Background
ရန်ကုန် FOB ဈေးနှုန်း ၄-၁၁-၂၀၁၁ (ဒေါ်လာ/တန်) ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု မတ်ပဲ (အက်ဖ်အေကြူ) 745 740 မတ်ပဲ (အက်စ်ကြူ) 810 800 ပဲတီစိမ်း (ပခုက္ကူ) 740 740 ပဲတီစိမ်း (ရွှေဝါ) 880 820 ပဲတီစိမ်း (အညာ) 720 720 ပဲစင်းငုံ (အနီ) (သစ်) 560 560 ပဲစင်းငုံ (ဖြူနီ) (သစ်) 460 460 ပဲစင်းငုံ (ဖြူ) (သစ်) 460 460 ကုလားပဲဖြူလုံးကြီး 1000 980 ပဲလွန်းဖြူ (အက်ဖ်အေကြူ) 840 790 ပဲလွန်းဖြူ (အက်စ်ကြူ) 950 900 မြေထောက်ပဲ 740 740 ထောပတ်ပဲ 730 730 သက်ဆိုင်ရာ နေ့ရက်များတွင် ရန်ကုန်တိုင်းဒေသကြီးကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်ခဲ့သည့် အနိမ့်ဆုံးဈေးနှုန်း ဖြစ်သည်။
အိန္ဒိယနိုင်ငံ စားသောက်ကုန်နဲ့ စားသုံးသူရေးရာ ဝန်ကြီးဌာနက ကြက်သွန်နီအတွက် ပို့ကုန် အနိမ့်ဆုံးဈေးနှုန်း သတ်မှတ်ချက် minimum export price (MEP)ကို ထပ်မံလျှော့ချပေးတော့မှာ မဟုတ်ကြောင်းနဲ့ သကြားတင်ပို့မှု ကို ခွင့်ပြုသွားမှာမဟုတ်ကြောင်း နိုဝင်ဘာလ ၂ ရက် သတင်း အရ သိရှိရပါတယ်။ MEP ဈေးနှုန်းကို ထပ်မံလျှော့ချပေးလိုက်ပါက ပြည်တွင်း ဈေးကွက်မှာ ကြက်သွန်နီဈေးနှုန်းတွေ ထပ်မံမြင့်တက် လာမှာ စိုးရိမ်တာကြောင့် ဝန်ကြီးများ တွေ့ဆုံဆွေးနွေးကာ စဉ်းစားခဲ့ကြခြင်းဖြစ်တယ်။ ယခုလောလောဆယ်ပြည်တွင်းဈေးကွက်မှာ ကြက်သွန်နီရောင်းလိုအားက နိုဝင်ဘာလ ကြက်သွန်နီ အသစ် ဈေးကွက်ကိုဝင်ရောက်ချိန်အထိ အကန့်အသတ်ရှိနေမှာ ဖြစ်တယ်။ တကယ်လို့ MEP ကိုနှိမ့်ချပေးလိုက် ပါက ကြက်သွန်နီ ထုတ်လုပ်သူတွေက ပြည်တွင်းမှာ ရောင်းချမှာထက် ပိုမို တင်ပို့နိုင်မယ့် မက်လုံးတွေကိုရရှိမှာ ဖြစ်ရာ ကြက်သွန်နီ အသစ် နိုဝင်ဘာလ ဈေးကွက်ကိုမရောက်ခင် ကြက်သွန် ဈေးနှုန်းတွေ မြင့်တက်သွားနိုင်မှာဖြစ်တယ်။ အပြည်ပြည်ဆိုင်ရာဈေးကွက်မှာ ကြက်သွန်နီဈေးနှုန်းက ထိခိုက်လွယ်ပြီး ဝယ်ယူသူတွေက အိန္ဒိယ ကြက်သွန်နီထက် ဈေးပိုမိုသက်သာတဲ့တရုတ်နဲ့ ပါကစ္စတန်နိုင်ငံတွေမှ ပြောင်းလဲ ဝယ်ယူနိုင်မှာဖြစ်တယ်။ ဒါ့အပြင် သကြားကိုပြည်တွင်းဈေး ကွက်မှာသကြားအသစ်မရောက်မချင်း နောက်ထပ်တင်ပို့ ခွင့်ပြုဦးမှာ မဟုတ်ကြောင်း သိရှိရတယ်။ တင်ပို့ခြင်းနဲ့ တင်သွင်းခြင်းတို့ကို