Main menu

Background

ပြည်ခရိုင်ရှိ ဆီထွက်သီးနှံ စိုက်ပျိုးထွက်ရှိမှုနှင့်ဈေးနှုန်းဈေးကွက်အခြေအနေ

Mon, 10/07/2024 - 11:29 -- journal_editor

ပြည်ခရိုင်တွင် ဆီထွက်သီးနှံများ ဖြစ်သော နှမ်းနှင့် မြေပဲသီးနှံများမှာ စက်တင်ဘာလတွင် သီးနှံများ လှိုင်လှိုင် ပေါ်ထွက်လာ၍   အရောင်းအဝယ် လည်း ဖြစ်လျက်ရှိသည်။
မိုးနှမ်းသီးနှံ
မိုးနှမ်းကို မေလနှင့် ဇွန်လတို့ တွင်စိုက်ပျိုးပြီး သြဂုတ်လတွင် စတင် ထွက်ပေါ်လာပြီဖြစ်သည်။  ပြည်ခရိုင် အနေဖြင့် မိုးနှမ်းစိုက် ဧကမှာ  ၂၇၈၈၄ ဧက စိုက်ပျိုးခဲ့ပြီး တစ်ဧကအထွက်နှုန်း အနေဖြင့် ပျမ်းမျှ ၁၄ဒသမ ၅၀ တင်း ထွက်ရှိကြောင်း သိရသည်။ မိုးနှမ်း တစ် ဧက စိုက်ပျိုးထုတ်လုပ် ကုန်ကျစရိတ် အနေဖြင့် ကျပ်ငါးသိန်းကျော် ကုန်ကျ ကြောင်း သိရသည်။ ဈေးနှုန်းအနေဖြင့် စက်တင်ဘာလ   နောက်ဆုံးပတ်တွင် နှမ်းနီ တစ်တင်းလျှင် ကျပ် ၁၁၃၀ဝ၀၊ နှမ်းနက် တစ်တင်းလျှင်  ကျပ် ၁၇၃၀ဝ၀ နှင့် စမုန်နက်နှမ်း တစ်တင်းလျှင် ကျပ် ၂၀ဝ၀ဝ၀ ဖြင့်   အရောင်းအဝယ်ဖြစ် လျက်ရှိသည်။ 
ဈေးကွက်အနေဖြင့် ပြည်ဈေး ကွက်သို့ ပြည်ဒေသရှိ ကျေးရွာများမှ ထွက်ရှိသော နှမ်းများအပြင် နယ်မြို့ များဖြစ်သော ရွှေတောင်၊ ပေါက်ခေါင်း၊ ပန်းတောင်းနှင့် ကံမဘက်မှ နှမ်းအိတ် များ နေ့စဉ် တစ်ရက်လျှင် အိတ် ၅၀ဝ ကျော် ဝင်ရောက်မှုရှိသည်။
ထိုသို့  ဝင်ရောက်လာသော မိုး နှမ်းများကို  မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့တို့ မှ ဝယ်ယူမှုရှိ၍ တစ်ရက်လျှင် အိတ် ၉၀ဝ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိ သည်။ နှမ်းနီမှာဒေသတွင်းသာ အရောင်း အဝယ်ဖြစ်၍ ဈေးအနည်းငယ် ကျဆင်း လာပြီး နှမ်းနက်နှင့် စမုန်နက်နှမ်းမှာ  အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များ က  ဝယ်ယူမှုရှိ၍ ဈေးမြင့်တက်လာ ကြောင်း သိရသည်။
မိုးမြေပဲ
မိုးမြေပဲမှာ ဇွန်လတွင်စိုက်ပျိုးပြီး သြဂုတ်လတွင်   စတင်ထွက်ပေါ်လာ သည်။ ပြည်ခရိုင်အနေဖြင့် မိုးမြေပဲစိုက် ဧကမှာ ၄၀၇၅၂ ဧကစိုက်ပျိုး၍ ၄၆၅၆ ဧက ရိတ်သိမ်းနိုင်ခဲ့ပြီး တစ်ဧကအထွက် နှုန်းအနေဖြင့် ပျမ်းမျှ ၅၆  ဒသမ  ၄၄ တင်း ထွက်ရှိကြောင်း သိရသည်။
မိုးမြေပဲတစ်ဧက စိုက်ပျိုးထုတ် လုပ်   ကုန်ကျစရိတ်အနေဖြင့်   ကျပ် ၇၆၀ဝ၀ဝ ကျော် ကုန်ကျကြောင်း သိရ သည်။ ဈေးနှုန်းအနေဖြင့် စက်တင်ဘာ လ နောက်ဆုံးပတ်တွင် ဆီဆန် (အဖြူ)တစ်ပိဿာလျှင် ကျပ် ၇၄၀ဝ၊  ဆီဆန် (အနီ)တစ်ပိဿာလျှင်   ကျပ် ၇၂၀ဝ၊ လုံးဆန်(အဖြူ) တစ်ပိဿာလျှင် ကျပ် ၈၄၀ဝ ၊ လုံးဆန်(အနီ)တစ် ပိဿာလျှင် ကျပ် ၈၁၀ဝ ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိသည်။   ဈေးကွက်အနေဖြင့် ပြည်ဈေးကွက်သို့ မိုးမြေပဲများကို ပြည် ဒေသရှိ  ကျေးရွာများ၊ ပေါက်ခေါင်း၊ ရွှေတောင်မှ တစ်ရက်လျှင် ၂၅ ပိဿာ ဝင်အိတ် ၁၀ဝ၀ကျော် ဝင်ရောက်မှုရှိ သည်။ ထိုသို့ ဝင်ရောက်လာသော မိုး မြေပဲများကို မန္တလေးတိုင်းဒေသကြီးနှင့် အောင်လံမြို့တို့မှ ဝယ်ယူမှုရှိ၍ တစ် ရက်လျှင်  အိတ် ၁၀ဝ၀ ခန့် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ ဒေသတွင်း ဆီစက်လုပ်ငန်းရှင်များက     အဝယ်ရှိ သလို   ပဲလှော်ဖို   သမားများကလည်း ဝယ်ယူမှုရှိသည်။ မြေပဲဆီဈေးမှာ တစ် ပိဿာလျှင် ကျပ် ၁၇၀ဝ၀ ဖြင့် ယခင် စက်တင်ဘာလဆန်းပိုင်းနှင့် ယှဉ်လျှင် မြေပဲဆီဈေးမှာ တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀ခန့် ဈေးများ ကျဆင်းလာကြောင်း သိရသည်။              

ဝေဝေမင်း(ပြည်)