Main menu

Background

အိန္ဒိယမွန်ဘိုင်းဈေးကွက်တွင် မြန်မာ မတ်ပဲဈေးငြိမ်၊ ပဲစင်းငုံနီ ဈေးကျဆင်း

Wed, 08/14/2013 - 11:02 -- ydnar

ယခု ရက်ပိုင်းအတွင်း အိန္ဒိယ မွန်ဘိုင်း ဈေးကွက်တွင် မြန်မာ မတ်ပဲကို အတွင်းပိုင်းဈေးကွက်တွေက အရောင်း အဝယ်လုပ်တာနည်းလို့ ဈေးငြိမ်နေပြီး ပဲစင်းငုံနီကတော့ ပဲခွဲစက်နှင့် ကုန်သည် များက အဝယ်မရှိဘို့ ဈေးကျဆင်းနေ တယ်လို့ သိရပါတယ်။ ဒေလီဈေးကွက် မှာလည်း ဒေစီကုလားပဲများ ဈေးငြိမ် နေပါတယ်။

NCDEX  ကုန်စည်ဒိုင်မှာ တော့ စက်တင်ဘာလအတွက် ကုလား ပဲ ကြိုရောင်းဈေးများလည်း ကျဆင်း ခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယ ပြည် တွင်း ဈေးကွက်တွေမှာ ကုလားပဲ လက်ကျန် အလုံအလောက်ရှိလို့သြစ တြေးလျ ကုလားပဲလည်း အဝယ်မရှိဘဲ ဈေးကျလာတယ်လို့ သတင်းရရှိပါ တယ်။ သြဂုတ်လ ၉ ရက်မှာတော့ အစ်နေ့ပိတ်ရက်ဖြစ်လို့ ပဲဈေးကွက် များ ပိတ်ထားပါတယ်။
သြဂုတ်လ ၅ ရက်နေ့အထိ မိုးပဲ မျိုးစုံဟက်တာ ၇၉ ဒသမ ၅ သိန်း စိုက် ပျိုးနိုင်ခဲ့ပြီး ယခင်နှစ်ကာလတူက ဟက် တာ ၆၂ ဒသမ ၉၉ သိန်းထက် ပိုမို စိုက်ပျိုး နိုင်ခဲ့တယ်လို့ သိရပါတယ်။ မဒ္ဒရာပရာဒက်ရှ်၊ ကာနာတာကာ၊ မဟာသျှတ္တရ ပြည်နယ်တွေမှာ မိုးပဲစိုက် ဧကများတယ်လို့ သိရပါတယ်။ စတုတ္ထ အကြိမ် ခန့်မှန်းချက်အရ မတ်ပဲထုတ် လုပ်မှုတန်ချိန် ၁ ဒသမ ၉ သန်း၊ ပဲစင်းငုံ ၃ ဒသမ ၀၇ သန်း၊ ကုလားပဲ ၈ ဒသမ ၈၈ သန်း၊ ပဲတီစိမ်း ၁ ဒသမ ၂ သန်း အသီးသီး ထုတ်လုပ်နိုင်မယ်လို့ သတင်း ရပါတယ်။ပဲတီစိမ်းသစ်များ ကာနာတာ ကာ ပြည်နယ်မှာ ထွက်ရှိနေပြီး လာ မည့် အပတ်များမှာ အခြားပြည်နယ် တွေ ကလည်း ပဲသစ်စတင်ထွက်ရှိမယ် လို့ သတင်းရပါတယ်။
မွန်ဘိုင်းဆိပ်ကမ်းကို ပဲတီစိမ်း ၂၂ လုံး၊ ပဲရာဇာ ၂၂ လုံး၊ ပဲစင်းငုံနီ ၇၃ လုံး ဝင်ရောက်လာခဲ့ပါတယ်။ ချန်နိုင်း ဆိပ်ကမ်းကို မတ်ပဲ ကွန်တိန်နာ ၄၉၈ လုံး၊ ပဲနီလေး ၁၆၆ လုံး၊ ပဲတီစိမ်း ၉ လုံး၊ ပဲစင်းငုံ ၃၅ လုံး၊ မြေထောက် ၄ လုံး၊ ပဲဝါလေး ၃ လုံး၊ ပဲလွန်း ၃ လုံး ဝင်ရောက်ခဲ့ပါတယ်။ အစိုးရ အေဂျင်စီ ဖြစ်တဲ့ Nafed    ကမတ်ပဲတန်ချိန် ၁၇၈၄ ကို ရောင်းချဖို့ တင်ဒါခေါ်ထားကြောင်း၊ သြဂုတ်လ ၁၉ ရက်နေ့အထိ ဈေးနှုန်း တင်ပြနိုင်ကြောင်း သတင်းရရှိပါတယ်။
နှင်းဧကရီ -DTP