Background
ပြည်ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၁၉၂၀၀ ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး ယခု တစ်ပတ်တွင် တစ်တင်း ၁၈၅၀၀ ကျပ်ဖြင့် တစ်တင်း ၁၀၀၀ နီးပါးခန့် ဈေးအေးသွားခဲ့ပါတယ်။ ဒေသတွင်း ခွဲစက်သမားများမှ ပုံမှန်အဝယ်ရှိပြီး ကုလားပဲမှာ ယခုနှစ်အတွင်း တစ်တင်း ၂၀၀၀၀ ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုနိုဝင်ဘာလအတွင်း တစ်တင်း ၂၀၀၀၀ ကျပ် အောက် ဈေးလျော့သွားခဲ့ပါတယ်။ ယခုတစ်ပတ်အတွင်း အခြားတိုင်းမှ အဝင်မရှိဘဲ ဒေသတွင်းလက်ကျန်ပဲများ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ တစ်နေ့အိတ် ၂၀၀ ခန့် အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ လွင်လွင်ဆန်း
အိန္ဒိယပြည်တွင်းဈေးကွက်များမှာ ကုလားပဲရိုးရိုးကို ဝယ်လိုအားနည်းတာ ကြောင့် ဈေးလျော့ကျပေမဲ့ ကာဘူလီကုလားပဲကို ပြည်ပဝယ်လိုအားရှိလို့ ဈေးအနည်းငယ်တိုးလာပါတယ်။ ကာနာတာကာနဲ့ ရန်ကုန်မှ ကာဘူလီကုလားပဲ များမှာ အရည်အသွေးပေါ်မူတည်ပြီးမှ ဈေးအပြောင်းအလဲရှိတယ်လို့ သိရပါတယ်။ ဒေလီဈေးကွက်ကို ကုလားပဲဝင်ရောက်မှု နေ့စဉ်ထရပ်ကား ၁၅ စီး-၁၆ စီးခန့်ရှိ တယ်လို့ သိရပါတယ်။ နောက်ရက် အနည်းငယ်အတွင်းမှာလည်း ဈေးအနည်းငယ် ထပ်ကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းအပြောင်းအလဲများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၂၄-၁၁-၁၁ ၂၃-၁၁-၁၁ ၂၂-၁၁-၁၁ ၂၁-၁၁-၁၁ဒေလီ ၆၄၂-၆၄၇ ၆၃၈-၆၄၁ ၆၅၈ ၆၆၈ကန်ပါ ၆၇၁-၆၇၆ ၆၆၇-၆၇၂ ၆၅၃-၆၅၈ ၆၈၃-၆၈၈အာကိုလာ ၇၁၂ ၇၀၄ ၇၀၁ ၇၂၂MIRT(MAPT)
ယခင်သီတင်းပတ်က ကုလားပဲတင်ပို့မှု မရှိခဲ့ပေမဲ့ ယခုတစ်ပတ်မှာတော့ တန်ချိန် ၇၀၀ ကျော်တင်ပို့ခဲ့တာ တွေ့ရပါတယ်။ FOB ဈေးကွက်မှာ အရောင်း အဝယ်ဖြစ်မှုကတော့ ယခင်တစ်ပတ်က တန်ချိန် ၃၄၀ ခန့် ရှိခဲ့ပေမဲ့ ယခုတစ်ပတ် နိုဝင်ဘာလ ၁၉-၂၄ ရက် အတွင်းမှာတော့ တန်ချိန် ၁၀၀ ခန့် သာရှိခဲ့တယ်လို့ သိရပါတယ်။ ပြည်တွင်းလက်ကျန်နည်းလာသလို ပြည်ပဝယ်ယူမှုနည်းပါးလာတာကြောင့် ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် စုစုပေါင်း တင်ပို့မှုအနေနဲ့ တန်ချိန် ၆၃၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၅၄ သန်းကျော်ရရှိခဲ့လို့ ယခင်ဘဏ္ဍာနှစ် တစ်နှစ်လုံးတင်ပို့ခဲ့တဲ့ တန်ချိန် ၃၉၀၀ ခန့်၊ ဝင်ငွေ ကန်ဒေါ်လာ ၃ သန်းနီးပါးထက် အဆများစွာတင်ပို့နိုင်တာ တွေ့ရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင် တစ်ပတ်က တစ်တန် ကန်ဒေါ်လာ ၉၅၀-၉၇၀ ရှိရာမှ နိုဝင်ဘာလ ၂၅ ရက်မှာ တော့ ကန်ဒေါ်လာ ၉၆၀-၉၈၀ ကို အနည်းငယ်ပိုလာပါတယ်။ MIRT(MAPT)
