Main menu

Background

Monday, 10 Oct 2011

                ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် ၤဥြ ဈေးကွက်မှာ ပြည်ပအဝယ်အေးလို့ အောက်တိုဘာလ ပထမပတ်မှာ ပဲတီစိမ်းတန်ချိန် ၁၉၀၀ ခန့်သာ အရောင်းအဝယ်ရှိခဲ့ပါတယ်။ စက်တင်ဘာလ တစ်လလုံးမှာ ပဲတီရွှေဝါ တန် ၇၀၀၀ကျော်၊ ပဲတီစိမ်းတန်ချိန် ၁၄၀၀ ခန့်နဲ့ ပဲတီစိမ်းခွဲခြမ်းတန်ချိန် ၂၀၀၀ ကျော် စုစုပေါင်း တန်ချိန် တစ်သောင်းကျော် ပြည်ပ အရောင်း အဝယ်စာချုပ်ခဲ့ကြောင်း သိရပါတယ်။              အိန္ဒိယဈေးကွက်တွေကို ပဲတီစိမ်းအသစ်တွေ ဝင်ရောက်မှုတိုးတက်နေတဲ့ကာလဖြစ်ပြီး အရည်အသွေး နိမ့်ကျမှုတွေ ကြောင့် ပြည်ပပဲများ ဝယ်လိုအားနည်းနေခြင်းဖြစ်ပါတယ်။ ယခုတစ်ပတ်အတွင်းမှာတော့ ပခုက္ကူအစကို အနည်းငယ်အဆွဲ ရှိတယ်လို့ သိရပါတယ်။ အရောင်းအဝယ်အေးလို့ ရန်ကုန် FOB ဈေးများလည်း အနည်းငယ်လျော့ကျခဲ့ပါတယ်။                             ဒေါ်လာ/ တန်                    ပဲတီစိမ်းအညာ       ပခုက္ကူ                   ရွှေဝါအသေး၇-၁၀-၁၁         ၇၈၀-၈၀၀          ၈၄၀-၈၆၀              ၁၀၂၀-၁၀၄၀၃၀-၉-၁၁          ၈၀၀-၈၂၀         ၈၆၀-၈၈၀              ၁၀၅၀-၁၀၇၀MIRT(MAPT)

Monday, 10 Oct 2011

                  ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုဟာ ယခုလများ အတွင်း လျော့ကျလာခဲ့ရာ စက်တင်ဘာ နောက်ဆုံးပတ်မှာ တန်ချိန် ၁၅၀၀ခန့်ကို ဆက်လက်လျော့ကျတင်ပို့ခဲ့တာ တွေ့ရပါတယ်။ စက်တင်ဘာလ တစ်လလုံးအတွင်း ပင်လယ်ရေကြောင်းက ပဲတီစိမ်းတန်ချိန် ၁၄၀၀၀ ခန့် တင်ပို့ခဲ့ပြီး သြဂုတ်လမှာ တန်ချိန် ၁၅၀၀၀ ကျော်တင်ပို့မှုရှိခဲ့တာ တွေ့ရပါတယ်။ ၂၀၁၀ စက်တင်ဘာလ တင်ပို့ခဲ့တဲ့ တန်ချိန် ၁၁၀၀၀ ကျော်နဲ့ ယှဉ်ရင်တော့ ယခုနှစ်ကာလတူမှာ ပိုမိုတင်ပို့တာတွေ့ရပါတယ်။                   လက်ရှိ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ရဲ့ စက်တင်ဘာလ အထိ ပဲတီစိမ်းတင်ပို့ပြီးစီးမှုဟာ တန်ချိန် ၁၉၃၀၀၀ ကျော်ရှိပြီး ယခင် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၁၃၀၀၀၀ ကျော်တင်ပို့ခဲ့လို့ လက်ရှိဘဏ္ဍာနှစ်မှာ ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ လတ်တလော အိန္ဒိယအဝယ်နှေးနေလို့ လာမယ့် သီတင်းပတ်တွေမှာလည်း တင်ပို့မှု လျော့ကျဖွယ်ရှိပါတယ်။ MIRT(MAPT)

Monday, 10 Oct 2011

                   ပြည်မြို့မှ ပဲကုန်သည်တွေရဲ့ လက်ဝယ် ပဲလွန်းဖြူသီးနှံမှာ လက်ကျန် အနည်းငယ်ကျန်ရှိခဲ့ပြီး၊ လက်လီသမား များ အဝယ်ရှိတာကြောင့် အရောင်းအဝယ် ဖြစ်လျက်ရှိနေခဲ့ပါတယ်။ ပဲတစ် တင်းကို ၁၈၅၀၀ ကျပ်ဈေးဖြင့် အိတ် အနည်းငယ်သာ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ ယခင်နှစ် ယခု အချိန်က ပဲလွန်းတစ်အိတ်ကို ၁၉၀၀၀ ကျပ်၊ ၂၀၀၀၀ ကျပ်ရှိတာကြောင့် ယခု ပဲလွန်းဈေးအနည်းငယ် အေးတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ မိမိအေး

