Background
အိန္ဒိယကုလားပဲ လက်ငင်းဈေးကွက်များမှာ လှောင်လက်များမှ ထုတ်ရောင်း နေတဲ့အပြင် ပဲခွဲစက်များမှလည်း အဝယ်မရှိတာကြောင့် ကုလားပဲ ဈေးကျဆင်း ခဲ့ပါတယ်။ ယခင်ရက်များက ဒေလီဈေးကွက်ကို ထရပ်ကား ၃၂-၃၃ စီးဝင် ရောက်မှုရှိပြီး ယင်းအနက် အရည်အသွေးနိမ့် ၆၀ ရာခိုင်နှုန်းဝန်းကျင်ကို ပဲခွဲစက်များမှဝယ်ယူခဲ့တယ်လို့ သိရပါတယ်။ ဈေးကွက်များမှာ ရောင်းချမှုများတာ ကြောင့် ကုလားပဲဈေးဆက်လက် ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေး ကွက်များမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများနှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။ ဒေါ်လာ/ တန် ၉-၁၁-၁၁ ၈-၁၁-၁၁ ၅-၁၁-၁၁ ၄-၁၁-၁၁ဒေလီ ၆၈၀-၆၈၅ ၇၁၅-၇၂၀ ၇၁၄-၇၂၀ ၇၁၀-၇၁၅ကန်ပါ ၇၃၀ ၇၅၀ ၇၄၃ ၇၃၅အာကိုလာ ၇၁၅ ၇၃၆ ၇၄၅ ၇၄၅MIRT(MAPT)
ပြည်တွင်းလက်ကျန်နည်းလာပြီဖြစ်တဲ့ ကုလားပဲကို ပြည်ပအဝယ်တန့်နေ ပြီဖြစ်လို့ ယခုတစ်ပတ် အရောင်းအဝယ်မဖြစ်ဘူးလို့ သိရပါတယ်။ ပင်လယ် ရေကြောင်းက တင်ပို့မှုအနေနဲ့လည်း ယခင်သီတင်းပတ်က တန် ၃၆၀ တင်ပို့နိုင်ခဲ့ပေမဲ့ ယခုတစ်ပတ်မှာ တန် ၁၀၀ ခန့်သာရှိတာ တွေ့ရပါတယ်။ လက်ကျန်ပဲများကို ပြည်တွင်းခွဲစက်များကသာ အဝယ်ရှိတယ်လို့ သိရပါတယ်။ ယခုဘဏ္ဍာနှစ် အတွင်းတင်ပို့မှုအနေနဲ့ နိုဝင်ဘာ ၄ ရက်အထိ စုစုပေါင်း တန်ချိန် ၆၄၀၀၀ ကျော်၊ ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၅၄ သန်းကျော်ရှိတယ်လို့ သိရပါတယ်။ ယခင်ဘဏ္ဍာနှစ် တစ်နှစ်လုံးမှာ တန်ချိန် ၈၅၀၀ ခန့်နဲ့ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၆ သန်းကျော် သာရှိခဲ့ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ နိုဝင် ဘာ ၁၁ ရက်မှာလည်း ယခင်သီတင်းပတ်ဈေးဖြစ်တဲ့ FAQ တစ်တန်ကန်ဒေါ်လာ ၉၈၀-၁၀၀၀ နဲ့ ငြိမ်နေပါတယ်။ MIRT(MAPT)
အောက်တိုဘာလမှာ ကန်ဒေါ်လာ ၂ ဒသမ ၁၅၈ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၂၇၃၇ တန်ခန့်ကို တစ်ဖက် တရုတ်နိုင်ငံသို့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် အပို့ရှိခဲ့ပါတယ်။ အနီးစပ်ဆုံးကာလထက် တန် ၄၃၄၀ ကျော်နဲ့ ယခင်နှစ်ကာလ တူထက် ၄၈၇၅ တန်ခန့် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ ဧပြီလမှ အောက်တိုဘာလထိ တန်ချိန် ၁၀၆၉၀၀ ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၉၈ သန်းဖိုး မူဆယ်နယ်စပ်မှ တင်ပို့ထားပြီးဖြစ်ပါတယ်။ တရုတ်မှ ပဲတီစိမ်းဝယ်ဈေးကျဆင်းခြင်း၊ ရာသီဥတုအေးလာတဲ့အတွက် ဝယ်လိုအားနည်းလာခြင်း၊ စက်တင်ဘာ လဆန်းပိုင်းမှစပြီး တရုတ်ဖက်မှာ ပဲသစ်ထွက်ချိန်ဖြစ်ခြင်းတို့ကြောင့် မိမိတို့ဘက်မှ ပဲတီစိမ်းတင်ပို့မှု ယခုအခါ လျော့နည်း ခဲ့ရပါတယ်။ ယမန်နှစ်အောက်တိုဘာလတွင် တရုတ်ဘက် ရွှေလီမှာ ပဲတီစိမ်းဝယ်ဈေးမှာ ယွမ် ၈၀၀၀ ရှိပြီး ယခု နှစ်မှာတော့ ယွမ် ၅၄၀၀-၅၈၀၀ ဈေးသာပေါက်လျက်ရှိပါတယ်။ ယခုဘဏ္ဍာနှစ် လအလိုက် မိမိဘက်နဲ့ တစ်ဘက် နိုင်ငံပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဖက်နိုင်ငံ(ယွမ်/တန်)ဧပြီလ ၈၁၆၅၂၀ ၉၆၀၀-၁၀၄၀၀မေလ ၉၀၃၆၀၀-၉၅၈၀၅၇ ၈၅၀၀-၈၉၀၀ဇွန်လ ၆၁၅၁၁၇-၇၄၀၃၁၇ ၇၅၀၀-၈၃၀၀ဇူလိုင်လ ၅၄၄၃၅၁-၅၈၇၈၉၉ ၆၄၀၀-၆၇၀၀သြဂုတ်လ ၅၄၄၃၅၁-၅၉၈၇၈၆ ၅၇၀၀-၆၁၀၀စက်တင်ဘာလ ၅၄၄၃၅၁ ၅၄၀၀-၅၈၀၀အောက်တိုဘာလ ၄၆၈၁၄၁-၄၈၉၉၁၆ ၅၀၀၀-၅၄၀၀ လတ်တလောမှာ ယာဉ်တန်ချိန် ကန့်သတ်ချက်အရ ကုန်သယ်ဆောင်နေရတဲ့အတွက် မန္တလေး-မူဆယ် ကုန်သယ် ယူခနှုန်းထားများဆက်တိုက်မြင့်တက်လာလျက်ရှိရာ အောက်တိုဘာလဆန်းပိုင်းမှာ ၁ ပိဿာ၄၅ ကျပ်မှ လကုန်ပိုင်းမှာ ကျပ် ၈၀ အထိမြင့်တက်ခြင်းသည်လည်း အဓိကကန့်သတ်ချက်ဖြစ်နေတယ်လို့ သုံးသပ်နေကြပါတယ်။ Source: နကသ၊ချမ်းမြေ့မောင်
အိန္ဒိယဈေးကွက်အများစုမှာ ပဲတီစိမ်းဈေးငြိမ်နေပေမဲ့ ဈေးကွက်အချို့မှာ ဈေးလျော့ကျခဲ့ပါတယ်။ ရာဂျက်စသန် ပဲတီစိမ်းထွက်ရှိရာဒေသများမှ ပဲအသစ်ဆက်လက်ဝင်ရောက်နေပြီး လှောင်လက်များမှလည်း ထုတ်ရောင်းနေတာကြောင့် ဈေးကျဆင်းခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ အရည်အသွေးကောင်းပဲများကတော့ ဈေးတည်ငြိမ်ရာမှ ခိုင်မာလာတယ်လို့ ဆိုပါတယ်။ ဈေးကွက်အတွင်း အရည်အသွေးနိမ့်ပဲများစွာ ဝင်ရောက်တာကြောင့် လာမယ့်ရက် များမှာလည်း ဈေးထပ်မံကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်များမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၉-၁၁-၁၁ ၈-၁၁-၁၁ ၅-၁၁-၁၁ ၄-၁၁-၁၁မွန်ဘိုင်း (တန်ဇန်းနီးယား) ၈၂၁ ၈၃၃ ၈၂၂ ၈၂၂ဒေလီ ၄၆၃-၇၀၅ ၄၉၀-၇၁၅ ၄၉၀-၇၁၄ ၄၉၀-၇၀၉အာကိုလာ ၆၀၄-၈၈၆ ၆၁၃-၈၇၉ ၆၅၃-၈၅၇ ၆၅၃-၈၅၈MIRT(MAPT)
မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ရှိ ပဲပြောင်းနှမ်းလယ်ယာထွက်ကုန် ကုန်စည်ဒိုင်သို့ နိုဝင်ဘာလ ၂ ရက်မှ ၈ ရက်ထိကာလအတွင်း ပဲတီစိမ်းကား တစ်နေ့ပျမ်းမျှ ၂ စီးမှ ၃ စီးခန့် အဝင်ရှိနေတယ်လို့ သိရပါတယ်။ ယခု အပတ်အတွင်း ကန်ဒေါ်လာ ၀ ဒသမ ၃၅၂ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၄၄၁ တန် အပို့ရှိခဲ့ရာ ယခင် အပတ်ကထက် တန် ၂၆၀ ကျော် တင်ပို့မှုပိုမိုခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်၊ ဧပြီလမှ အောက်တိုဘာလထိ နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ပဲတီစိမ်း ၁၂၁၄၆၄ တန် တင်ပို့ထားပြီး ဖြစ်ပါတယ်။ ယခုအပတ် မိမိဘက်ပဲတီစိမ်း မြေပြင်ပေါက်ဈေးမှာတစ်တန်ကို ယခင်အပတ်ဈေး ထက် ကျပ် ၄၆၆၀၀ ကျော် ဈေးမြင့်လျက်ရှိသော်လည်း တစ်ဖက်နိုင်ငံ ဈေးမှာ သိသိသာသာ မပြောင်းလဲဘူးလို့ သိရပါတယ်။ မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲတီစိမ်း ၆၁၆၂၆၄ ၅၆၉၆၅၄ ၄၆၆၁၀ ၈ ၈၅၄ ၈၅၃ ၁ ၀ .၁MIRT(MAPT)
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ်ပတ် တောင်ငူပဲတီစိမ်းသစ်နဲ့ ပခုက္ကူ ပဲတီစိမ်းအချို့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၄၉၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုတစ်ပတ်(နိုဝင်ဘာလ၄ ရက်မှ ၁၁ ရက်)အတွင်းမှာတန်ချိန် ၄၆၀၀ခန့်အရောင်းအဝယ် စာချုပ်နိုင်တယ်လို့ သိရပါတယ်။ အိန္ဒိယဈေးကွက်တွေကို ဝင်လာတဲ့ ပဲတီစိမ်းအသစ်များမှာ အရည်အသွေးနိမ့်များပြီး အရည်အသွေးကောင်း နည်းတဲ့ အတွက် ဝယ်လက်များအနေနဲ့ အရည်အသွေးကောင်းပဲတီစိမ်းကို ဝယ်ယူလာဖွယ် ရှိကြောင်း ကုန်သည်များမှ ခန့်မှန်းကြ ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ပြောင်းလဲမှုမရှိဘဲ FAQ (အညာ) တစ်တန် ကန်ဒေါ်လာ ၇၂၀-၇၄၀၊ ပခုက္ကူ တစ်တန် ကန်ဒေါ်လာ ၇၄၀-၇၆၀ နဲ့ ပဲတီရွှေဝါအကြီး တစ်တန် ကန်ဒေါ်လာ ၈၈၀-၉၀၀ နဲ့ ငြိမ်နေကြောင်း သိရပါတယ်။ MIRT(MAPT)
ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုကတော့ တစ်ပတ်ထက်တစ်ပတ်လျော့ကျနေပါတယ်။ ယခင်သီတင်းပတ်မှာ တန် ၁၅၀၀ ခန့် တင်ပို့မှုရှိခဲ့ရာမှ ယခုတစ်ပတ် (အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၄ ရက်)အတွင်းမှာ တန် ၁၂၀၀ ကျော် သာ တင်ပို့နိုင်တာတွေ့ရပါတယ်။ အောက်တိုဘာလ တစ်လလုံးမှာ ပဲတီစိမ်းတန်ချိန် ၇၁၀၀ ကျော်သာတင်ပို့နိုင်ခဲ့ပြီး စက်တင်ဘာလမှာ တန်ချိန် ၁၄၀၀၀ ခန့်တင်ပို့ခဲ့ပါတယ်။ ၂၀၁၀ အောက်တိုဘာလအတွင်းမှာတော့ တန်ချိန် တစ်သောင်းကျော် တင်ပို့မှုရှိခဲ့လို့ ယခုနှစ်ကာလတူမှာ တင်ပို့မှု လျော့ကျတာ တွေ့ရပါတယ်။ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်အတွင်း နိုဝင်ဘာလ ၄ ရက်နေ့အထိ ပဲတီစိမ်း တင်ပို့မှုတန်ချိန် နှစ်သိန်းကျော်ရှိပြီး ဝင်ငွေ အားဖြင့် ကန်ဒေါ်လာ ၁၉၈ သန်းကျော်ရရှိပါတယ်။ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ် ကာလတူတင်ပို့မှုအနေနဲ့ တန်ချိန် ၁၅၂၀၀၀ ကျော် သာရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၈၀ သန်းကျော်ရရှိခဲ့လို့ ယခုနှစ်တင်ပို့မှု ပမာဏ ၅ သောင်းကျော်ပိုမိုပေမဲ့ ဝင်ငွေအားဖြင့် လျော့ကျတာတွေ့ရပါတယ်။ လာမယ့်သီတင်းပတ်မှာတော့ အနည်းငယ် ပိုတင်ပို့နိုင်မယ်လို့ ကုန်သည်များ ခန့်မှန်း ကြပါတယ်။MIRT- MAPT
အရောင်းအဝယ် အသင့်အတင့်ရှိ ယခုတစ်ပတ် (အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၄ ရက်)အတွင်း ပင်လယ်ရေကြောင်းက မြေထောက်ပဲ တင်ပို့မှု ၂၆ တန်သာရှိခဲ့ပါတယ်။ တင်ပို့မှုအနေနဲ့ ယခင်တစ်ပတ် များထက် သိသိသာသာလျော့ကျခဲ့ပါတယ်။ ဒီတစ်ပတ်မှာလည်း ဖိလစ်ပိုင်နဲ့ အိန္ဒိယကို တင်ပို့တာဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာတော့ မြေထောက်ပဲ တန် ၃၀၀ ကျော် အရောင်းအဝယ်ဖြစ်လို့ ယခင် သီတင်းပတ် အရောင်းအဝယ်ဖြစ်တဲ့ တန် ၁၃၅ ထက် ပိုမိုခဲ့ပါတယ်။ အောက်တိုဘာလ တစ်လလုံးမှာ မြေထောက်ပဲ တန်ချိန် ၉၃၀ ခန့်သာပြည်ပတင်ပို့နိုင်ပြီး စက် တင်ဘာလအတွင်းမှာ တန်ချိန် ၁၇၀၀ ကျော်တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ အခြားပဲများထဲမှာ စင်ကာပူကို ပဲယင်း ၂၅ တန်နဲ့ စင်ကာပူနဲ့ မလေး ရှားကို ပဲကြီး ၅ တန်ကျော် တင်ပို့နိုင် ခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ပြောင်းလဲခြင်းမရှိဘဲ နိုဝင်ဘာလ ၁၁ ရက်မှာလည်း မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၄၀-၇၆၀၊ ပဲယင်း တစ်တန် ကန်ဒေါ်လာ ၄၈၀-၅၀၀ အသီးသီးရှိ ကြောင်း သိရပါတယ်။ MIRT(MAPT)
