Main menu

Background

တာချီလိတ်ကုန်သွယ်ရေးစခန်း၏ တစ်ပတ်အတွင်း ကုန်သွယ်မှုအခြေအနေ

Mon, 04/01/2024 - 10:42 -- journal_editor

တာချီလိတ်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ ခုနှစ် မတ် ၁၆ ရက်မှ ၂၂ ရက်ထိ လုပ်ငန်းဆောင်ရွက်မှုမှာ  ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၂ ဒသမ ၉၉၈ သန်း၊ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ဝ၈၆ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန် ဒေါ်လာ ၅ ဒသမ ဝ၈၄  သန်း ဖြစ်သည်။
အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုညဒသမ ၁၃၅ သန်းလျော့နည်းပြီး သွင်းကုန် တွင် တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ဝ၇၁ သန်း ပိုမိုခဲ့သော ကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၆၄ သန်း လျော့နည်းခဲ့သည်။ 
ပို့ကုန်ပိုင်း တွင် ယခင်ပတ်ထက် ကော်ဖီစေ့၊ လက်ဖက်ခြောက်၊ ငရုတ်သီးခြောက်၊ ဗမသာအေငခ ွငညါနမ၊  စကျင်ကျောက်၊ စက္ကူဖြတ်စ ပိုမိုတင်ပို့ခဲ့သော်လည်း ပြောင်း၊ လိမ္မော်သီး၊ ကြက်သွန်နီ၊ ထောပတ် သီး၊ တံမြက်စည်းနှင့် ပလတ်စတစ်ဖြတ်စတို့ လျော့နည်းတင်ပို့ခဲ့ခြင်း ကြောင့် ပို့ကုန်ပိုင်းတွင် လျော့နည်းရခြင်းဖြစ်သည်။
ယခင်ပတ်ထက်  သွင်းကုန်ပိုင်းတွင် ပိုမိုခြင်းမှာ မော်တော်ယာဉ် နှင့် မော်တော်ယာဉ်ပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ သုတ် ဆေး၊ ပေါလစ်များ၊ အခြားပစ္စည်းများ လျော့နည်းတင်သွင်းခဲ့သော် လည်း ဘိလပ်မြေ၊ စက်နှင့်စက်ပစ္စည်း၊ ရေနံထွက်ပစ္စည်းများ၊ ပလတ် စတစ်ကုန်ကြမ်းပစ္စည်းများ၊ အခြားစက္ကူများ၊ တာယာနှင့်ကျွတ်များ၊ ဆပ်ပြာ၊   မီးဖိုချောင်သုံးပစ္စည်းများ  ပိုမိုတင်သွင်းခဲ့ခြင်းကြောင့် ဖြစ်သည်။ 

 

အိမ့် (DOT)