Monday, 10 Oct 2011

                 ပင်လယ်ရေကြောင်းက အခြား ပဲအုပ်စုတွေထဲမှာ တင်ပို့မှုအားကောင်း တဲ့ပဲလွန်းဖြူကို စက်တင်ဘာလ နောက် ဆုံးပတ်မှာလည်း တန်ချိန် ၁၈၀ ခန့် တင်ပို့ခဲ့တာတွေ့ရပါတယ်။ စက်တင်ဘာလ တစ်လလုံးမှာ ပဲလွန်းဖြူ တန် ချိန် ၆၆၀ ခန့် တင်ပို့မှုရှိပြီး သြဂုတ်လ အတွင်း တန်ချိန် ၁၀၀၀ ခန့် တင်ပို့နိုင် တာ တွေ့ရပါတယ်။                 လက်ရှိဘဏ္ဍာနှစ် ၂၀၁၁-၂၀၁၂ ရဲ့ စက်တင်ဘာလကုန်အထိ ပဲလွန်းဖြူ ပြည်ပ တင်ပို့ပြီးစီးမှုဟာ တန်ချိန် ၁၅၀၀၀ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၁၅၄၀၀ ခန့်ရှိလို့ ယခုနှစ်မှာ အနည်းငယ်လျော့ကျ တင်ပို့ နိုင်တယ်လို့ သိရပါတယ်။                   ယခုအောက်တိုဘာလ ပထမပတ် အတွင်း FOB ဈေးကွက်မှာ အရောင်း အဝယ်ဖြစ်မှုအနေနဲ့ ပဲလွန်းဖြူ တန်ချိန် ၄၀၀ ခန့် ရှိခဲ့ပြီး စက်တင်ဘာလ တစ်လလုံးမှာ တန်ချိန် ၄၅၀ ကျော်သာ ပြည်ပအရောင်းအဝယ်ရှိခဲ့ တယ်လို့ သိရပါတယ်။ လက်ကျန်နည်း လာပြီ ဖြစ်တဲ့ ပဲလွန်းဖြူကို အရောင်းအဝယ် ပုံမှန်ရှိနေလို့ FOB ဈေးလည်း ငြိမ်နေ တာ တွေ့ရပါတယ်။ အောက်တိုဘာလ ၇ ရက်နေ့  FOB ဈေးမှာ FAQ တစ်တန် ကန်ဒေါ်လာ ၈၄၀-၈၆၀၊ SQ တစ်တန် ကန်ဒေါ်လာ ၉၅၀-၉၇၀ ရှိကြောင်း သိရပါတယ်။                MIRT(MAPT)

Monday, 10 Oct 2011

                 ပြည်ပဲစင်းငုံမှာ ပိဿာ ၂၀ တစ်တင်းကို ၁၄၅၀၀ ကျပ်ဖြင့် ဈေးငြိမ်နေပါတယ်။ စက်တင်ဘာလအတွင်း အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ဈေးများနဲ့ နှိုင်းယှဉ် ကြည့်ရင်တော့ ယခုအောက်တိုဘာလမှာ ပဲစင်းငုံဈေးအနည်းငယ် ပြန်ကောင်း လာခဲ့ပါတယ်။ ဈေးကောင်းရနေသော်လည်း ရန်ကုန်ဝယ်လက်များမှာ အမြဲတမ်း အဝယ်မရှိဘဲ တစ်ခါတစ်ရံမှသာ အဝယ်ရှိတာကြောင့် ဈေးကွက်တွင်း အရောင်း အဝယ်အေးနေပါတယ်။ ရန်ကုန်ဝယ်လက်ရှိတဲ့ရက်များမှာ အိတ် ၇၀၀-၈၀၀ခန့် အဝယ်ရှိတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ပဲစင်းငုံအိတ် ၁၂၀၀ ထိ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ

