Background
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ်လည်း မတ်ပဲရောင်းဝယ်မှု အားကောင်းေ နကြောင်း သိရပါတယ်။ ဇွန် ၂၉ ရက်မှ ဇူလိုင်လ ၅ ရက်အထိ မတ်ပဲ SQ ၊ FAQ စုစုပေါင်းတန်ချိန် ၂၅၀၀၀ နီးပါး အရောင်းအဝယ် စာချုပ်ခဲ့ကြောင်း သိရပါတယ်။
ယခုနှစ် ပြည်တွင်းသကြားဈေးနှုန်းမှာ ဈေးနည်းပြီးဈေးနှုန်းငြိမ်နေခြင်းကြောင့် ပြည်ပမှသကြားများနယ်စပ်မြို့ အချို့ တွင်သာ အဝင်ရှိပြီး၊ ပြည်တွင်းကို အဝင်မရှိသလောက်နည်းကြောင်း သကြားစက်ပိုင်အချို့ထံမှ သိရပါတယ်။
မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ ၉၂၁၃၀ တန်ဖိုးရှိ သကြား ၁၅၄ တန်ခန့်ကို ဇွန်လ ၂၀ ရက်မှ ၂၆ ရက်ထိကာလအတွင်းမှာ အပို့ ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၈၅ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်နှစ်များက သကြားကို တရုတ်ပြည်ကတင်သွင်းနေရပေမဲ့ ယခုနှစ်မှာ မြန်မာသကြားများ တင်ပို့ ခွင့်ရနေတာ တွေ့ရပါတယ်။ ယခုအပတ် အတွင်းမှာ သကြားချည်းပဲ သီးသန့်ကားစီးလုံးတိုက် ဝင်လာမှုကို ထူးထူးခြားခြားတွေ့ရတယ်လို့ သိရပါတယ်။ MIRT(DOBT)
မိုးတွင်းကာလ ဝင်ရောက်လာပြီဖြစ်သော်လည်း အာရှရော်ဘာဈေးနှုန်းတွေ ကျဆင်းလျက်ရှိတယ်။ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှေးနေရာ ကုန်စည်ဝယ်လိုအားနည်းနေချိန်မှာ ရော်ဘာစိုက်ပျိုးထုတ်လုပ်တဲ့ နိုင်ငံတွေရဲ့ ရော်ဘာထုတ်လုပ်မှု ပိုလျှံနေခြင်းကြောင့် ဈေးနှုန်းအားနည်းလာခြင်းဖြစ်တယ်။ ၂၀၁၂ ခုနှစ်မှာ ရော်ဘာထုတ်လုပ်မှု ၇ ဒသမ ၈ ရာခိုင်နှုန်းတိုးတက် ကာ တန်ချိန် ၁၁ ဒသမ ၈ သန်း ထုတ်လုပ်နိုင်မယ်လိ့ု နိုင်ငံတကာ ရော်ဘာလေ့လာရေးအဖွဲ့က ခန့်မှန်းထားတယ်။
ကန်ဒေါ်လာ ၁ ဒသမ ၄၇၁ သန်းတန်ဖိုးရှိတဲ့ ရော်ဘာအဆင့်စုံ တန် ၄၅၀ ဝန်းကျင်ကို နယ်စပ်ကုန်သွယ်ရေး စခန်း များဖြစ်တဲ့ မူဆယ်၊ ချင်းရွှေဟော်၊ လွယ်ဂျယ်နဲ့ မြိတ်တို့မှ ဇွန်လ ၂၀ ရက်မှ ၂၆ ရက်အတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင် အပတ်တင်ပို့မှုမှာ တန် ၉၁၀ ကျော်ရှိခဲ့ရာ ယခုအပတ်မှာ ထက်ဝက်ကျော်ခန့် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။
