Background
ပဲတီစိမ်းတင်ပို့မှု ပမာဏ နည်းနေဆဲ ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုဟာ ယခုသီတင်းပတ် (စက်တင်ဘာလ ၁၈ ရက်မှ ၂၄ ရက်)အတွင်းမှာလည်း တန်ချိန် ၃၅၀၀ ခန့်နဲ့ နည်းနေဆဲဖြစ်ပါတယ်။ အိန္ဒိယဈေးကွက်တွေမှာ ပြည်တွင်းအရည်အသွေးနိမ့် မိုးမိပဲများဝင်လာနေသလို မြန်မာ ပဲတီစိမ်းများလည်း အန္ဒိယဈေးကွက်တွေမှာ ကျန်နေသေး တာမို့ လတ်တလော မြန်မာပဲတီစိမ်းကို အဝယ်အေးနေတယ်လို့ သိရပါတယ်။ လက်ရှိ ၂၀၁၁-၁၂ ဘဏ္ဍာနှစ် စက်တင်ဘာ ၂၃ ရက် အထိ ပင်လယ်ရေကြောင်းက တင်ပို့ပြီးစီးမှုမှာ တန်ချိန် ၁၉၀၀၀၀ ကျော်ပြီဖြစ်ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၁၂၇၀၀၀ ခန့်သာ တင်ပို့မှုရှိခဲ့တယ်လို့ သိရပါတယ်။ လတ်တလောအဝယ်အေး လို့ လာမယ့်သီတင်းပတ်တွေမှာလည်း တင်ပို့မှု နည်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT-MAPT
အိန္ဒိယ ပြည်တွင်းဈေးကွက်များအတွင်း မတ်ပဲအဝင်ပုံမှန်ရှိနေသဖြင့် ဈေးကျဦးမည် ခန့်မှန်းနေ အမေရိကန်ဒေါ်လာနဲ့ အိန္ဒိယ ရူပီးလဲလှယ်နှုန်းထားမှာ အိန္ဒိယရူပီး တန်ဖိုး ဆက်လက်ကျ ဆင်းဦးမယ်ဆို တဲ့ ကောလာဟလတွေကြောင့် အိန္ဒိယမှ မတ်ပဲတင်သွင်းသူတွေက မတ်ပဲ (FAQ) နှုန်းထားကို မြှင့်လိုက်ကြောင်း သတင်းရတယ်။ လှောင်လက်တွေက တစ်ကွမ်တယ်လ်ကို ၄၃၀၀ ရူပီး (တစ်တန်ကို ကန်ဒေါ် လာ ၈၇၆ ဝန်းကျင်) ပေးပြီး ဝယ်ယူခဲ့တယ်လို့ သိရတယ်။ ဒါပေမဲ့လည်း ဈေးကွက်တွေကို မတ်ပဲ အဝင်တွေ ရှိနေခြင်းကြောင့် မွန်ဘိုင်းဈေး ကွက်မှာ တစ်ကွမ်တယ်လ်ကို ရူပီး ၁၀၀ ဈေးကျကာ ၃၉၅၀ ကွမ် တယ်လ် (တစ်တန်ကို ကန်ဒေါ်လာ ၈၀၅ ဝန်းကျင်) ထိ ရောက်ရှိခဲ့တယ် လို့ သိရတယ်။ မြို့တော်ဒေလီမှာလည်း တစ်ကွမ်တယ်လ်ကို ရူပီး ၁၀၀ ဈေးကျ ကာ ၄၁၀၀ ရူပီး (တစ်တန်ကို ကန် ဒေါ်လာ ၈၃၆ ဝန်းကျင်) ဖြစ်လာကြောင်း သိရတယ်။ Shivpuri ၊ Katni နဲ့ MPဈေးကွက်တို့မှာ မတ်ပဲတွေ ဆက်တိုက်အဝင် ရှိနေပြီး နောင်လာမယ့် ၂ ရက်မှ ၄ ရက် အတွင်း မတ်ပဲဈေးနှုန်းက တစ်ကွမ် တယ်လ်ကို ရူပီး ၁၀၀ ကျော် ကျဆင်း ဖွယ်ရှိတယ်လို့ ခန့်မှန်းကြတယ်။ပပ၊ Source:nnscommoditynews.com
လက်ကျန် ပဲလွန်းဖြူ တင်ပို့မှု ရှိနေဆဲ လက်ကျန်နည်းလာပြီ ဖြစ်တဲ့ ပဲလွန်းဖြူကို ပင်လယ်ရေကြောင်းက တင်ပို့မှု ပမာဏအနည်းငယ် ရှိနေသေး တာတွေ့ရပါတယ်။ ယခုစက်တင်ဘာလ နောက်ဆုံး သီတင်းပတ်မှာ ပဲလွန်းဖြူ FOB ၁၆၅တန် အရောင်းအဝယ် စာချုပ်ချုပ်ဆိုခဲ့ပြီး၊ စက်တင်ဘာလ ၁၈ ရက်မှ ၂၃ ရက်အတွင်း တင်ပို့မှုမှာ တန် ချိန် ၉၀ ခန့် ရှိတယ်လို့ သိရပါတယ်။ လက်ရှိဘဏ္ဍာ နှစ် စက်တင်ဘာ ၂၃ ရက်အထိ ပဲလွန်းဖြူ သင်္ဘောတင်ပို့ မှု ပမာဏမှာ တန်ချိန် ၁၄၆၀၀ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၁၅၀၀၀ ကျော်ရှိလို့ ယခုနှစ်ကာလတူ တင်ပို့မှု တန်ချိန် အနည်းငယ်လျော့တာ တွေ့ရပါတယ်။ စက်တင်ဘာလ ၃၀ ရက်နေ့ ရန်ကုန် FOB ဈေးမှာ FAQ တစ်တန် ကန်ဒေါ်လာ ၈၄၀-၈၆၀ နဲ့ ှ SQ တစ်တန် ကန်ဒေါ်လာ ၉၅၀-၉၇၀ ရှိကြောင်း သိရပါတယ်။ MIRT-MAP
ဆောင်းပဲမျိုးစုံအထွက်မြှင့်တင်ဖို့ အိန္ဒိယအစိုးရက ဖြစ်နိုင်ခြေရှိတဲ့ အစီအစဉ်တစ်ခုကို ပြုလုပ် အိန္ဒိယအစိုးရဟာ ဆောင်းရာသီပဲမျိုးစုံအထွက်မြှင့်တင်ဖို့ ရေရာသေချာတဲ့ စီမံကိန်းတစ်ခု ရေးဆွဲပြုလုပ်နေတယ်လို့ သိရပါတယ်။ စိုက်ဧရိယာတိုးချဲ့ခြင်းနဲ့ ထုတ်လုပ်မှုနှုန်း တိုးမြှင့်ခြင်းတို့ဖြင့် ပဲစင်းငုံ၊ ကုလားပဲ၊ ပဲလုံးနဲ့ ပဲနီလေးတို့လို ပဲမျိုးစုံ တန်ချိန် ၂ ဒသမ ၇၈ သန်း ပိုမိုထွက်ရှိဖို့ ရည်မှန်းထားခြင်းဖြစ်ပါတယ်။ အဲဒီအစီအစဉ်ကနေ အစိုးရရဲ့ မိုးရာသီအတွင်း ဆုံးရှုံးမှုတွေကို ပြန်လည် ကာမိစေမှာဖြစ်ပါတယ်။ ၂၀၁၁ မိုးရာသီ ပဲမျိုးစုံထွက်ရှိမှု လျော့နည်းခြင်းဟာ ပထမအကြိမ် ခန့်မှန်းချက်အရ တန်ချိန် သုညဒသမ ၇ သန်း ဝန်းကျင်ရှိမယ်လို့ ဆိုပါတယ်။ မနှစ်က မိုးပဲမျိုးစုံတန်ချိန် ၇ ဒသမ ၁၂ သန်းထွက်ရှိခဲ့ရာမှ ယခုနှစ်မှာ တန်ချိန် ၆ ဒသမ ၄၃ သန်းသာထွက်မယ်လို့ ခန့် မှန်းထားပါတယ်။ အဲဒီလို လျော့ကျခန့်မှန်းရခြင်းဟာ ကာနာတာကာ၊ မဟာရပ်ရှတရာနဲ့ အင်ဒရာပရာ ဒေ့ရှ်တို့လို ပြည်နယ်ကြီးတွေမှာ ဇွန်လနှောင်းပိုင်းနဲ့ ဇူလိုင်လအစပိုင်းမှာ မိုးနည်း တာကြောင့် စိုက်ဧက ၁၀ ဒသမ ၈၉ သိန်းလျော့ကျတာကြောင့်လို့ ဆိုပါတယ်။ ဆောင်းရာသီအတွက် အစိုးရရဲ့ ကနဦးရည်မှန်းထားတဲ့ ပဲမျိုးစုံထွက်ရှိမှုဟာ တန်ချိန် ၁၀ ဒသမ ၂၇ သန်းရှိပြီး၊ ယခင်နှစ်က တန်ချိန် ၁၀ ဒသမ ၉၇ သန်း ထွက်ရှိခဲ့ပါတယ်။ ယခုအစီအစဉ်အရ နိုင်ငံတော်စားနပ်ရိက္ခာ ဖူလုံမှုမစ်ရှင်ရဲ့ ပဲမျိုးစုံစီမံကိန်း NFSM-Pluses အရ အပိုဆောင်းခွင့်ပြုငွေ ရူပီး ကုဋေ ၈၀ (ကန်ဒေါ်လာ ၁၆ ဒသမ ၄၂ သန်း) ကို ဥတ္တရာပရာဒေ့ရှ်နဲ့ ချန်တီဂရပ် အပါအဝင်ပြည်နယ် ၁၂ ခုကို အစိုးရမှ ချထားခဲ့ပါတယ်။ ဂူဂျာရတ်နဲ့ တမီနာဒူးလ် ပြည်နယ်တို့ဟာ NFSM-Pluses အစီအစဉ်အရ ပုံမှန်ခွင့်ပြုငွေမှ စိုက်ဧရိယာ ပိုမိုတိုးချဲ့ဖို့ သုံးစွဲငွေ ပြည့်မီလာမယ်လို့ စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောကြားပါတယ်။ အစိုးရက ပန်ဂျပ်၊ ဟာရာနာနဲ့ ဥတ္တရာပရာဒေ့ရှ်အနောက်ပိုင်းတို့ရဲ့ ဆည်ရေသောက် မြေများမှာ ပဲတီစိမ်းနဲ့ မတ်ပဲ စိုက်ဧရိယာဟက်တာ ၄ သိန်း တိုးချဲ့ဖို့ရည်မှန်းထားပြီး အိန္ဒိယအရှေ့ပိုင်းမှာ ကုလားပဲနဲ့ ပဲနီလေး တိုးမြင့်စိုက်ပျိုးသွားမှာဖြစ်သလို ဥတ္တရာပရာဒေ့ရှ်မှာလည်း ကြံနဲ့အတူ သီးညှပ် စိုက်ပျိုးသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ပဲမျိုးစုံထုတ်လုပ်မှုဟာ ၂၀၀၆-၀၇ မှာ တန်ချိန် ၁၄ ဒသမ ၂၀ သန်းရှိခဲ့ရာမှ လွန်ခဲ့တဲ့ ၄ နှစ်အတွင်း တိုးတက်ခဲ့ရာ ၂၀၀၉- ၁၀ မှာ တန်ချိန် ၁၄ ဒသမ ၆၆ သန်းထွက်ရှိခဲ့တယ်လို့ သိရပါတယ်။ ယမင်းရွှေစင် Source: hindubusiness
ပဲစင်းငုံ ရန်ကုန် FOB ပုံမှန် အရောင်းအဝယ်ဖြစ် ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ်ပတ်လည်း ပုံမှန် အရောင်းအဝယ်ဖြစ်တာ တွေ့ရပါတယ်။ စက်တင်ဘာလ ၂၃ ရက်မှ ၂၉ ရက်အထိ သီတင်းပတ်အတွင်းမှာ ပဲစင်းငုံတန်ချိန် ၇၀၀၀ ခန့် ပြည်ပ အရောင်းအဝယ်စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၁ ရက်မှ ၂၉ ရက်အတွင်းမှာတော့ ပဲစင်းငုံဖြူနီ၊ အနီ၊ ခွဲခြမ်း စုစုပေါင်း တန်ချိန် ၂၇၀၀၀ ခန့် FOB အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ အိန္ဒိယဈေးကွက်ကို လေ့လာကြည့်မယ်ဆိုရင် လက်ကျန်များများမရှိတော့ဘူး လို့ သတင်းရရှိပြီး လက်ရှိစိုက်ပျိုးထားတဲ့ ပဲစင်းငုံပင် အခြေအနေကောင်းတယ် ဆိုပေမဲ့ ပဲအသစ်ထွက်ဖို့ ၂ လကျော်လောက် လိုနေသေးလို့ ဒီကြားကာလမှာ မြန်မာ့ပဲစင်းငုံအဝယ်ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ လတ်တလောမှာ သင်္ဘောငှားရမ်း မှု အခက်အခဲကြောင့် တင်ပို့မှုနှေးကွေးနေတယ်လို သိရပါတယ်။ ယခုတစ်ပတ်မှာ ရန်ကုန် FOB ဈေးအနည်းငယ်လျော့ကျလာခဲ့ပါတယ်။ ပဲစင်းငုံနီ ဖြူနီ ငုံနီ(အဟောင်း)၃၀-၉-၁၁ ၆၀၀-၆၂၀ ၄၈၀-၅၀၀ ၅၉၀-၆၁၀၂၃-၉-၁၁ ၆၃၅-၆၅၅ ၅၁၅-၅၃၅ ၆၂၅-၆၄၅MIRT(MAPT)
