Background
အောက်တိုဘာလ ၁၂ ရက်မှ ၁၈ ရက်ထိ ကာလအတွင်း မြန်မာတရုတ်နယ် စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ကန်ဒေါ်လာ ၄ ဒသမ ၁၀၈ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၄၆၇၆ တန် အပို့ရှိခဲ့ပါတယ်။ ယခင် အပတ်က မူဆယ်မှတင်ပို့တဲ့ ပြောင်းဖူးစေ့ထက် တန် ၁၅၇၇ တန်ကျော် ယခု အပတ်မှာ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မိမိဘက်မြေပြင်ဈေးကျနေသော်လည်း တစ်ဖက် နိုင်ငံဈေးမှာ ပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံမှ ပြောင်းဖူးစေ့နဲ့ နှံစားပြောင်းမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၂၃၀၀၂ ၂၆၂၅၅၉ ၃၉၅၅၇ ၁၆ ၂၉၂ ၂၉၂ - -နှံစားပြောင်း ၂၄၁၁၁၀ ၂၅၉၀၀၀ ၁၇၈၉၀ ၇ ၃၆၁ ၃၆၁ - -MIRT (DOBT)
အောက်တိုဘာ ၉ ရက်မှ ၁၅ ရက် အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန်၁၇၅၉၊ တန်ဖိုး ဒေါ်လာ သုညဒသမ ၅၁၇ သန်းဖိုး အိန္ဒိယ၊ ဗီယက်နမ်၊စင်ကာပူ နိုင်ငံများကို တင်ပို့ခဲ့ပါတယ်။ယခင်အပတ်က တန် ၂၇၀၀ ကျော် တင်ပို့ခဲ့တာကြောင့် ယခုအပတ်တန် ၁၀၀၀ ခန့် အပို့လျော့ခဲ့တာ တွေ့ရပါတယ်။ ပင်လယ်ရေကြောင်းမှ အပို့လျော့ပေမယ့် နယ်စပ်ကုန်သွယ်ရေးကနေ တန် ၁၄၀၀၀ ကျော် တင်ပို့နိုင်တာတွေ့ရပါတယ်။ လက်ရှိ FOB ရန်ကုန်ဈေးကတော့ ပြောင်းလဲမှု မရှိဘဲ ပြောင်းတစ်တန်ကို ဒေါ်လာ (၂၉၀ - ၃၀၅) ကြား ဈေးပေါက် လျက်ရှိပါတယ်။ KZW
ကမ္ဘာ့အကြီးဆုံးရော်ဘာထုတ်လုပ်သူဖြစ်တဲ့ ထိုင်းနိုင်ငံမှာ ရေကြီးမှုကြောင့် ကုန်ပစ္စည်းများကို ဆိပ်ကမ်းနဲ့ စက်ရုံတွေကို ပို့ဆောင်ဖို့အတွက် သယ်ယူပို့ဆောင်ရေး အခက်အခဲရှိတာကြောင့် တိုကျိုကုန်စည်ဒိုင်မှာ ရော်ဘာအလားအလာက ယခု တစ်ပတ်အတွင်း အကောင်းဘက်ကိုရောက်လာကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံရဲ့ ရေကြီးမှုဟာ ရော်ဘာဖြန့်ဝေမှုအတွက် အဟန့်အတားဖြစ်နိုင်ဖွယ်ရှိကြောင်း စင်္ကာပူရှိ Phillip Futureukr ကုမ္ပဏီမှ သုတေသီက ပြောကြားခဲ့ပါတယ်။ တကယ်လို့ ရေကြီးမှုဟာ ရော်ဘာအဓိကစိုက်ပျိုးတဲ့ဒေသဖြစ်တဲ့ တောင်ပိုင်းဒေသအထိ ပြန့်နှံ့ခဲ့ရင် ထိခိုက်မှုရှိနိုင်ပြီး တိုကျိုကုန်စည်ဒိုင်ရဲ့ မတ်လအတွက် ရော်ဘာဈေးနှုန်းက ၁ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ကာ တစ်ကီလိုကို (၃၂၂) ယန်း အထိ ရောက်ရှိခဲ့ကြောင်း သိရပါတယ်။ အာရှရဲ့ ရော်ဘာဈေးနှုန်းက TOCOM ရဲ့ ရော်ဘာစာချုပ်များပေါ်မှာ လွှမ်းမိုးနေပြီး ရေနံနှင့် အခြားကုန်ပစ္စည်းများပေါ်မှာလည်း အလားတူသက်ရောက်မှုရှိကြောင်း သိရပါတယ်။ Source: Reuters,KZW
၂၀၁၀-၂၀၁၁ မှာ ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ရော်ဘာစိုက်ဧက ၉၅၅၊ အစေးခြစ်ဧက ၈၇၊ အထွက်နှုန်း ၇၉၉ ပေါင်နဲ့ စုစုပေါင်းအထွက်ပေါင် ၇၀၀၀၀ ( ၃၁ ဒသမ ၅ မက်ထရစ်တန်)ထွက်ခဲ့ပါတယ်။ ၂၀၁၁-၂၀၁၂ ခုနှစ်မှာ စိုက်ဧက ၁၀၀၀ မှ ၂၀ ရာခိုင်နှုန်းခန့်တောမီးများကြောင့် မီးလောင်ဆုံးရှုံးခဲ့သော်လည်း စိုက်ဧက ၈၀၀ ကျော်မှ ၉၂ ဧက အစေးခြစ်နိုင်ပြီး ယခင်နှစ်ကထက် အစေးခြစ်ဧက ပိုလာပါတယ်။ ယခုနှစ်မိုးများခြင်းကြောင့် ဧပြီလမှ သြဂုတ်လကုန်အထိ ပေါင် ၄၀၀၀ သာထွက်ပြီး အထွက်နှုန်း ၈၉၀ ဒသမ ၉၂ ပေါင် ထွက်ရှိပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ၂၀၁၁-၂၀၁၂ ခုနှစ် ရော်ဘာအထွက် လျာထားမှုမှာ ပေါင် ၈၀၀၀၀ ဖြစ်ပါတယ်။ အစေးခြစ် ဧက ၉၂ ဒသမ ၅ မှ အထွက်နှုန်း ၈၉၀ ဒသမ ၉၂ ပေါင်ဖြင့်တွက်ပါက အထွက် ၈၂၄၁၀ ပေါင် (၃၇ ဒသမ ၃၉ မက်ထရစ်တန်)ဖြစ်လို့ လျာထားချက်ထက် ပိုထွက်နိုင်မှာဖြစ်ပါတယ်။ ရော်ဘာဟာ အခွန်ကင်းလွတ်ခွင့်ရ သီးနှံဖြစ်ပြီး ဒေသတွင်းရော်ဘာပေါက်ဈေး အနေနဲ့ တစ်ပေါင် ၁၂၀၀ ကျပ်မှ ၁၈၀၀ ကျပ်ပေါက်ဈေးရှိရာ ရှမ်းပြည်နယ် တောင်ပိုင်းအနေနဲ့ နှစ်စဉ်ရော်ဘာစိုက်ဧကနဲ့ အထွက်များ တိုးတက်လျက်ရှိကြောင်း သိရပါတယ်။ သန်းတိုး
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းများ မှတစ်ဆင့် ကန်ဒေါ်လာ ၁ ဒသမ ၄၆၈ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၃၃၂ တန်ကို အောက်တိုဘာလ ၁၀ ရက်မှ ၁၈ ရက်ထိ ကာလအတွင်း အပို့ ရှိခဲ့ပါတယ်။ နယ်စပ်အလိုက်တင်ပို့နိုင်မှုများကတော့ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၀၈ သန်းတန်ဖိုးရှိ RSS-3 ၂၄ တန်၊ ကန်ဒေါ်လာ သုည ဒသမ ၉၀၈ သန်းတန်ဖိုးရှိ MSR -20 ၂၀၄ တန်၊ ကန်ဒေါ်လာ သုညဒသမ ၁၉၁ သန်းတန်ဖိုးရှိ MSR -50 ၄၄ တန်နဲ့ မြိတ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၂၆၁ သန်းတန်ဖိုးရှိRSS-5 ၆၀ တန် အသီးသီး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ်လျှင် ၄၆ တန် အပို့လျော့ခဲ့ပြီး ရော်ဘာအဆင့်လိုက် နှိုင်းယှဉ်မယ်ဆိုလျှင် RSS-3 ၂၂၈ တန် အပို့လျော့ပြီး MSR -20 ၉၆ တန်၊MSR -50 ၂၅ တန် တင်ပို့မှုပိုမိုခဲ့ပါတယ်။ သယ်ယူပို့ဆောင်စရိတ်များ မြင့်တက် နေတဲ့အတွက် ရော်ဘာအပို့လျော့ည်းလျက်ရှိပါတယ်။ ရော်ဘာ ၁ ပိဿာလျှင် သယ်ယူစရိတ် ၈၀ ကျပ်နှုန်းဖြစ်ပြီး ယခင်အပတ်ကထက် ၁၀ ကျပ် ပိုမိုခဲ့တယ်လို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ရော်ဘာပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS - 3 ၃၄၂၅၈၆၀ ၃၄၁၃၈၀၀ ၁၂၀၆၀ ၀ .၄ ၄၁၅၇ ၄၁၅၈ ၁ ၀ .၀၂RSS - 5 ၃၃၁၂၃၇၉ ၃၃၀၀၃၁၉ ၁၂၀၆၀ ၀ .၄ ၄၀၁၁ ၄၀၀၁ - -MIRT (DOBT)
အောက်တိုဘာလ ၉ ရက်မှ ၁၅ ရက်အထိ ကာလ အတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၄၃၃ တန် မလေး ရှားနဲ့ စင်ကာပူကို တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကတန် ၂၀၀ ခန့်သာ တင်ပို့ခဲ့ပါတယ်။ ရော်ဘာ စတင်ထွက်တဲ့ရာသီဖြစ် တာကြောင့် တင်ပို့မှု တဖြည်းဖြည်း တက်လာတာဖြစ်ကြောင်း သိရပါတယ်။ နယ်စပ်ကုန်သွယ်ရေးကတော့ ၃၃၂ တန် တင် ပို့ပြီး မှန်မှန်လေးသွားနေတာ တွေ့ရပါတယ်။ FOB (ရန်ကုန်) ဈေးနှုန်းကတောRSS-3, MSR -20 တစ်တန်ကို ဒေါ်လာ ၄၀၀၀ နဲ့ RSS-5 တစ်တန်ကို ဒေါ်လာ ၃၉၀၀ အသီးသီး ဈေးရှိကြောင်း သတင်းရရှိပါတယ်။ KZW
ရွေးကောက်ပွဲအတွက် ပိတ်ရက် ၃ ရက်ပြီးတဲ့နောက် အိန္ဒိယ ဈေးကွက်များကို နနွင်းဝင်ရောက်မှုများ လာတာကြောင့် လက်ငင်းဈေးတစ်တန်ရူပီး ၁၀၀၀-၄၀၀၀(ကန်ဒေါ်လာ ၂၀ ဒသမ ၁၉ - ၈၀ ဒသမ ၇၇) ခန့် ကျဆင်းခဲ့ပါတယ်။ ကုန်သည် များဟာ အမှာအော်ဒါများရရှိထားပေမယ့် ဝင်ရောက်လာတဲ့ နနွင်းအရည်အသွေးညံ့ တဲ့အတွက် ဈေးလျှော့ပေးတယ်လို့ အီရော့နနွင်းကုန်သည်များအသင်းဥက္ကဌ မစ္စတာအာကေဗွီရာဗီရှန်ကာမှ ပြောကြားပါ တယ်။ အလားတူကြိုပွိုင့်ဈေး ကွက်မှာ လည်း ၂ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ ဒါပေမယ့် အရည်အသွေးကောင်းနနွင်းကိုတော့ ရူပီး ၁၀၀၀(ကန်ဒေါ်လာ ၂၀ ဒသမ ၁၉)တိုးမြှင့်ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။ ကုန်သည်များဟာ အိန္ဒိယမြောက်ပိုင်းမှ အမှာအော်ဒါများ ဖြည့်ဆည်းဖို့ ဝယ်ယူနေကြတဲ့အတွက် ဈေးကွက်ကို ဝင်ရောက်လာတဲ့ နနွင်းများအနက် ၆၀ ရာခိုင်နှုန်း ရောင်းထွက်ခဲ့တယ်လို့ သိရပါတယ်။ တောင်သူများအနေနဲ့ ဒီဝါလီပွဲတော်အတွက် ငွေလိုအပ်နေပြီး၊ ရာသီကုန်ဆုံးတော့မှာဖြစ်လို့ သိုလှောင် မထားလိုတဲ့ အတွက် ဈေးအနိမ့်မှာ ထုတ်ရောင်းနေကြတယ်လို့ ဆိုပါတယ်။ တောင်သူလက်ထဲမှာ နနွင်းအိတ် ၁၀ သိန်းခန့်ရှိနေသေးတာ ကြောင့် ယင်းလက်ကျန်များကို ဒီဇင်ဘာလ တတိယသီတင်းပတ် နနွင်းသစ်ဝင်ရောက် မလာမီ ၂ လအတွင်း ရောင်းချရတော့ မယ်လု့ိ ကုန်သည်များက ဆိုပါတယ်။ နောက်ဆုံးစာရင်းအရ နနွင်းစိုက်ပျိုးမှုဟာ လွန်ခဲ့တဲ့ သီတင်းပတ်များထက် မြန်ဆန်လာနေပေမယ့် စိုက်ဧရိယာကတော့ ယခင်နှစ်နဲ့ ယှဉ်ရင် ၂ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းပြီး၊ ပုံမှန်ရာသီထက် ၆ ဒသမ ၆၅ ရာခိုင်နှုန်း ပိုမိုတယ်လို့ သိရပါတယ်။ အီရော့ နနွင်းကုန်သည်များအသင်း ဈေးကွက်မှာ နနွင်းဝင်ရောက်မှုများ တာကြောင့် တစ်တန် ရူပီး ၁၀၀၀ ကျဆင်းပြီး၊ နနွင်းလက်ချောင်းဈေး တစ်တန် ရူပီး ၄၃၁၁၀-၅၆၇၁၀(ကန်ဒေါ်လာ ၈၇၁-၁၁၄၅)နဲ့ နနွင်းဥတစ်တန် ရူပီး ၃၈၃၆၀- ၅၂၁၁၀(ကန်ဒေါ်လာ ၈၇၁-၁၀၅၂)နဲ့ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယမင်းခင်၊Source: hindubusiness
အရင်နှစ်တွေမှာ ရှမ်းနနွင်းက ပုံမှန်အရောင်းအဝယ်ဖြစ်ပြီး၊ ရောင်းသူဝယ်သူမျှတဲ့နှစ်ဖြစ်ခဲ့ပေမဲ့ ဒီနှစ်ကတော့ ဝယ်သူလျော့တဲ့နှစ်လို့ဆိုရမှာဖြစ်ပါတယ်။ ပေါ်ကာစမှာ နနွင်းသန့်ကို ကြိုက်ရောင်းကြိုက်ဝယ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ နောက်ပိုင်းမှာတော့ ပြည်ပဝယ်လိုအားမရှိတာကြောင့် ဈေးငြိမ်နေခဲ့ပါတယ်။ အရင်တစ်ပတ်မှာ နနွင်းခါးက အဝယ်လိုက်ခဲ့ပေမဲ့ ဒီတစ်ပတ်တော့ နည်းနည်းငြိမ်သွားပါတယ်။ အခုလောလော ဆယ်မှာတော့ ပြည်တွင်းဝယ်လက်တွေက နနွင်းမှုန့်ပြုလုပ်ဖို့နဲ့ အရောင်တင်ဆီအတွက် အသုံးပြုဖို့ ဝယ်ယူလာတာကြောင့် ဆင်တောင် နနွင်းက ပြည်ပတင်ပို့ရန်အထိတော့ တန်ချီပြီးမရှိတော့ ဘူးလို့ နနွင်းပွဲရုံတွေက သိရပါတယ်။ အောင်ပန်းဈေးကွက်မှာဒီတစ်ပတ်နနွင်းပေါက်ဈေးကတော့ ပင်လောင်းနနွင်းကတစ်ပိဿာ ၃၅၀-၄၀၀ ကျပ်၊ ဟိုပုံးနနွင်းက ၁၅၀၀ ကျပ်မှ ၁၇၀၀ ကျပ်၊ ဆင်တောင်နနွင်းက ၂၈၀၀-၃၂၀၀ ကျပ်နဲ့ ပင်လောင်း နနွင်းခါးက တစ်ပိဿာ ၂၅၀-၃၀၀ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင်
မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ကန်ဒေါ်လာ ၉၆၃ တန်ဖိုးရှိ နနွင်းတက် ၆၁ တန်ကျော် အောက်တိုဘာလ ၁၂ ရက်မှ ၁၈ ရက်ထိ ကာလအတွင်း အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၄၀ ကျော် တင်ပို့မှု ပိုမိုခဲ့တယ်လို့ သိရပါတယ်။ MIRT(DOBT)
ယခုတစ်ပတ် ပြည်ကြက်သွန်နီဈေးကွက်တွင် ကြက်သွန်နီဈေးများ ယခင် အပတ်ထက် ဈေးပိုလာသဖြင့် ဝင်ရောက်မှုရဲ့ သုံးပုံနှစ်ပုံခန့်သာ အရောင်းအဝယ် ဖြစ်ပြီး အရောင်းပါးလျက်ရှိနေပါတယ်။ အဝင်အားဖြင့်လည်း ၃၅ ပိဿာဝင် အိတ် ၇၀၀ ခန့်သာ အဝင်ရှိ၍ ယခင်အပတ်ကထက် အဝင်နည်းနေပါတယ်။ ကြက်သွန်နီစိုက်ပျိုး ထွက်ရှိရာ ရေနံချောင်း၊ ပခုက္ကူဘက်မှ တောင်သူတွေမှလည်း ရန်ကုန်ဝယ်လက်များမှ တိုက်ရိုက်ဆင်း၍ ဝယ်ယူမှုများရှိနေတဲ့အတွက် ဈေးတင် ရောင်းချမှုများရှိပြီး၊ နယ်ဝယ်လက်များမှပါ ဈေးကောင်းပေးမှာယူ ရောင်းချနေရ ကြောင်းသိရပါတယ်။ ယခုတစ်ပတ် ပွဲရုံများမှာ ကြက်သွန်နီတစ်ပိဿာကို (သေး) ယခင် ၆၀၀ ကျပ်မှ ယခု ၈၀၀ ကျပ်၊ (လတ်) ယခင် ၇၅၀ ကျပ်မှ ၉၀၀ ကျပ်၊ (ကြီး) ယခင် ၈၅၀ ကျပ်မှ ၁၀၀၀ ကျပ်၊ (ရှယ်) ယခင် ၁၀၀၀ ကျပ်မှ ၁၁၀၀- ၁၂၀၀ ကျပ်တို့ရှိပြီး၊ ဒေသတွင်းလက်လီလက်ကားရောင်းဝယ်သူများနဲ့ တောင်ကုတ်၊ သံတွဲ၊ ဟင်္သာတ၊ အင်ပင်စတဲ့ လက်ကားဝယ်လက်များအပါအဝင် အိတ် ၄၅၀ ခန့်သာ အရောင်းအဝယ် ဖြစ်ခဲ့ကြောင်းသိရပါတယ်။ ဝင်းလဲ့ဝါ