တရုတ်နဲ့မလေးရှားနိုင်ငံများသို့ ဇွန်လ ၁၇ ရက်မှ ၂၃ ရက်အတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၂၉၄ သန်းတန်ဖိုးရှိ ရော်ဘာ ၄၂၅ တန်ကျော်အပို့ရှိခဲ့ရာ ယခင်အပတ်ကတင်ပို့မှုနဲ့နှိုင်းယှဉ်လျှင် ၃ ဆကျော်ပိုမို ခဲ့ပါတယ်။ တရုတ်သို့ကန်ဒေါ်လာ ၁ ဒသမ ၂၃၈ သန်းတန်ဖိုးရှိတဲ့ MSR-50 ၄၀၆ တန်ခန့်နဲ့ မလေးရှားသို့ ကန်ဒေါ်လာ သုည ဒသမ ၀၅၆ သန်းတန်ဖိုးရှိ RSS-5 တန် ၂၀ တင်ပို့ခဲ့ တာဖြစ်ပါတယ်။ ယခုအပတ်ရန်ကုန် FOB ပျမ်းမျှပေါက်ဈေး တွေကတော့ RSS-1 ဒေါ်လာ ၂၉၀၀-၃၀၀၀၊ RSS-3 နဲ့MSR-20 ဒေါ်လာ ၂၈၀၀-၂၉၀၀၊ RSS-5 နဲ့ MSR-50 ဒေါ်လာ ၂၇၀၀-၂၈၀၀ အသီးသီးဖြစ်ပါတယ်။MIRT(DOBT)
အိန္ဒိယနိုင်ငံ တမီနာဒူးလ်စိုက်ပျိုးရေးတက္ကသိုလ်ရဲ့ ပို့ကုန်လုပ်ငန်းနဲ့ ပြည်တွင်း ဈေးကွက်သတင်းစုံစမ်းရေးအဖွဲ့ DEMIC ရဲ့ လေ့လာဆန်းစစ်ချက်အရ ယခုနှစ် လာမဲ့ပြောင်းရာသီဖြစ်တဲ့အောက်တိုဘာမှ ဒီဇင်ဘာအတွင်း ပြောင်းတင်ပို့မှုနဲ့ ဝယ် လိုအားမြင့်တက်လာတဲ့အတွက် ပြောင်းဈေးနှုန်းမှာ တစ်တန်ကို ရူပီး ၁၁၀၀၀ မှ ၁၁၅၀၀ (ဒေါ်လာ ၁၉၃ မှ ၂၀၂)ထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
စက်တင်ဘာ၊ အောက်တိုဘာလကစပြီးဈေးကွက်ကို အသစ်ဝင်လာတဲ့ ရှမ်း ပြောင်းက ရာသီအစမှာ တစ်ပိဿာ ၂၁၀ ကျပ် - ၂၁၅ ကျပ်နဲ့သာ ဈေးစခဲ့ပါတယ်။ လက်ကျန်ပြောင်းဟောင်းတွေကသာ ဈေးကွက်ဝင်ပြီး၊ ပြောင်းအသစ်တွေကတော့ အစိုဓါတ်ကြောင့် ဈေးကွက်သိပ်မဝင်သေးလို့ ပြောင်းဟောင်းကတော့ တစ်ပိဿာ ၃၀၀ကျပ် - ၃၁၅ ကျပ်ဈေးသာရှိ ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်နဲ့ လွယ်ဂျယ်နယ်စပ် ကုန် သွယ်ရေးစခန်းများမှကန်ဒေါ်လာ ၁ ဒသမ ၈၃၂ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၆၅၄၂ တန်ကို ဇွန်လ ၂၀ ရက်မှ ၂၆ ရက်ထိကာလ အတွင်းမှာ တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၁၂၉၀ အပို့ပိုခဲ့ပါတယ်။ နယ်စပ်အလိုက် ပြောင်း တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ ၆၂၄၉ တန်ကျော်၊ ချင်းရွှေဟော်မှ တန် ၂၀၀ ကျော်နဲ့ လွယ်ဂျယ်မှ ၉၃ တန် အသီးသီးဖြစ်ပါတယ်။ ယခုအပတ်မှာ ပြောင်းဖူးစေ့ မြေပြင်ပေါက်ဈေးနှစ် ဖက်လုံးမှာ အနည်းငယ် ပိုမိုလျက်ရှိပါတယ်-
ဇွန်လ ၁၇ ရက်မှ ၂၃ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်းမှ ပြောင်းတင်ပို့မှုမှာ ၁၄ တန်၊ တန်ဖိုးအားဖြင့်ကန်ဒေါ်လာ သုည ဒသမ ၀၀၄ သန်း ဖိုးသာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၂၆၀ ကျော် အပို့လျော့ ခဲ့ပါတယ်။ ယခုအပတ်မှာစင်္ကာပူသို့ ၁၂ တန်နဲ့မလေးရှားသို့ ၂ တန်သာ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ FOB ရန်ကုန်ဈေးမှာ ပြောင်းတစ်တန် ကို ဒေါ်လာ ၂၈၀ ဈေးပေါက် လျက်ရှိပါတယ်။ နယ်စပ်မှပြောင်းတင်ပို့မှု ကတော့ တန် ၅၈၀၀ ဝန်းကျင်ခန့် ရှိတယ်လို့ သိရပါတယ်။ MIRT(DOBT)