ပဲစင်းငုံ တန် ၇၀၀၀ နဲ့ ပုံမှန်တင်ပို့မှုရှိ ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုမှာ ယခင်တစ်ပတ်တင်ပို့တဲ့ ပမာဏလိုပဲ ယခုတစ်ပတ် စက်တင်ဘာလ ၁၈ ရက်မှ ၂၄ ရက်အတွင်းမှာလည်း တန်ချိန် ၇၀၀၀ ခန့်နဲ့ ပုံမှန်တင်ပို့မှုရှိနေပါတယ်။ သင်္ဘောတင် နှောင့်နှေးပေမဲ့ အိန္ဒိယ ဝယ်လက်တွေ အဝယ်ရှိနေတဲ့အတွက် ပုံမှန်တင်ပို့နေခြင်းဖြစ်တယ်လို့ ကုန်သည် တစ်ဦးက ဆိုပါတယ်။ လက်ရှိဘဏ္ဍာနှစ် စက်တင်ဘာလ ၂၃ ရက်နေ့အထိ စုစုပေါင်း တင်ပို့ပြီးစီးမှုဟာ တန်ချိန် ၁၁၀၀၀၀ ကျော်ရှိပြီဖြစ်ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့မှုမှာ တန်ချိန် ၅၆၀၀၀ ခန့်ရှိလို့ ယခုနှစ်မှာ ၂ ဆ ပိုတင်ပြီးဖြစ်တာ တွေ့ရပါတယ်။ လာမယ့်သီတင်းပတ်မှာလည်း ပုံမှန်အတိုင်းတင်ပို့နိုင်မယ်လို့ ခန့်မှန်း ရပါတယ်။ MIRT-MAPT
ပြည်မတ်ပဲဈေးကွက် အဝင်အထွက်သွက်နေ ပြည်ပွဲရုံများသို့ ယခုရက်ပိုင်းမှာ ပေါက်ခေါင်း၊ ပေါင်းတလည်ဘက်မှ မတ်ပဲ အဝင်ရှိနေပါတယ်။ ယခင် တစ်ပတ်က ပဲတစ်တင်းကို ၂၀၀၀၀ ကျပ်ရှိပြီး၊ ယခုတစ်ပတ်မှာတော့ ၁၉၅၀၀ ကျပ်ဈေးရှိပါတယ်။ ပြည်ဈေးကွက်သို့ ပေါင်းတည်ဘက်မှ ပဲအဝယ်ရှိသလို ရန်ကုန်ဝယ်လက်လည်း အဝယ်ရှိနေပြီး၊ တစ်နေ့ကို အိတ် ၁၄၀၀- ၁၅၀၀ ခန့် အရောင်းအဝယ်ဖြစ်တယ်လို့ ပဲကုန်သည်တစ်ဦးကပြောပါတယ်။ ပဲခူးတိုင်းဒေသကြီး ပြည်မှ ရန်ကုန်ဘုရင့်နောင် ဈေးကွက်ကို တစ်နေ့အိတ် ၃၈၀၀ ခန့် တင်ပို့တယ်လို့သိရပါတယ်။ မိမိအေး
ပဲအသစ်ဝင်ရောက်လို့ အိန္ဒိယမတ်ပဲဈေးလျော့ကျ ယခုတစ်ပတ်အတွင်း အိန္ဒိယမတ်ပဲဈေး လျော့ကျနေပါတယ်။ နိုင်ငံအနောက်မြောက်ပိုင်းနဲ့ အလယ်ပိုင်း အိန္ဒိယဈေးကွက်တွေကို ပဲဝင်ရောက်မှုများပြီး ဝယ်လိုအား အကန့်အသတ်သာရှိတာကြောင့် ဈေးလျော့ကျလာ ခြင်းဖြစ်ပါတယ်။ အိန္ဒိယ အလယ်ပိုင်းနဲ့ အနောက်မြောက်ပိုင်းတို့မှာ ရာသီဥတုပူနွေးပြီး ခြောက်သွေ့နေခြင်း က ပဲရိတ်သိမ်းမှုအတွက် ပိုမိုအဆင်ပြေစေပါတယ်။ အစိုးရရဲ့ ၂၀၁၁-၁၂ အတွက် ထွက်ရှိမှုခန့်မှန်းချက်အရ ယခင်နှစ်ထက် ၁၆ ဒသမ ၄၃ ရာခိုင်နှုန်းလျော့ကျပြီး မတ်ပဲတန်ချိန် ၁ ဒသမ ၁၇ သန်းထွက်ရှိနိုင်တယ်လို့ သိရပါတယ်။ ဈေးကွက်များ အတွင်းဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းများနှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၂၉-၉-၁၁ ၂၈-၉-၁၁ ၂၇-၉-၁၁ ၂၆-၉-၁၁မွန်ဘိုင်း ၇၈၇ ၈၀၈ ၈၀၃ ၈၁၂ဒေလီ ၆၉၅-၇၃၆ ၇၁၆-၇၅၆ ၇၇၃-၈၁၃ ၇၇၂-၈၃၃ချန်နိုင်း ၈၅၈ ၈၅၉ ၈၅၄ ၈၆၈MIRT(MAPT)
