Main menu

Background

ဆန်စက် အဆင့်မြှင့်တင်မှုကြောင့် ဆန်စပါးဈေးကွက်ဈေးကောင်းရရှိ

Mon, 12/04/2023 - 11:53 -- journal_editor

ပန်းတနော်မြို့နယ်သည် ကျေးရွာအုပ်စု ၅၂ အုပ်စုရှိပြီး စပါးစိုက်ပျိုးထုတ်လုပ်မှုသည် ဒေသစီးပွားရေး၏  ၇၀ ရာခိုင် နှုန်းခန့်ရှိကြောင်း လေ့လာသိရှိရပြီး  စိုက်ပျိုးထုတ်လုပ်ပြီးစပါး များ အရည်အသွေးကောင်းဆန်များ  ရရှိရေးသည်လည်း ဆန် စက်များ၏  ဆန်စက်အဆင့်မြှင့်တင်မှုအပေါ် တွင် မူတည် လျက်ရှိသည်။
ပန်းတနော်မြို့နယ်  မြသိန်းတန် (၂) ဆန်စက်သည် ပန်းတနော်မြို့နယ်မှထွက်ရှိသော ဆင်းသုခစပါးနှင့် ကရင်မ စပါးများကို ဝယ်ယူကြိတ်ခွဲလျက်ရှိပြီး ဆင်းသုခစပါး တင်း  ၁၀ဝ လျှင် ကျပ် ၁၈၇၀ဝ၀ဝ နှင့် ကရင်မစပါး တင်း ၁၀ဝ လျှင် ကျပ်  ၁၈၂၀ဝ၀ဝ ဖြင့်ဝယ်ယူပြီး စပါးများကို ဆန်စက်ကြိတ်ခွဲ ရန် သင့်လျော်သော အစိုဓာတ်အထိ အခြောက်ခံပြီး ဆန်ကွဲ၊ ဖွဲ၊ မျိုးကွဲများပါ ခွဲထုတ်သည့် အဆင့်မြင့် ဆန်စက်တစ်ခုအဖြစ် တည်ဆောက်ခဲ့ပြီး  ထွက်ရှိလာသော ဆန်များမှ ထိပ်စ၊ အလတ်စနှင့် အနိမ့်စများကိ  အလိုက်အလျောက် သီးခြားစီ ခွဲခြားထွက်ရှိပြီး ဆန်သား ၇၅ ရာခိုင်နှုန်းနှင့် ဆန်သား  ၉၀ ရာခိုင်နှုန်း အထိထွက်ရှိအောင် ကြိတ်ခွဲနိုင်သော အဆင့်မြှင့် ဆန်စက်ဖြစ်ကြောင်း ဆန်စက်ပိုင်ရှင်က  ပြောကြားခဲ့သည်။
ဆန်ဈေးကွက်အနေဖြင့် ဆင်းသုခ စပါးများ ကြိတ်ခွဲ ရရှိသော ဧည့်မထဆန်အလတ်စများကို  ပန်းတနော်နှင့် ကျောင်းကုန်းဒေသများအထိ ဖြန့်ချိလျက်ရှိပြီး ကရင်မစပါး များမှ ကြိတ်ခွဲ ထုတ်လုပ်ရရှိသော ဆန်များ၊ ထိပ်စဆန်များကို  ကုမ္ပဏီသို့တင်ပို့ပြီး ပိုလျှံသောဆန်များကို ရန်ကုန်   ဘုရင့် နောင်ဈေးကွက်သို့  တင်ပို့လျက်ရှိသည်။
မြသိန်းတန်(၂)  ဆန်စက်သည် ပန်းတနော်မြို့နယ်ရှိ တောင်သူများအတွက် အရည်အသွေးကောင်းစပါးများ စိုက် ပျိုးထုတ်လုပ် ရောင်းချနိုင်ရေး၊  ဝင်ငွေတိုးတက်စေရေးနှင့် စပါးမျိုးကောင်းမျိုးသန့်ဖြစ်ပါက ဈေးပိုမိုရရှိကြောင်းကို စပါး  အမျိုးအစားအလိုက် ဈေးနှုန်းကွဲပြားစွာ ဝယ်ယူမှုနှင့် မိမိဆန် စက်မှထွက်ရှိသော ဆန်များကိုလည်း အရည်အသွေးအလိုက် ထိပ်စ၊ အလတ်စ၊ အနိမ့်စ၊ ဆန်၊ ဆန်ကွဲ၊ ဖွဲ စသည်ဖြင့် အရည် အသွေးအလိုက်  ဈေးကွက်ရရှိ ဈေးကောင်းရရှိနေမှုသည် ဆန်စက်အဆင့် မြှင့်တင်မှုကြောင့် ဆန်စပါးဈေးကွက် ဈေး ကောင်းရရှိနေကြောင်း ရေးသားတင်ပြအပ်ပါသည်။

Consumer MT