Main menu

Background

သင်္ဘောသီးစိမ်း/မှည့်၏ အသုံးဝင်ပုံနှင့် ဈေးနှုန်းများ

Tue, 01/31/2023 - 12:49 -- journal_editor

သင်္ဘောသီးပင်ကို မြန်မာနိုင်ငံ တွင် နေရာအနှံ့အပြား စိုက်ပျိုးကြပြီး အပူပိုင်းနှင့် အပူအနည်းငယ်လျော့သည့်  ဒေသများတွင် ပိုမိုဖြစ်ထွန်းသည်။ သင်္ဘောပင်တွင် အဖိုပင်၊ အမပင်နှင့် လိင်စုံပင်ဟုသုံးမျိုးရှိသည်။ အမပင်နှင့် လိင်စုံပင်များက ပုံမှန်အသီးသီး လေ့ရှိသော်လည်း အဖိုပင်မှာ များသေအားဖြင့်  ပန်းပွင့်စောထွက်လေ့ရှိပြီး အခိုင်လိုက်ပွင့်လျှင် အဖိုပင်ဖြစ်ကာ အသီးသီးအောင် အဖိုပင်ကို ထိခိုက် ဒဏ်ရာရအောင်   ထိပ်ပိုင်းဖြတ်ခြင်း၊ ပင်စည်အောက်ခြေပိုင်းကို   တုတ် ချောင်းရိုက်သွင်း အဝတ်စပတ်ပေးခြင်း စသည့်အရာများ   လုပ်ပေးခြင်းဖြင့် အဖိုပင်များကြားတွင် အမပွင့်များ ပြောင်းလာကာ  အသီးငယ်များ သီးလာတတ်သည်။ 
သင်္ဘောသီးအစိမ်းကို သင်္ဘော သီးသုပ်၊ ယိုးဒယား သင်္ဘောသီးထောင်း၊ ယိုးဒယားသင်္ဘောသီး   အပြားသုပ် စသည့် အမယ်များအပြင် အသုပ်စုံထဲ တွင်လည်း  အနည်းငယ်ထည့်၍  စား လေ့ရှိသည်။
ပြည်ဈေးကွက်တွင် သင်္ဘောသီး စိမ်းတစ်လုံးလျှင်    အလုံး အကြီး/ အသေးပေါ်  မူတည်၍   ကျပ် ၄၀ဝ-၅၀ဝ-၆၀ဝ ခန့်ဖြင့်   ရောင်းချလေ့ရှိ သည်။   သင်္ဘောသီးစိမ်းများ ရောင်း ကောင်းသလို   ကျန်းမာရေးအတွက် အထောက်အကူပြုသည့် ဝမ်းလည်းမှန်၊ အမျှင်ဓာတ်၊ ကယ်ဆီယမ်ဓာတ်၊ သံဓာတ် နှင့် ဗီတာမင်များစွာပါဝင်သည်။
သင်္ဘောသီးမှည့်ကို အသားအရေ ထိန်းသိမ်းခြင်းဆိုင်ရာ အလှအပအတွက်လည်း အသုံးများလာသည်။ မျက်နှာအသားအရေ ခြောက်နေသူတွေ၊ အဆီပြန်ပြီး ဝက်ခြံပေါက်တဲ့သူများ မျက်နှာပေါင်းတင်ရာတွင် အသုံးပြုကြသည်။ ပြည်မြို့ ဈေးကွက်အတွင်း၌   သင်္ဘောသီးမှည့်  (ထိုင် ဝမ်သီး) အသေး ကျပ် ၅၀ဝ၊  အလတ် ကျပ် ၁၀ဝ၀၊ ကြီးချော ကျပ် ၁၅၀ဝ တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

ဝင်းလဲ့ဝါ (ပြည်)