ရန်ကုန် FOB မတ်ပဲ အရောင်းအဝယ် တန်တစ်သောင်းအောက်လျော့ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင်သီတင်းပတ်က မတ်ပဲတန်ချိန် သုံးသောင်းခန့် အရောင်းအဝယ်ဖြစ်ခဲ့ပေမဲ့ ယခုတစ်ပတ် (စက်တင်ဘာ ၂၃ ရက်မှ ၂၉ ရက်) အတွင်းမှာတော့ တန်ချိန် ၈၀၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ အိန္ဒိယဈေးကွက်တွေမှာ မတ်ပဲအသစ် တွေ ဝင်ရောက်နေပြီဖြစ်ပြီး ဝင်ရောက်တဲ့ပဲများကလည်း အရည်အသွေးနိမ့်တာ ကြောင့် ဈေးကျနေတဲ့အတွက် အဝယ်နှေးနေတာဖြစ်တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၁ ရက်မှ ၂၉ ရက်အတွင်း FOB အရောင်းအဝယ်ဖြစ်မှု အနေနဲ့ မတ်ပဲ SQ တန်ချိန် ၂၆၀၀၀ ကျော်၊ FAQ တန်ချိန် ၆၄၀၀၀ ခန့် နဲ့ အခွံချွတ်တန်ချိန် ၂၇၀၀ ခန့် စုစုပေါင်း တန်ချိန် ၉၂၆၀၀ ကျော် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ သင်္ဘောငှားရမ်းမှုအခက်အခဲရှိတဲ့အပြင် အိန္ဒိယဈေးကွက်တွေမှာ အရည်အသွေးနိမ့်ပဲများဝင်လာတာကြောင့် FOB အရောင်း အဝယ်နှေးပြီး ဈေးပါအေးနေတာ တွေ့ရပါတယ်။ ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၃၀-၉-၁၁ ၇၆၀-၇၈၀ ၈၄၅-၈၆၅၂၃-၉-၁၁ ၇၉၅-၈၁၅ ၈၈၅-၉၀၅ MIRT(MAPT)
မတ်ပဲသင်္ဘောတင် တန်ချိန် ၂၃၀၀၀ ကျော်ရှိ ပင်လယ်ရေကြောင်း သင်္ဘောတင်ပို့မှုအနေနဲ့ ယခုတစ်ပတ် (စက်တင်ဘာ ၁၈ ရက်မှ ၂၄ ရက်) အတွင်းမှာ မတ်ပဲတန်ချိန် ၂၃၀၀၀ ကျော်ထိ တင်ပို့မှုရှိခဲ့လို့ ယခင်သီတင်းပတ်တင်ပို့မှုထက် တန် ၅၀၀၀ ကျော် ပိုတင်လာတာတွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂၀၁၁-၁၂ ရဲ့ စက်တင်ဘာလ ၂၃ ရက်အတွင်း မတ်ပဲတန်ချိန် စုစုပေါင်း ၃၈၅၀၀၀ ကျော် တင်ပို့ပြီးဖြစ်လို့ ယခင်ဘဏ္ဍာနှစ် ကာလတူ တင်ပို့ခဲ့တဲ့ တန်ချိန် ၂၆၀၀၀၀ ခန့်နဲ့ ယှဉ်ရင် တန်ချိန် ၁၂၀၀၀၀ ကျော်ပိုတင်ထားပြီးဖြစ်တာ သိရပါတယ်။ ယခုသီတင်းပတ်အတွင်း တင်ပို့မှုပိုပေမဲ့ လတ်တလောအရောင်း အဝယ်အေးပြီးသင်္ဘောအခက်အခဲများကြောင့် လာမယ့်သီတင်းပတ်တွေမှာ တင်ပို့မှု လျော့ကျဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT-MAPT