ပြည်ဈေးကွက်ကို ပဲတီစိမ်းသစ်များ မင်းတုန်း၊ကံမဘက်မှနေ့စဉ်အဝင်ရှိသလို ဒေသတွင်း ပန်းတောင်း၊ ဥသျှစ်ပင်၊ ပေါက်ခေါင်း၊ဝက်ထီးကန်၊ ပေါင်းတလည်မြို့နယ်များမှလည်း နေ့စဉ်အဝင်ရှိခဲ့ပါတယ်။ တစ်ရက်ကို အိတ် ၆၀၀ ကျော်အထိ အဝင်ရှိ ခဲ့ပြီး၊ ရန်ကုန်၊ မန္တလေးဝယ်လက်များလဲ အဝယ်ရှိခဲ့တာကြောင့် နေ့စဉ်အဝင်ရှိ သလောက် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ပဲတီစိမ်းဈေးမှာ ဂျွန်စတစ်တင်း ၁၆၀၀၀ ကျပ်၊ ထိပ်စတစ်တင်း ၁၇၅၀၀ ကျပ်နဲ့ အရည်အသွေးအလိုက် ဈေးကွာခြားမှုရှိတယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
အိန္ဒိယဈေးကွက်အများစုမှာ ပဲတိစိမ်းဈေးငြိမ်နေပေမဲ့ အရည်အသွေးနိမ့်ပဲတီစိမ်းဈေးများ လျော့ကျနေပါတယ်။ ရာဂျက် စသန်ဈေးကွက်များမှာ အရည်အသွေးနိမ့်ရော အရည်အသွေးကောင်းပဲတီစိမ်းပါ သိုလှောင် လက်ကျန်များ နေတယ်လို့ သိရပါတယ်။ ဒေလီဈေးကွက်တစ်ခုထဲမှာပင် ပဲသိုလှောင်အိတ် ၃ဒသမ ၅ သိန်းထိ မြင့်တက်နေပြီး ရာဂျက်စသန်ပဲ ထုတ်လုပ်ရာ ဒေသမှလည်း ပဲဝင်ရောက်မှု တစ်ရက်ကို အိတ် ၄၇၀၀၀-၄၈၀၀၀ ခန့်ထိ ဆက်လက် မြင့်တက်နေဆဲဖြစ်ပါတယ်။ ပဲခွဲစက်ရဲ့ ၉၀ ရာခိုင်နှုန်းဝန်းကျင်ဟာ အရည်အသွေးနိမ့်ပဲကို အရောင်းအဝယ်လုပ်နေပြီး ပဲခွဲစက် ၁၀ ရာခိုင်နှုန်းမှာ အရည်အသွေး ကောင်းပဲကို ရောင်းချနေတယ်လို့ ဆိုပါတယ်။ လာမယ့်ရက်များမှာ ပဲတီစိမ်းဈေး တည်ငြိမ်ဖွယ်ရာရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အတွင်း ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၂၄-၁၁-၁၁ ၂၃-၁၁-၁၁ ၂၂-၁၁-၁၁ ၂၁-၁၁-၁၁မွန်ဘိုင်း (တန်ဇန်းနီးယား) ၇၈၁-၇၈၆ ၇၇၆ ၈၂၁ ၈၃၄ဒေလီ ၄၂၂-၆၃၃ ၄၃၈-၆၄၈ ၄၂၂-၆၅၃ ၄၄၉-၆၆၄အာကိုလာ ၇၂၈-၈၄၃ ၇၂၄-၈၃၈ ၇၃၀-၈၄၅ ၇၄၂-၈၅၉MIRT(MAPT)
မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ နိုဝင်ဘာလ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၈၃၈ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၁၁၂၁ တန်ကျော် အပို့ရှိခဲ့ရာ ယခင်အပတ်တင်ပို့မှုထက် ၆၅၇ တန်ကျော် ပိုမိုခဲ့ပါတယ်။ ယခုအပတ်မှာ ပဲတီစိမ်းကားတွေ အတက်များသလို ဝယ်လိုအားလည်း ကောင်းနေတယ်လို့ သိရ ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်။- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲတီစိမ်း ၆၅၇၉၆၇ ၆၁၀၁၄၀ ၄၇၈၂၇ ၈ ၈၅၂ ၈၅၄ ၂ ၀ .၂MIRT(DOBT)
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲတီစိမ်းကို အရောင်းအဝယ် ပမာဏဖြစ်မှု မများပေမဲ့ နေ့စဉ်ဆိုသလို အနည်းငယ်စီ အရောင်းအဝယ်စာချုပ်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ် ပမာဏအတိုင်း နိုဝင်ဘာလ ၁၉ ရက်မှ ၂၄ ရက်အတွင်း ပဲတီစိမ်းတန်ချိန် ၃၅၀၀ ခန့် အရောင်းအဝယ်စာချုပ်ခဲ့ပါတယ်။ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ လက်ရှိပြည်တွင်းထွက် အရည်အသွေးနိမ့် ပဲတီစိမ်းတွေ သိုလှောင် လက်ကျန်များနေလို့ ဈေးကျနေသလို ပြည်ပကလည်း အရည်အသွေးကောင်းများကိုသာ ရွေးချယ်ဝယ်ယူလာနိုင်ပါတယ်။ ပို့ကုန်ဝင်ငွေ တစ်ယူနစ် တန်ဖိုး အားပျော့ခြင်းနဲ့အတူ အရောင်းအဝယ်နည်းတာကြောင့် ပဲတီစိမ်း FOB ဈေးလည်း လျော့ကျခဲ့ပါတယ်။ ဒေါ်လာ/ တန် ပဲတီစိမ်းအညာ ပခုက္ကူ ပဲတီရွှေဝါ၂၅-၁၁-၁၁ ၇၀၀-၇၂၀ ၇၂၀-၇၄၀ ၈၆၀-၈၈၀၁၈-၁၁-၁၁ ၇၂၀-၇၄၀ ၇၄၀-၇၆၀ ၈၆၀-၈၈၀MIRT(MAPT)
