Main menu

Background

မြဝတီကုန်သွယ်ရေးဇုန်၏ တစ်ပတ်အတွင်း ကုန်သွယ်မှုအခြေအနေ

Mon, 04/01/2024 - 10:40 -- journal_editor

မြဝတီကုန်သွယ်ရေးဇုန် ၏ ၂၀၂၄ ခုနှစ် မတ် ၁၆  ရက်မှ ၂၂ ရက်ထိ လုပ်ငန်းဆောင်ရွက်မှုမှာ  ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၆ ဒသမ ၄၀၈ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၄၂၁ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၈၂၉  သ န်းဖြစ်သည်။
အနီးစပ်ဆုံးကာလဖြစ်သော ယခင်တစ်ပတ် လုပ်ငန်းဆောင်ရွက်မှုနှင့်နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင်  တန်ဖိုး အမေရိကန် ဒေါ်လာ ၁ ဒသမ ၉၄၄ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၃၅၇ သန်းပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏ အနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၃၀၁ သန်းပိုမိုခဲ့သည်။ 
ယခုတစ်ပတ် ပို့ကုန်ပိုင်းတွင်ပိုမိုခြင်းမှာ အခြားပစ္စည်းအုပ်စုမှ တင်ပို့မှု လျော့နည်းခဲ့သော်လည်း လယ်ယာထွက်ပစ္စည်း အုပ်စု၊ ရေထွက်ပစ္စည်းအုပ်စု၊ သတ္တုတွင်းထွက်ပစ္စည်းအုပ်စုနှင့် စက်မှုကုန်ချောပစ္စည်းအုပ်စုတို့ တင်ပို့မှုပိုမိုခဲ့ခြင်းကြောင့်ဖြစ် သည်။ သွင်းကုန်အနေဖြင့် ယခုပတ်တွင်  ပိုမိုခြင်းမှာ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၇၆ သန်း၊  လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဒသမ ၆၅၇ သန်းနှင့် လူသုံးကုန် ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၄ဒသမ ၅၂၄ သန်း ပိုမိုတင်သွင်းခဲ့ခြင်းကြောင့်ဖြစ်သည်။          

   အိမ့် (DOT)