ပြည်ခရိုင်တွင် ဆီထွက်သီးနှံများဖြစ်သော နှမ်းနှင့်မြေပဲများကို စိုက်ပျိုးထားရှိပြီး အထွက်နှုန်းအနေဖြင့်လည်း လျာထား ချက်အောက် မလျော့သော အထွက်နှုန်းများ ထွက်ရှိကြောင်းသိရသည်။ ဈေးနှုန်းများအနေဖြင့်လည်း နှစ်အလိုက် မြင့်တက်လာ ခဲ့သည်။ ပြည်မြို့ ဈေးကွက်များနှင့် ပွဲရုံများတွင်ဖြစ်ပေါ်ခဲ့သော ဆီထွက်သီးနှံများ၏ နှစ်အလိုက်ဖြစ်ပေါ်သော ဒီဇင်ဘာလ နောက်ဆုံးပတ်၏ ကာလတူ ဈေးနှုန်းနှိုင်ယှဉ်ချက်များအား အောက်ပါအတိုင်း ဖော်ပြလိုက်ပါသည်-
တစ်တင်း/ကျပ်
အမျိုးအမည် ၂၀၂၁ ခုနှစ် ၂၀၂၂ ခုနှစ် ၂၀၂၃ ခုနှစ် ၂၀၂၄ ခုနှစ်
နှမ်းနီ ၃၆၀ဝ၀ ၈၆၀ဝ၀ ၁၀၁၀ဝ၀ ၁၂၀ဝ၀ဝ
နှမ်းနက် ၅၆၀ဝ၀ ၉၃၀ဝ၀ ၉၅၀ဝ၀ ၁၆၇၀ဝ၀
စမုန်နက်နှမ်း ၆၀ဝ၀ ၁၀၆၀ဝ၀ ၁၀၆၀ဝ၀ ၂၀ဝ၀ဝ၀
မြေပဲလုံးဆန်(ဖြူ) ၂၅၀ဝ ၃၀ဝ၀ ၅၅၀ဝ ၈၄၅၀
မြေပဲလုံးဆန်(နီ) ၂၂၀ဝ ၂၉၀ဝ ၅၃၀ဝ ၈၄၀ဝ
မြေပဲဆီဆန်(ဖြူ) ၂၃၀ဝ ၂၈၀ဝ ၆၇၀ဝ ၈၀ဝ၀
မြေပဲဆီဆန်(နီ) ၂၀ဝ၀ ၂၆၀ဝ ၆၅၀ဝ ၇၈၀ဝ
ပြည်ခရိုင်အနေဖြင့် ဆီထွက်သီးနှံများဖြစ်သော နှမ်းနှင့်မြေပဲမှာ ရာသီအလိုက် ထွက်ပေါ်လာသော သီးနှံဖြစ်၍ မိမိတို့ ခရိုင်အတွင်းသို့ အခြားတိုင်းဒေသကြီးများဖြစ်သော မကွေးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ဝင်ရောက်မှုရှိသကဲ့သို့ မိမိတို့ ခရိုင်အတွင်းရှိ ပေါက်ခေါင်း၊ ရွှေတောင်နှင့် ပြည်မြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ စိုက်ပျိုးပြီး ပြည်ဈေးကွက်သို့ လာရောက် ရောင်းချခြင်းများလည်း ရှိကြသည်။ နှမ်းသီးနှံ ပေါ်စအချိန်တွင် တစ်ရက်လျှင် အိတ် ၁၀ဝ၀ ကျော် ဝင်ရောက်မှုရှိသကဲ့သို့ မြေပဲသီးနှံမှာလည်း ပေါ်ခါစတွင် အိတ် ၁၅၀ဝ ခန့် ဝင်ရောက်မှုရှိပြီး ပြည်ဈေးကွက်တွင် ပုံမှန် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
ကုန်စည်စီးဆင်းမှုအနေဖြင့် မြေပဲဆန်ကို ပြည်မြို့အနီးတစ်ဝိုက် ကျေးရွာများနှင့် ပန်းတောင်းဘက်မှ ဝင်ရောက်မှုရှိပြီး တစ်ရက်လျှင် အိတ် ၃၀ဝ-၄၀ဝ ခန့်အဝင်ရှိသည်။ ရန်ကုန်ဝယ်လက်နှင့် ဆီစက်လုပ်ငန်းရှင်များ အဝယ်ရှိသည်။ နှမ်းနီမှာ ပစ္စည်းလက်ကျန်နည်း၍ အရောင်းအဝယ်မဖြစ်ဘဲ ကျန်နှမ်းနက်နှင့် စမုန်နက်နှမ်းသာ တစ်ခါတစ်ရံ အိတ် ၁၀ဝ-၂၀ဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
ဝေဝေမင်း(ပြည်)