Monday, 10 Oct 2011

                 အိန္ဒိယပြည်တွင်းဈေးကွက်များမှာ ယခုသီတင်းပတ်အစပိုင်းမှာ ပဲစင်းငုံဈေး ပြန်မာခဲ့ရာမှ သီတင်းပတ်နှောင်းပိုင်းမှာ သိုလှောင်ထားတဲ့ ပဲများဈေးကွက်ကို ဝင်ရောက်မှု ရှိလာလို့ ဈေးပြန်ဆင်းခဲ့ပါတယ်။ အစောပိုင်း ရက်များက ပဲခွဲစက်တွေက အဝယ်ရှိခဲ့တဲ့အပြင် ရူပီးတန်ဖိုး ကျဆင်းလာတဲ့အတွက် တင်သွင်းပဲစင်းငုံဈေး မြင့် တက်လာခြင်းဖြစ်ပါတယ်။ အမ်ရာဝါတီနဲ့ ဂူဘာကာတို့မှာ သိုလှောင်ပဲများ ထုတ်လုပ်ရောင်းချမှုတွေရှိလာလို့ ယခုရက်ပိုင်း ဈေးပြန်ကျလာခြင်းဖြစ်ပြီး ရာဂျက် စသန်နဲ့ ဥတ္တရာပရာဒေ့ရှ်က ပဲအသစ်များ နောက် ရက် ၂၀-၂၅ ရက်အတွင်း ဝင်ရောက်ဖွယ်ရှိလို့ ကာလလတ်အတွင်း ဈေးကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများနှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                        ဒေါ်လာ/ တန်                            ၅-၁၀-၁၁          ၄-၁၀-၁၁       ၃-၁၀-၁၁          ၁-၁၀-၁၁မွန်ဘိုင်း                     ၆၃၀               ၆၃၂-၆၃၇        ၆၃၄                 ၆၃၃ဒေလီ                     ၆၇၉-၆၈၁          ၆၈၇-၆၈၉      ၆၈၀-၆၈၅          ၆၇၁-၆၇၃ချန်နိုင်း                       ၆၆၀                   ၆၆၀            ၆၃၄                  ၆၂၂MIRT(MAPT)

Monday, 10 Oct 2011

                    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင် သီတင်းပတ်က တန်ချိန် ၇၀၀၀ ခန့် ပြည်ပအရောင်းအဝယ်ဖြစ်ခဲ့ပေမဲ့ ယခု အောက်တိုဘာလ ပထမပတ်မှာတော့ တန်ချိန် ၁၄၀၀ ခန့်သာ အရောင်းအဝယ် စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာ တစ်လလုံးမှာပဲစင်းငုံဖြူနီ တန် ၃၅၀၀ ကျော်၊ အနီ တန် ၂၂၅၀၀ ခန့်နဲ့ ခွဲခြမ်းတန် ၈၀၀ ကျော် စုစုပေါင်း တန်ချိန် ၂၇၀၀၀ ခန့် ပြည်ပအရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်အတွင်းမှာတော့ အိန္ဒိယဈေးကွက်တွေမှာ ပဲဈေးတွေကျဆင်း နေခြင်းနဲ့အတူ ဝယ်လိုအားလည်း နည်းလာတယ်လို့ သိရပါတယ်။ ဘုရင့်နောင် FOB ဈေးကွက်မှာ ပြည်ပဝယ်လိုအားနည်းပြီး လှောင်လက်ကြီးသမားတွေ ရောင်း လို အားများတာကြောင့် ဈေးအနည်းငယ်ကျဆင်းခဲ့ပါတယ်။                         ပဲစင်းငုံနီ           ဖြူနီ                   ငုံနီ(အဟောင်း)၇-၁၀-၁၁          ၅၉၅-၆၁၅       ၄၇၀-၄၉၀                ၅၈၀-၆၀၀၃၀-၉-၁၁           ၆၀၀-၆၂၀      ၄၈၀-၅၀၀                ၅၉၀-၆၁၀MIRT(MAPT)

