Main menu

Background

ဧရာဝတီတိုင်းဒေသကြီး၌  မတ်ပဲဈေး ဆက်ကျနေ

Tue, 01/03/2023 - 12:43 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး၌ မတ်ပဲအသစ်များ ဈေးကွက်အတွင်း အဝင်ရှိနေပြီး ပေါ်ခါစရက်ပိုင်းအတွင်း တစ်တင်းဈေးနှုန်း ကျပ် ၆၀ဝ၀ဝ ရရှိခဲ့သော်လည်း နောက်ရက်များတွင် တဖြည်းဖြည်း ဈေးကျဆင်းလာ သည်။ မတ်ပဲအသစ် ဈေးကျလာသည်နှင့်အမျှ မတ်ပဲဟောင်းဈေးနှုန်းက လည်း ကျပ် ၁၀ဝ၀ ဝန်းကျင်  ဈေးအကွာဖြင့် ဈေးနှုန်းလိုက်ကျဆင်းနေ သည်။
တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် မတ်ပဲဈေးနှုန်းများမှာ ဒီဇင်ဘာ ၁၇ ရက်တွင် မတ်ပဲသစ် တစ်တင်းဈေးနှုန်း ကျပ် ၅၈၀ဝ၀ နှင့် မတ်ပဲ ဟောင်း တစ်တင်းဈေးနှုန်း ကျပ် ၅၇၀ဝ၀၊ ၁၉ ရက်နှင့် ၂၀ရက်များတွင် မတ်ပဲသစ် ဈေးနှုန်း  ကျပ် ၅၇၀ဝ၀ နှင့်  မတ်ပဲဟောင်းဈေးနှုန်း ကျပ် ၅၆၀ဝ၀၊ ၂၁ ရက်တွင် မတ်ပဲသစ် ကျပ် ၅၈၀ဝ၀ နှင့် မတ်ပဲဟောင်း ကျပ် ၅၇၀ဝ၀၊ ၂၂ ရက်တွင် မတ်ပဲသစ် ကျပ် ၅၇၀ဝ၀ နှင့် မတ်ပဲဟောင်း ကျပ် ၅၆၀ဝ၀၊ ၂၃ ရက်တွင် မတ်ပဲသစ် ကျပ် ၅၇၀ဝ၀ နှင့် မတ်ပဲဟောင်း ကျပ် ၅၆၅၀ဝ၊ ၂၄ ရက် တွင် မတ်ပဲသစ် ကျပ် ၅၆၅၀ဝ နှင့် မတ်ပဲဟောင်း ကျပ် ၅၆၀ဝ၀၊ ၂၆ ရက်တွင် မတ်ပဲသစ် ကျပ် ၅၅၇၀ဝ နှင့် မတ်ပဲဟောင်း ကျပ် ၅၅၅၀ဝ အသီးသီး ဖြစ်ခဲ့သည်။
အခြားပဲအမျိုးအစားများထဲတွင်လည်း ယခုရက်ပိုင်းမှာ ပဲတီစိမ်း အနီက ယခင်တစ်တင်း ဈေးနှုန်း ကျပ် ၉၀ဝ၀ဝ အထက်ကနေ ယခုဈေး နှုန်း ကျပ် ၉၀ဝ၀ဝ အောက် ကျဆင်းသွားပြီး ကျန်ပဲအမျိုးအစားများမှာ ဈေးငြိမ်နေသည်။ မတ်ပဲ တစ်မျိုးတည်းသာ တဖြည်းဖြည်း ဈေးအကျဘက် ကို ဦးတည်နေသည်။
အဓိက မတ်ပဲဈေးကွက်ဖြစ်သည့် အိန္ဒိယနိုင်ငံ၌ ချန်နိုင်းဈေးကွက် မှာ မတ်ပဲဈေး ကျဆင်းနေကြောင်း သိရသည်။ ခရစ္စမတ်နှင့် နှစ်သစ်ကူး ပိတ်ရက်များကြောင့် အရောင်းအဝယ် ကျဆင်းနေပြီး မြန်မာဘက်က လည်း မတ်ပဲရောင်းလိုအား ကျနေသည်။ ဒီဇင်ဘာလအထိ ချန်နိုင်း ဆိပ်ကမ်းကို မတ်ပဲဝင်ရောက်မှုက တန်ချိန် ၃၁၀ဝ၀ ဖြစ်သည်။ တင်သွင်း သမျှ မတ်ပဲအားလုံးသည်လည်း ဈေးကွက်ထဲ တန်းရောက်ပြီး ဝယ်လိုအား ကောင်းနေကြောင်း သိရသည်။
မြန်မာဘက်က မတ်ပဲအသစ်သည် မတ်လခန့်မှစတင်ပြီး အိန္ဒိယသို့  တင်သွင်းနိုင်ကြောင်း ခန့်မှန်းထားပြီး မတ်ပဲဟောင်းမှာ လက်ကျန်နည်း နေသည့်အတွက် မြန်မာကုန်သည်များဘက်က ဈေးအနိမ့်ဖြင့် ရောင်းချလိုခြင်းမရှိကြောင်း Agri World Mumbai က ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံအတွက် နောက်ထပ် ၁၀ လအတွင်း မတ်ပဲလိုအပ်ချက် တွက်ချက်မှုအရ မိုးစိုက်မတ်ပဲ လက်ကျန် တန်ချိန် ၆-၇ သိန်း၊ ဆောင်း မတ်ပဲ တန်ချိန် ၃-၃ ဒသမ ၅ သိန်း၊ပြည်ပကနေ တင်သွင်းရမှာက တန်ချိန် ၅-၆သိန်း၊ စုစုပေါင်း တန်ချိန် ၁၆-၁၆ ဒသမ ၅ ရှိမည်ဟု ခန့်မှန်းကြောင်း Agri World Mumbai က ဖော်ပြထားသည်။
ဧရာကုန်သွယ်မှုဗဟိုဌာန