Main menu

Background

သရက်သီးရာသီစက်ဝန်း ပြောင်းပြီးထွက်ရှိဖို့ တိုင်း ၃ တိုင်းရှိ သရက်ပင် ၃၀၀ ပင်အား ယခုလမှစပြီး လက်တွေ့ စမ်းသပ်မှုပြုလုပ်မည်

Wed, 07/31/2013 - 11:54 -- ydnar

သရက်သီး ရာသီစက်ဝန်း ပြောင်း ပြီး ထွက်ရှိဖို့ မြန်မာ့ စိုက်ပျိုးရေးနဲ့ ဟင်းသီးဟင်းရွက် သစ်သီးဝလံ ပန်းမန်  စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းတို့ ပူးပေါင်းပြီး၊ အပင် ၃၀၀ ပင်အား စတင်စမ်းသပ်မှုပြုလုပ်မှာဖြစ် ကြောင်းသိရပါတယ်။

မန္တလေးတိုင်းဒေသကြီး သရက် သီး အစုအဖွဲ့အတွင်းရေးမှူး ကိုထွန်း ဝင်းစိန်က “ သရက်သီးကို တိုင်းတစ် တိုင်း နဲ့ တစ်တိုင်းထွက်ချိန်မတူအောင် ရှေ့တိုးနောက်ဆုတ် လုပ်သွားမယ်။ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည် နယ်မှာ လက်တွေ့ ဆောင်ရွက်မယ်။ မန္တလေးတိုင်းမှာ ပုသိမ်ကြီးမြို့နယ်၊ မင်းကန်ကျေးရွာမှာ သရက်အပင် ၁၀၀ ကိုစတင် ဆောင်ရွက်မယ်။ ၅ လပိုင်း ပေါ်တဲ့သရက်ကို ၄ လပိုင်းမှာ စောပြီး ပေါ်အောင် မြန်မာ့စိုက်ပျိုးရေး နည်း ပညာ အကူအညီနဲ့ လက်တွေ့စလုပ် ကြမယ်။ အောင်မြင်သွားရင်တော့ နောက်ပိုင်းတစ်တိုင်းလုံး ဆက်လုပ်လို့ ရတာပေါ့ ” လို့ ပြောပါ တယ်။
သရက်သီး ဈေးကောင်း ရရှိဖို့ အတွက် ဒေသတစ်ခုနဲ့တစ်ခု ထွက်ချိန် မတူဘဲ ရာသီစက်ဝန်းဖြင့် ထွက်ရှိစေဖို့ မြန်မာ့စိုက်ပျိုးရေးမှ နည်းပညာအကူ အညီနဲ့ လက်တွေ့ဆောင်ရွက်ခြင်းဖြစ် ကြောင်း၊ ၎င်းနည်းပညာဖြင့် ဖိလစ်ပိုင်နဲ့ ယိုးဒယားနိုင်ငံများမှာ လက်တွေ့ဆောင် ရွက် အောင်မြင်နေပြီဖြစ်ကြောင်း သိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟင်းသီး ဟင်းရွက်နဲ့ သစ်သီးဝလံပန်းမာန် စိုက် ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်က“ စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းခွဲ ကျေးရွာဧရိယာမှာ လက်တွေ့ဆောင် ရွက်ဖို့ စီစဉ်ထားပါတယ်။ သရက် အပင် ၁၀၀ ကို မြန်မာ့စိုက်ပျိုးရေးက လာရောက် ဆောင်ရွက်ပေးမှာပါ။ ရာသီနဲ့ သီးခိုင်းတဲ့ပုံစံဖြစ်အောင် ကျွန်တော်တို့ဆီမှာ ဖေဖော်ဝါရီလမှာ ခူးနိုင်အောင်လုပ်မယ်။ ရှမ်းပြည်နယ်က နောက်ဆုတ် ပြီးထွက်အောင်ဆောင် ရွက်မယ် ”လို့ ပြောပါတယ်။
သရက်သီးရာသီစက်ဝန်းကို ၃ နှစ်စီမံကိန်းနဲ့ စမ်းသပ်မှာဖြစ်ပြီး၊ ဒေသ အလိုက် သရက်သီးအထွက်နှုန်း မတူ စေဖို့ ယခုလအတွင်း စိန်တလုံးအမျိုး အစားသရက်ပင်အား စတင်စမ်းသပ်မှာ ဖြစ်ပါတယ်။      
ဇူးဇူး - မန္တလေး