ဈေးကွက်တွေထဲမှာ လက်ကျန်နည်းလာပြီဖြစ်တဲ့ ပဲလွန်းဖြူဟာ တင်ပို့မှုလည်း လျော့နည်းလာတာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၁၈၅ တန်ခန့် တင်ပို့မှုရှိခဲ့ရာမှ ယခုသီတင်းပတ် (အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၄ ရက်)အတွင်း မှာ ၇၆ တန်သာ တင်ပို့ခဲ့တာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံများကတော့ အိန္ဒိယ၊ မလေးရှားနဲ့ တောင်ကိုရီးယား တို့ဖြစ်ပါတယ်။ အောက်တိုဘာလ တစ်လလုံး အတွင်း ပဲလွန်းဖြူ တန်ချိန် ၁၂၀၀ ကျော်တင်ပို့မှုရှိခဲ့ပြီး စက်တင်ဘာလမှာ တန်ချိန် ၆၆၀ခန့်သာတင်ပို့နိုင်တာတွေ့ ရ ပါတယ်။ ၂၀၁၀ အောက်တိုဘာလ အတွင်းမှာတော့ ပဲလွန်းဖြူတန် ၈၅၀ ခန့် တင်ပို့တာတွေ့ရပါတယ်။ လာမယ့် သီတင်းပတ်တွေမှာလည်း တင်ပို့မှု လျော့ကျဖွယ်ရှိတယ်လို့ခန့်မှန်းကြပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ နိုဝင်ဘာ ၄ ရက်မှ ၁၁ ရက်အတွင်း တန် ၁၉၀ ခန့်ရှိပြီး FOB ဈေးများအနေနဲ့ ယခင်သီတင်းပတ်အတိုင်း နိုဝင်ဘာလ ၁၁ ရက်မှာလည်း FAQ တစ်တန် ကန်ဒေါ်လာ ၇၉၀-၈၁၀ နဲ့ SQ တစ်တန် ကန်ဒေါ်လာ ၉၀၀-၉၂၀ အသီးသီးရှိကြောင်း သိရပါတယ်။ MIRT(MAPT)
မုံရွာကုန်စည်ဒိုင် နိုဝင်ဘာလပထမပတ် ပဲဈေးကွက်မှာ အဓိက Export ပဲတွေဖြစ်ကြတဲ့ ပဲတီစိမ်းကြီး၊ မတ်ပဲနဲ့ V2 တို့ ပစ္စည်းလက်ကျန်မရှိ ဈေးကွက် ပျောက်ချိန်မှာ ဒေသခံကုန်သည်တွေရဲ့ စိတ်ဝင်စားမှုက ပဲစင်းငုံနီ ထံ ရောက်ခဲ့ကာ ရန်ကုန်အဝယ်အော်ဒါရှိသူရော၊ ဒေသကုန်သည်ပါ အဝယ်အရောင်းရှိခဲ့လို့ ဈေးကွက်သက်ဝင် လှုပ်ရှားခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်မှာ ပဲစင်းငုံနီ တစ်တင်းအနိမ့်ဆုံး ၁၂၉၀၀ ကျပ်မှ အမြင့်ဆုံး ၁၃၇၀၀ ကျပ်အတွင်း ပေါက်ဈေးဖြစ်ပေါ်ခဲ့ပြီး၊ ရန်ကုန်ဝယ်လက်က ကြိုက်ဈေးရရင် ဝယ်ယူ အားကောင်းလို့ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက် တင်း ၁၀၀၀ မှ ၁၅၀၀ ကြား အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ယခုတစ်ပတ်အတွင်း စီးဆင်းမှုအနေနဲ့ ကုန်းလမ်းကနေ မန္တလေးကို တင်း ၁၅၀၀ ခန့်နဲ့ ရေလမ်းကနေ တင်း ၅၀၀၀ ခန့် ရှိခဲ့တယ်လို့ ဈေးကွက်က ဆိုပါတယ်။ ထွန်းလှိုင်