ခွင့်မပြုမီ မိမိတို့ရဲ့ထုတ်လုပ်မှု၊ ဝယ်လိုအားနဲ့ ရောင်းလိုအား ဖြစ်နိုင်ခြေတို့ကို တွက်ချက်ရမှာဖြစ်တယ်။ စက်တင်ဘာလက အစိုးရက ကြက်သွန်နီ ပို့ကုန် တားမြစ်ချက်ကို ပြန်လည်ဖယ်ရှားပေးလိုက်ပြီး အနိမ့်ဆုံး ပို့ကုန်ဈေးနှုန်း သတ်မှတ်ချက်မှာ တစ်တန်ကို ကန်ဒေါ်လာ ၄၇၅ ဖြစ်တယ်။ နှစ်စဉ်ကြက်သွန်နီထုတ်လုပ်မှုရဲ့ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းကို ပုံမှန် kharif (ဇူလိုင်လမှအောက်တိုဘာလ အတွင်း) ရာသီမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်း မှ ၄၀ ရာခိုင်နှုန်းကို kharif ရာသီနှောင်းပိုင်းမှာ ထွက်ရှိတယ်။ ကျန်ကြက်သွန်နီ က rabi (အောက်တိုဘာလမှ ဖေဖော်ဝါရီလအတွင်း) ရာသီ မှာ ထွက်ရှိတယ်။ ကြက်သွန်နီအဓိက စိုက်ပျိုးတဲ့ နိုင်ငံတွေမှ တရုတ်၊ အိန္ဒိယ၊ အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ စပိန်၊ တူရကီ၊ ဘရာဇီး၊ အီတလီ၊ အီဂျစ်နဲ့ ပါကစ္စတန်နိုင်ငံတို့ ဖြစ်ကြတယ်။ အိန္ဒိယကြက်သွန်နီ ပို့ကုန်အနိမ့်ဆုံးဈေးနှုန်း သတ်မှတ်ချက်ကြောင့် ကမ္ဘာ့ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်စွမ်းရည်လျော့ကျ လျက် ရှိကြောင်း သိရှိရပါတယ်။ အေးမွန်မွန်လှိုင်၊ Source: business-standard.com
ဟိုပုံးနနွင်းနဲ့ ဆင်တောင်နနွင်းကိုလည်း လက်လီသမားတွေ ဝယ်နေကြတာကြောင့် လက်ကျန်လည်း သိပ်များများမကျန် တော့ပါဘူး။ ပင်လောင်းနနွင်းက အကြိုက်လည်းနည်းပြီး ခြင်ဆေးခွေနဲ့ ပရဆေးဖော်ဖို့ လောက်သာဝယ်တာကြောင့် လက်ကျန် တော်တော်များနေပါသေးတယ်။ ဆင်တောင်နနွင်း မှာလည်း အရည် အသွေးကောင်းတဲ့ထိပ်စတွေ ကုန်သွားပြီး လတ်စတွေသာ ကျန်တော့တာကြောင့် ဈေးကလည်း တစ်ပိဿာ ၂၅၀၀ ကျပ်ဈေးသာရှိပါတော့တယ်။ နနွင်းအသစ်တွေက ဇန်နဝါရီ၊ ဖေဖော်ဝါရီလောက်မှသာ စပေါ်တော့မှာဖြစ်တာကြောင့်ရှိတဲ့ နနွင်းတွေကိုသာ ခပ်အေးအေးရောင်းတော့မယ်လို့လည်း ဒေသခံတွေထံကသိရှိရပါတယ်။ ဟိုပုံးနနွင်းက တစ်ပိဿာ ၁၂၀၀ ကျပ်၊ ၁၂၅၀ ကျပ်ဈေးရှိပြီး၊ ပင်လောင်းနနွင်းကတော့ ကျပ် ၁၀၀၀ အောက်မှာ သာရှိတော့တယ်လို့ အောင်ပန်းပွဲရုံတွေက သိရပါတယ်။ ဧဧခိုင်
အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း နိုဝင်ဘာ၂ ရက်မှာနနွင်းလက်ငင်းဈေး ရူပီး ၂၀၀၀ (ကန်ဒေါ်လာ ၄၁) ကျဆင်းခဲ့ပါတယ်။ ကျေးလက်ဒေသများမှာ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် အမှာအော်ဒါများရှိပေမယ့် တောင်သူ များဈေးကွက်ကို သယ်ယူမှုအခက်အခဲဖြစ်သလို ကုန်သည်များကလည်း မိုးရွာသွန်းတဲ့အတွက် နနွင်းထုပ်ပိုး သယ်ဆောင်ရာမှာ ခက်ခဲတဲ့အတွက် ဝယ်ယူမှု ရပ်ဆိုင်းထားတယ်လို့ အီရော့ နနွင်းကုန်သည်များအသင်း ဥက္ကဌမစ္စတာ အာကေဗွီရာဗီရှန်ကာမှ ပြောကြားပါတယ်။ ဈေးကွက်မှာ ၃၀-၃၅ ရာခိုင်နှုန်းသာ ရောင်းချရတယ်လို့ ဆိုပါတယ်။ နနွင်းစိုက်ပျိုးတဲ့ အင်ဒရာပဒေ့ရှ်နဲ့ အနီးအနားပြည်နယ်များမှာ မိုးရွာသွန်းနေခြင်းကြောင့် နနွင်းအထွက် ပိုကောင်းမယ့် အလားအလာလည်း ဈေးနှုန်းကို ကျဆင်းစေပါတယ်။ တောင်သူလက်ထဲမှာ နနွင်းအိတ် ၁၀ သိန်းကျော်ခန့်ရှိနေပြီး၊ လာမယ့် သီတင်းပတ်များမှာ ထုတ်ရောင်းမှာဖြစ်လို့ ဈေးထပ်မံကျဆင်းမယ်လို့လည်း ကုန်သည်များက ခန့်မှန်းကြပါတယ်။ ဒါပေမယ့် တောင်သူတွေ လက်ရှိဈေးနဲ့ အကျိုးရှိနေတယ်လို့ ဆိုပါတယ်။ ပြည်ပတင်ပို့မှု နည်းနေဆဲဖြစ်ပေမယ့် လာမယ့် သီတင်းပတ်မှာတော့ ဥရောပ၊ အမေရိကန်၊ အနောက်အာရှနဲ့ ဂျပန်တို့က ဝယ်လိုအားတက်လာဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါ တယ်။ အီရော့ နနွင်းကုန်သည်များအသင်း ဈေးဝင်းမှာ နနွင်းလက်ချောင်းဈေး တစ်တန် ရူပီး ၃၂၀၉၀-၅၃၂၉၀(ကန်ဒေါ်လာ ၆၅၃-၁၀၈၄)ရှိပြီး၊ နနွင်းဥတစ်တန် ရူပီး ၃၁၉၉၀-၅၀၃၆၀ (ကန်ဒေါ်လာ ၆၅၀-၁၀၂၄)ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယမင်းခင်၊ Source: Hindubusiness
အောက်တိုဘာလ ၂၆ ရက်မှ နိုဝင်ဘာလ ၁ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၁၆၀၀ တန်ဖိုးရှိ နနွင်းတက် ၁ တန် စစ်တွေနယ်စပ်မှ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နယ်စပ်မှ ၃၃ တန်ခန့် အပို့ရှိခဲ့ပေမဲ့ ယခုအပတ်မှာတော့ မူဆယ်ကအပို့ မရှိခဲ့ပါဘူး။ MIRT(DOBT)
