဒသမ ၈၉၄ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။ 
ပို့ကုန်ပိုင်းတွင် လျော့နည်းရခြင်းမှာ လယ်ယာထွက် ကုန်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ စက်မှု ကုန်ချောပစ္စည်းနှင့် အခြားပစ္စည်းတို့တင်ပို့မှု လျော့နည်းခဲ့ ခြင်းကြောင့်ဖြစ်သည်။ သွင်းကုန်ပိုင်းတွင် လျော့နည်းရခြင်း မှာ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံး ကုန်ကြမ်း ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ တင်သွင်းမှု လျော့နည်း ခဲ့ခြင်းကြောင့်ဖြစ်သည်။                                    အိမ့် (ီဥွှ)