Monday, 10 Oct 2011

                ယခုတစ်ပတ် (စက်တင်ဘာလ ၂၅ ရက်မှ ၃၀ ရက်) အတွင်း ပြည်ပကို ပင် လယ်ရေကြောင်းက ပဲစင်းငုံတန်ချိန် ၆၃၀၀ ကျော်တင်ပို့မှုရှိပြီး ယခင်သီတင်းပတ်က တန်ချိန် ၇၀၀၀ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာ တစ်လလုံး ပဲစင်းငုံ တင်ပို့မှုမှာ တန်ချိန် ၃၃၀၀၀ ခန့်ရှိပြီး သြဂုတ်လ တင်ပို့ခဲ့တဲ့ တန်ချိန် ၁၇၀၀၀ ကျော်နဲ့ နှိုင်းယှဉ်ရင် ပဲစင်းငုံတန်ချိန် ၁၆၀၀၀ ခန့် စက်တင်ဘာလမှာ ပိုမိုတင်ပို့ခဲ့ တယ်လို့ သိရပါတယ်။ ၂၀၁၀ စက်တင်ဘာ တစ်လလုံးအတွင်း ပဲစင်းငုံတန်ချိန်၉၀၀၀ ခန့်သာတင်ပို့မှု ရှိခဲ့တာ တွေ့ရပါတယ်။               လက်ရှိဘဏ္ဍာနှစ် ၂၀၁၁-၂၀၁၂ ရဲ့စက်တင်ဘာလကုန်အထိ ပဲစင်းငုံစုစုပေါင်း တင်ပို့ ပြီးစီးမှုဟာ တန်ချိန် ၁၂၀၀၀၀ ခန့်ရှိပြီ ဖြစ်ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူ အတွင်းတန်ချိန် ၅၈၀၀၀ ခန့်တင်ပို့မှုနဲ့ယှဉ်ရင် ယခုဘဏ္ဍာနှစ် မှာ ထက်ဝက် ကျော် ပိုတင်လာနိုင်တာတွေ့ရပါတယ်။ လာမယ့်သီတင်းပတ်မှာတော့ ပဲစင်းငုံ တင်ပို့မှု လျော့ကျဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT-MAPT

Monday, 10 Oct 2011

                       ပြည်မြို့ရဲ့ ပဲပွဲရုံတွေမှာ မတ်ပဲအဝင်မရှိတော့ဘဲ လှောင်လက်သမားများ လက်ဝယ်ရှိ ပဲများကိုသာ ထုတ်ရောင်းကြတာကို တွေ့ရပါတယ်။ မတ်ပဲတစ်တင်းကို ယခင်အပတ်က ၁၉၅၀၀ ကျပ်ရှိရာမှ ယခုအပတ် ၁၈၅၀၀ ကျပ်ဈေးသို့အေးပြီး တစ်နေ့ကို အိတ် ၆၀၀-၇၀၀ ခန့် ရန်ကုန်ဝယ်လက် အဝယ်ရှိတယ်လို့ သိရပါတယ်။ ပဲစိုက်ချိန်နီးလာပြီဖြစ်၍ လှောင်လက်သမားများမှ ထုတ်ရောင်းချမှုများရှိလာတာ ကြောင့် ပဲဈေးမှာ ယခင်တစ်ပတ် ထက်ဈေးလျှော့ခဲ့တယ်လို့ သိရပါတယ်။ ပြည်မှ ပဲ စီးဆင်းမှုကတော့ တစ်နေ့ကို အိတ် ၆၀၀ ခန့် ရန်ကုန်ဘုရင့်နောင်သို့ တင်ပို့ တယ်လို့ သိရပါတယ်။ မိမိအေး

Monday, 10 Oct 2011

                  အိန္ဒိယဈေးကွက်အများစုမှာ သီတင်းပတ်အစပိုင်းက မတ်ပဲဈေးကျဆင်းနေ ခဲ့ရာမှ သီတင်းပတ်နှောင်းပိုင်း မှာတော့ ပြန်လည်ဦးမော့လာပါတယ်။ ဒေသတွင်း ကုန်သည်များနဲ့ နိုင်ငံအထက်ပိုင်းလှောင်လက်များ ဝယ်ယူမှုကြောင့် ပြည်တွင်းမတ်ပဲ ရောပြည်ပကတင်သွင်းမတ်ပဲပါ ဈေးမြင့်လာခြင်းဖြစ်ပါတယ်။ ပြည်တွင်းမတ်ပဲ အသစ်များမှာ အရည်အသွေးပေါ်လိုက်ပြီး ဈေးအတိုးအလျော့ရှိတယ်လို့ သိရပါတယ်။ယခုတစ်ပတ်အတွင်း မတ်ပဲဈေးငြိမ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက် အသီးသီးမှာ ဖြစ်ပေါ်တဲ့ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်          ဒေါ်လာ/ တန်                       ၅-၁၀-၁၁         ၄-၁၀-၁၁       ၃-၁၀-၁၁            ၁-၁၀-၁၁မွန်ဘိုင်း           ၇၇၂-၇၇၇         ၇၆၉-၇၇၅      ၇၆၂-၇၆၇              ၇၇၅ဒေလီ               ၅၈၉-၆၉၁         ၅၉၁-၆၉၃      ၅၉၃-၆၉၀          ၅၉၂-၆၇၃ချန်နိုင်း             ၈၃၈-၈၄၃            ၈၂၆             ၈၃၈                    ၈၄၂MIRT(MAPT)

Pages