ယခုလပိုင်းအတွင်း ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုလျှော့ကျလျက်ရှိရာ ယခုတစ်ပတ် (နိုဝင်ဘာလ ၁၄ ရက်မှ ၁၈ ရက်) အတွင်းမှာလည်း အရည်အသွေးကောင်း ပဲတီစိမ်း တန် ၁၆၀၀ ကျော်သာ တင်ပို့ခဲ့ပါတယ်။ လက်ရှိအသစ်ထွက်တဲ့ တောင်ငူ ပဲတီစိမ်းနဲ့ ပခုက္ကူပဲတီစိမ်းများသာ အဝယ်အချို့ရှိတယ်လို့ သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့အထိ ပဲတီစိမ်းတင်ပို့နိုင်မှု တန်ချိန် ၂၀၈၀၀၀ ကျော်မှ ကန်ဒေါ်လာ ၂၀၁ သန်းကျော်ရရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်း တန်ချိန် ၁၅၇၀၀၀ ကျော်မှ ကန်ဒေါ်လာ ၁၈၅ သန်းကျော်ရရှိခဲ့ကြောင်း သိရပါတယ်။ လာမယ့်သီတင်းပတ်တွေမှာလည်း တင်ပို့မှု လျှော့ကျဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT(MAPT)
ပြည်ပဲလွန်းဖြူဈေးကွက်မှာ ပဲလွန်းဖြူ လက်ကျန်နည်းခဲ့ပြီး ယခင် တစ်ပတ်က ပဲတစ်တင်းကို ၂၀၀၀၀ ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ယခုတစ်ပတ်မှာတော့ ပဲ တစ်တင်းကို ၁၉၀၀၀ ကျပ်ဈေးသာ ရှိ ခဲ့ပြီး အခြားဒေသကြီးဘက်မှလည်း အဝင် လုံးဝမရှိတော့ဘဲ ဈေးကွက် အတွင်း လက်ကျန်ပြတ်လုနီးပါးဖြစ်တဲ့ အတွက် ရောင်းဝယ်မှုအနေနဲ့ကတော့ မြို့တွင်းလက်လီသမားများသာ အဝယ် ရှိတယ်လို့ သိရပါတယ်။ မိမိအေး
ယခင်သီတင်းပတ်က ပဲလွန်းဖြူ တင်ပို့မှုမှာ တန်ချိန် ၄၀ သာ ရှိခဲ့ရာမှ ယခုနိုဝင်ဘာလ ၁၄ ရက်မှ ၁၈ ရက် အတွင်းမှာတော့ တန်ချိန် ၃၂၀ ကျော် ထိ ပိုမိုတင်ပို့လာနိုင်ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံများမှာ ထိုင်း၊ အင်ဒိုနီးရှား၊ မလေး ရှား၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယားနဲ့ စင်ကာပူတို့ဖြစ်ပါတယ်။ လက်ရှိ ဘဏ္ဍာနှစ် နိုဝင်ဘာလ ၁၈ ရက်အထိ စုစုပေါင်း တင်ပို့မှုအနေနဲ့ တန်ချိန် ၁၆၅၀၀ ကျော်ပြီဖြစ်လို့ ယခင်ဘဏ္ဍာ နှစ် ကာလတူ တင်ပို့ခဲ့တဲ့ ပမာဏကို အမီ တင်ပို့နိုင်တာ တွေ့ရပါတယ်။ ရန်ကုန်FOB ဈေးကွက်မှာလည်း ယခင်တစ်ပတ်က တန်ချိန် ၂၃၀ ခန့် သာ အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခု တစ်ပတ် နိုဝင်ဘာလ ၁၉ ရက်မှ ၂၄ ရက် အထိမှာတော့ တန်ချိန် ၃၈၀ ကျော်အထိ အရောင်းအဝယ်စာချုပ် နိုင်ခဲ့ပါတယ်။ FOB ဈေးမှာ ပြောင်းလဲခြင်းမရှိဘဲ နိုဝင်ဘာလ ၂၅ ရက် မှာလည်း FAQ တစ်တန် ကန်ဒေါ် လာ ၇၉၀-၈၁၀ နဲ့ SQ တစ်တန်ကန် ဒေါ် လာ ၉၀၀-၉၂၀နဲ့ ငြိမ်နေကြောင်း သိရပါတယ်။ MIRT(MAPT)
