Main menu

Background

ကော့သောင်းကုန်သွယ်ရေးစခန်း၏ ဒီဇင်ဘာလအတွင်း ကုန်သွယ်မှုအခြေအနေ

Mon, 01/15/2024 - 11:59 -- journal_editor

ကော့သောင်း  ကုန်သွယ်ရေးစခန်း၏ ဒီဇင်ဘာလ အတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၂ဒဿမ ၅၇၂ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃ဒသမ ၁၇၀ သန်း ကုန်သွယ်မှုပမာဏအနေဖြင့်  တန်ဖိုး  အမေရိကန် ဒေါ်လာ ၂၅ ဒသမ ၇၄၂ သန်းဖြစ်သည်။  
ကာလတူလုပ်ငန်းဆောင်ရွက်မှုနှင့်  နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုးအမေရိကန်ဒေါ်လာ ၆ ဒသမ ၅၄၄ သန်း၊ သွင်းကုန်ပိုင်းတွင် တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၆၁၄ သန်းပိုမိုခဲ့သဖြင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုးအမေရိကန်ဒေါ်လာ ၇ ဒသမ ၁၅၈ သန်းပိုမိုခဲ့ကြောင်း သိရသည်။  
ပို့ကုန်ပိုင်းတွင် ကာလတူထက် ပိုမိုခြင်းမှာ လယ်ယာ ထွက်ပစ္စည်းအုပ်စုတွင် တင်ပို့မှု  လျော့နည်းခဲ့သော်လည်း ရေ ထွက်ပစ္စည်းအုပ်စုနှင့် အခြားပစ္စည်းအုပ်စုတို့တင်ပို့မှု ပိုမိုခြင်း ကြောင့်ဖြစ်သည်။  
သွင်းကုန်ပိုင်းတွင်  ပိုမိုရခြင်းမှာ လုပ်ငန်းသုံးကုန်ပစ္စည်း အုပ်စုတွင် တင်သွင်းမှုလျော့နည်းခဲ့သော်လည်း ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းအုပ်စုနှင့် လူသုံးကုန်ပစ္စည်းတို့ တင်သွင်းမှုပိုမိုခဲ့ ခြင်းကြောင့်ဖြစ်သည်။
အနီးစပ်ဆုံးကာလဖြစ်သော ယခင်လနှင့်နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး  အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၆၄ သန်း ပိုမိုခဲ့ပြီး သွင်းကုန်ပိုင်းတွင် တန်ဖိုးအမေရိကန်ဒေါ်လာ သုညဒသမ ၃၉၃ သန်းပိုမိုခဲ့ကြောင်းသိရသည်။ 
ပို့ကုန်ပိုင်းတွင် ပိုမိုရခြင်းမှာ လယ်ယာထွက်ကုန်ပစ္စည်း အုပ်စုတွင် သီဟိုဠ်စေ့၊  ရေထွက်ပစ္စည်းအုပ်စုတွင် ငါးမျိုးစုံ၊ ကင်းမွန်၊ ကဏန်းနှင့် အခြားရေထွက်ပစ္စည်း၊ အခြားပစ္စည်း အုပ်စုတွင် ငါးဖယ်ပိုက်အသေးစားတို့ ပိုမိုခဲ့ခြင်းကြောင့်ဖြစ် သည်။ သွင်းကုန်ပိုင်းတွင် အနီးစပ်ဆုံးထက် ပိုမိုခြင်းမှာ ရင်းနှီးမြှုပ်နှံမှုပစ္စည်းအုပ်စုတွင် ငါးဖမ်းပိုက်ကွန်များ၊ တွင်းထွက် ဆောက်လုပ်ရေးပစ္စည်း၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်း များ၊ လေအေးစက်များ၊ ဝါယာကြိုးများ၊ လူသုံးကုန်ပစ္စည်း အုပ်စုတွင် ဆေးဝါးပစ္စည်းများ၊ ချည်ထည်များ၊ အပ်ချည်ကြိုး များ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် အခြားပစ္စည်းများ ပိုမို တင်သွင်းခဲ့ခြင် တို့ကြောင့် ယခင်လထက်ပိုမိုခြင်းဖြစ်သည်။ 

 

အိမ့်(DOT)