ရှမ်းပြည်နယ်(မြောက်ပိုင်း) "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့တွင် စီးပွားဖြစ်ပဲသီးများ စိုက်ပျိုးတင်ပို့ရောင်းချလျက် ရှိသည်။ အဆိုပါပဲသီးများကို တစ်နှစ်လျှင် နှစ်ကြိမ် စိုက်ပျိုးလျက်ရှိပြီး စိုက်ခင်းထဲတွင် နေ့စဉ်မပြတ် ရေသွင်း ၍သော်လည်းကောင်း၊ ရေပန်းဖြင့်ဖျန်း၍သော် လည်းကောင်း စိုက်ပျိုးလျက်ရှိသည်။ ၎င်းပဲသီးများကို ဂုန်နီအိတ်ထဲတွင် စနစ်တကျ ထည့်သွင်းပြီး တစ်အိတ်လျှင် ၁၀ဝ ကီလိုဂရမ်ကို ယွမ် ၁၀ဝ ဖြင့် တရုတ်ပြည်သို့ တင်ပို့ရောင်းချ လျက်ရှိသည်။
၂၀၂၀ပြည့်နှစ်မှ ၂၀၂၂ခုနှစ်အတွင်း ကိုဗစ်(၁၉)ရောဂါ အခြေအနေများကြောင့် တရုတ်ပြည် နယ်စပ်ဂိတ်များ ပိတ်ပင်ထားသဖြင့် စီးပွားဖြစ်ပဲသီးစိုက်ပျိုးသည့် တောင်သူများမှာ ဆုံးရှုံးမှုများစွာရှိခဲ့ကြောင်း၊ ယခုနှစ်တွင် တရုတ်ပြည်နယ်စပ် ဂိတ်များ ပြန်လည်ဖွင့်လစ်မည့် သတင်းများကြောင့် စိုက်ပျိုးသည့် တောင်သူများအနေဖြင့် ပြန်လည်အဆင်ပြေနိုင်မည့် အလားအလာများ တွေ့ရကြောင်း သိရှိရသည်။ ဆမ်ပလိပ် (စားသုံးသူရေးရာဦးစီးဌာန၊ ဟိုပန်မြို့)
Background