အောက်တိုဘာ ၂၃ ရက်မှ ၂၉ ရက်တာ ကာလအတွင်း နနွင်း ၄ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက မလေးရှားပဲဖြစ်ပါတယ်။ ယခင် သီတင်းပတ်က ကိုရီးယားနိုင်ငံကို တင်ပို့ခဲ့တာ ဖြစ်ပြီး ယခင်သီတင်းပတ်ထက် ဒီတစ်ပတ်မှာ နနွင်းတင်ပို့မှုလျော့ခဲ့ပါတယ်။ ယခင် လများအတွက် နနွင်းတင်ပို့မှုမှာ တစ်ပတ်ကို အနည်းဆုံးတန်ချိန် တစ်ဆယ်အထက် မှာတင်ပို့နိုင်ခဲ့တာ တွေ့ရပြီး ဒီလထဲမှာ နနွင်းတင်ပို့မှုက လျော့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ နနွင်းတင်ပို့မှုက တစ်တန်ကို အက်ဖ်အိုဘီဈေးပျမ်းမျှ ကန်ဒေါ်လာ ၁၅၅၀ ရရှိခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ် လာ ၆၂၀၀ ရရှိခဲ့ပါတယ်။MIRT(DOT)
ဝယ်လိုအားအချို့နဲ့ ကုန်လက်ကျန်လျော့နည်းမှုကြောင့် ငရုတ်ကောင်းဈေးနှုန်း အသင့်အတင့် ပြန်လည် ကောင်းမွန်လာနိုင်ကြောင်း သိရှိရပါတယ်။ ကာရာလာနဲ့ ကာနာတာကား ပြည်နယ်တွေမှာ ငရုတ်ကောင်း ထုတ်လုပ်မှုက အနည်းငယ်သာ တိုးတက်နိုင်ပြီး ငရုတ်ကောင်း အသစ်ဈေးကွက်ကို ဝင်ရောက်မှုက အကန့် အသတ် ရှိနိုင်တယ်။ အမေရိကန်ဒေါ်လာနဲ့ ရူပီးလဲလှယ်ရာမှာ အမေရိကန်ဒေါ်လာတန်ဖိုး တက်ခြင်းကလည်း ပို့ကုန်အတွက် အကျိုးဖြစ်ထွန်းနိုင်မှာဖြစ်သလို ကမ္ဘာ့ငရုတ် ကောင်းထုတ်လုပ်မှုလျော့ကျမှုနဲ့ ဝယ်လိုအား မြင့်တက်မှုကြောင့် ငရုတ်ကောင်းဈေး နှုန်းက ကာလတိုမှ ကာလရှည်အထိမြင့်တက်နိုင်ကြောင်း ကုန်သည်တွေက ခန့်မှန်း လိုက်တယ်။ ဗီယက်နမ်ရဲ့ ငရုတ်ကောင်းသိုလှောင်ထားမှုက လျော့နည်းသွားကြောင်း အစီ ရင်ခံစာတွေအရ သိရှိရပြီး ဘရာဇီးနဲ့ အင်ဒိုနီးရှားတို့ရဲ့ ငရုတ်ကောင်းထုတ်လုပ်မှု ကလည်း ကျဆင်းသွားနိုင်တယ်။ အိန္ဒိယမှာလည်း ပိုမိုအကျိုးအမြတ်ရရှိမယ့် သီးနှံ ကို ပြောင်းလဲ စိုက်ပျိုးနေကြရာ ငရုတ်ကောင်းထုတ်လုပ်မှုကို ထိခိုက်မှာဖြစ်တယ်။ အိန္ဒိယနိုင်ငံ ဟင်းခတ်အမွှေးအကြိုင်အသင်းရဲ့ နောက်ဆုံးအစီရင်ခံစာအရ ငရုတ်ကောင်းတင်ပို့မှုက ၂၀၁၀ ခုနှစ် ဧပြီလမှ သြဂုတ်လအတွင်း တန်ချိန် ၇၈၀၀ မှ ၂၀၁၁ ခုနှစ် အလားတူကာလအတွင်း ၁၂ ရာခိုင် နှုန်းမြင့်တက်ကာ တန်ချိန် ၈၇၅၀ တင်ပို့နိုင်ခဲ့ကြောင်း သတင်းရရှိပါတယ်။ အေးမွန်မွန်လှိုင်၊Source: commodityonline.com
အောင်ပန်းနဲ့ တောင်ကြီးဈေးကွက်တွင် ချင်းဟောင်းလက်ကျန်မရှိတဲ့အတွက် ချင်းစိုက်တောင်သူများမှ အရင့်လိုသေးပေမယ့် ပစ္စည်းပြတ်နေတာကြောင့် တူးဖော် ရောင်းချလျက်ရှိပါတယ်။ ယခုတစ်ပတ်မှာလည်း ချင်းအသစ်ကို လှောင်လက်များမှ အဝယ်မရှိသေးဘဲ လက်လီလက်ကားရောင်းဝယ်သူများနဲ့ ဧရာဝတီတိုင်းဒေသ ကြီး၊ ရခိုင်ပြည်နယ်တို့သို့ တင်ပို့မှုအပါအဝင် ၂၅ ပိဿာဝင် တောင်း ၂၂၀ ခန့်နဲ့ အရောင်းအဝယ် အေးလျက်ရှိနေပါတယ်။ ပြည်ဈေးကွက်ကို ယခုတစ်ပတ် တောင်း ၅၀၀ ခန့်စီးဝင်မှုရှိခဲ့ပြီး၊ ဈေးနှုန်းမှာ တစ်ပိဿာကို ချင်းတက် (ရှယ်) ၁၀၀၀ ကျပ်၊ (ဂျွန်) ၈၀၀ ကျပ်၊ ချင်း(ဓားလှီး) ၁၂၀၀ ကျပ်တို့ဖြစ်ပြီး၊ ယခင်အပတ်အတိုင်း ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရ ပါတယ်။ ဝင်းလဲ့ဝါ
ဒီတစ်ပတ်အတွင်း အောင်ပန်းဈေးကွက်ကို ချင်းသစ်တွေအဝင်နည်းနေပါတယ်။ တောင်သူတွေက ရှမ်းပြည်နယ်ရဲ့ဓလေ့အတိုင်း ကထိန်အလှူပွဲတွေ လုပ်နေ တာရယ်၊ ချင်းဈေးကလည်း ထင်ထားသလောက် ဈေးမရတာ ရယ်ကြောင့် မဖော်ကြဘူးလို့ ပွဲရုံတွေကသိရပါတယ်။ အောင်ပန်းဒေသတစ်ဝိုက်ကသာ အနည်း အကျဉ်း ဝင်လာပြီး၊ ပင်လောင်းဖက်ကတော့ အဝင်မရှိသလောက်ဖြစ်နေပါတယ်။ အဝင်ကလည်း တစ်ရက်ကိုပိဿာချိန် ရာဂဏန်း လောက်သာ ဝင်ရောက်မှုရှိပြီး၊ မကွေး၊ တောင်ငူ၊ မန္တလေးက ချင်းထိုးသမားတွေ ဝယ်ယူနေတာကြောင့် အရင် တစ်ပတ်ကထက် ဈေးတက်လာပါတယ်။ ချင်းသစ်ဈေးက တစ်ပိဿာ ၄၀၀ ကျပ်၊ ၄၅၀ ကျပ်ဈေးရှိပါတယ်။ ချင်း (ဥမ)ကတော့ တစ်ပိဿာ ၄၀၀ ကျပ်ဈေးရှိပေမဲ့ ပစ္စည်းလက်ကျန်က မရှိတော့ဘူးလို့ သိရပါတယ်။ ချင်းခြောက်က လက်ကျန်အတော် များများကျန်နေသေး တယ်လို့သိရပြီး၊ တစ်ပိဿာကို ၂၀၀၀ ကျပ်မှ ၂၃၀၀ ကျပ်ဈေးရှိပါတယ်။ လှောင်လက်အချို့ကတော့ တစ်ပိဿာ ၂၅၀၀ ကျပ်ရမှသာ ရောင်းနိုင် မယ်ဆိုလို့ အရောင်း အဝယ်ကတော့ သိပ်မဖြစ်ပါဘူး။ တောင်ကြီးဈေးကွက်မှာတော့ ဟိုပုံးချင်းခြောက် တစ်ပိဿာ ၂၅၀၀ ကျပ်၊ ၂၆၀၀ ကျပ်ဈေး ရှိတယ်လို့သိရပါတယ်။ ဧဧခိုင်
ဒီသီတင်းပတ်ဖြစ်တဲ့ အောက်တိုဘာ ၂၃ ရက်မှ ၂၉ ရက်တာကာလအတွင်း ချင်း ၁၂ တန်ကို စင်ကာပူနိုင်ငံကို တင်ပို့ခဲ့ပါတယ်။ အောက်တိုဘာလမှာ နှစ်ပတ် ဆက်တိုက်အပို့ပျောက်ခဲ့တဲ့ ချင်းက နှစ်ပတ်ပြန်လည်အပို့ရှိခဲ့ပါတယ်။ ယခင်သီတင်းပတ် ၂၂ တန် တင်ပို့နိုင်ခဲ့ပေမဲ့ ဒီတစ်ပတ်မှာ ၁၂ တန်သာ တင်ပို့နိုင်ခဲ့လို့ ဒီ တစ်ပတ်ချင်းအပို့လျော့ခဲ့တယ်လို့ ဆိုရပါမယ်။ ဒီသီတင်းပတ်မှာလည်း အက်ဖ်အို ဘီဈေးတစ်တန်ကို ကန်ဒေါ်လာ ၁၄၄၀ ရရှိခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေကန်ဒေါ်လာ ၁၇၂၈၀ ရရှိခဲ့ပါတယ်။MIRT (DOT)