Main menu

Background

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Thu, 01/19/2023 - 14:04 -- journal_editor

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဇန်နဝါရီ  ၄  ရက်မှ ၁၀ ရက်အထိ ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံ ဈေးနှုန်းများမှာ ရေတာရှည်၊ မြင်းခြံမှ ဖရဲသီး (၈၅၅) အလုံးကြီး ကျပ် ၈၀ဝ၀ ၊ အလုံးလတ် ကျပ် ၇၀ဝ၀ ၊ အလုံးသေး ကျပ် ၅၀ဝ၀ ၊ ဝေါ၊ မင်းလှ၊ ဟင်္သာတမှ ဖရဲသီး (၂၁၁) အလုံးကြီး ကျပ် ၄၀ဝ၀၊ အလုံးလတ် ကျပ် ၃၀ဝ၀ ၊ အလုံးသေး ကျပ်၁၅၀ဝ မှ ၁၀ဝ၀၊ မှော်ဘီ၊ တိုက်ကြီးမှ မာလကာသီး အလုံးကြီး ကျပ် ၅၀ဝ၊ အလုံးလတ် ကျပ် ၄၀ဝ၊ အလုံးသေး ကျပ် ၃၀ဝ မှ ၂၀ဝ၊ သီပေါမှ နာနတ်သီး အလုံးကြီး ကျပ် ၁၃၀ဝ၊ အလုံးလတ် ကျပ် ၁၀ဝ၀၊ အလုံးသေး ကျပ် ၈၀ဝ ဖြစ်ကြောင်း သိရသည်။ 
မော်လမြိုင်မှ ကျွဲကောသီး အလုံးကြီး ကျပ် ၃၀ဝ၀ မှ ၂၅၀ဝ၊ အလုံးလတ် ကျပ် ၂၀ဝ၀ မှ ၁၅၀ဝ ၊ အလုံးသေး ကျပ် ၁၀ဝ၀ မှ ၇၀ဝ၊ ၅၀ဝ၊ ပဲခူး(ဘုရားကြီး) မှ စိမ်းစားဥ အလုံးကြီး တစ်တွဲ ကျပ် ၇၀ဝ၊ တွံတေး၊ ပန်းတိုင် (လှိုင်သာယာ) မှ သခမသီး  အလုံး ကြီး တစ်ခြင်း ၂၅ လုံး မှ ၃၅လုံးပါ ကျပ် ၁၈၀ဝ၀၊ အလုံးလတ် ၄၀လုံးမှ ၄၅လုံးပါ ကျပ် ၁၇၀ဝ၀၊အလုံးသေး ၆၀လုံး မှ ၇၀ လုံးပါ ကျပ် ၁၆၀ဝ၀၊ ဆင်ဖြူကျွန်းမှ  ဆီးသီး(စလေ)အလုံးကြီးတစ်ခြင်း ရှစ်ပြည်ပါ ကျပ်၁၂၀ဝ၀၊ ပြည်မှ ဆီးသီး(အချဉ်သီး) အလုံးကြီး သေတ္တာ ၁၃ ပြည်ပါ ကျပ် ၁၃၀ဝ၀၊ မြစ်သားမှ ပဲမြစ် တစ်ပိဿာ အလုံးကြီး ကျပ် ၂၅၀ဝ၊ အလုံးလတ် ကျပ် ၂၀ဝ၀ ၊ အလုံးသေး ကျပ် ၁၅၀ဝ၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီ အလုံးကြီး တစ်ခြင်း ၅ပိဿာပါ ကျပ် ၅၅၀ဝ၀၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီ အလုံး ကြီးတစ်ဘူး ၁၈  ကျပ်သားပါ ကျပ် ၁၇၀ဝ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရသည်။                        

STDT(Yangon)