Main menu

Background

ကလေးမြို့ဈေးကွက် ရာသီစာသီးနှံများ၏ ဈေးနှုန်း/ဈေးကွက်အခြေအနေ

Fri, 12/09/2022 - 12:34 -- journal_editor

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ဈေးကွက်တွင် ချင်းတောင်မှ ထွက်ရှိသည့် ဂေါ်ဖီထုပ်၊ ဂေါ်ရခါးသီး၊ အိန္ဒိယမုန်ညင်း၊ ခါကြက်ဥ၊ ရွှေပဲသီး၊ အညှာမီးဖုတ် (ခေါ်) တောင်ပေါ်ခရမ်းချဉ်သီး၊ မုန်ညင်းခါး၊ ကြက်သွန်ဖြူနှင့် ကြက်သွန်နီများ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး  ဈေးနှုန်း၊  ဈေးကွက်များအား ဒေါ်မိငယ် ကုန်စိမ်းပွဲရုံထံမှ  သိရှိရ သည်။
ကလေးမြို့ပေါ်ဈေးကွက်တွင် တောင်ပေါ်ဒေသဖြစ်သည့် ဖလမ်းမြို့နယ်၊ ဗားလုံ၊ လုံးဟော့၊ ဇိုင်ဇော်လ်၊ လားသီး၊ လုမ်ဘန်း၊ ပါရ်သဲနှင့် ဘွာလ်ခွါ ကျေးရွာများတွင် အများဆုံးစိုက်ပျိုးပြီး ကလေးမြို့သို့ အဓိကတင်ပို့ရောင်းချလျက်ရှိသည်။ ကလေးမြို့မှတစ်ဆင့် ကလေးဝမြို့၊   တမူးမြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိ သည်။
ကလေးမြို့ပေါ် ဈေးကွက်တွင် ချင်းတောင်ဒေသမှ ထွက်ရှိသည့် သီးနှံရောင်းဈေးနှုန်း (လက်ကား) ဈေးနှုန်းများအနေဖြင့် ဂေါ်ဖီထုပ် တစ်ပိဿာ လျှင် ကျပ် ၁၀ဝ၀၊ ဂေါ်ရခါးသီး တစ်ပိဿာလျှင်  ကျပ် ၅၀ဝ၊   မုန်ညင်း (အိန္ဒိယမုန်ညှင်း)   တစ်ပိဿာလျှင် ကျပ် ၂၅၀ဝ၊ ခါကြက်ဥ တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀၊ ရွှေပဲသီး တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀၊ အညှာမီးဖုတ်(ခေါ်) ခရမ်းချဉ်သီး  တစ်ပိဿာလျှင် ကျပ် ၆၀ဝ၀၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀၊ မုန်ညင်းခါး တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀၊ ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၄၂၀ဝ ဈေးနှုန်းများဖြင့် တစ်ဆင့်ခံ ပြန်လည်ရောင်းချပေးလျက်ရှိကြောင်း ဈေးကွက်အတွင်းမှ လေ့လာသိရှိရသည်။                               
သိမ့်သိမ့် (ကလေး)