Background
နနွင်းတန် ငါးဆယ်ကျော်တင်ပို့ သြဂုတ်လ ၇ ရက်မှ ၁၃ ရက်တာကာလအတွင်း နနွင်း ၅၉ ဒသမ ၄၇ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံက သြစတြေးလျနိုင်ငံကို ၁ ဒသမ ၄၇ တန် မလေးရှားကို ၁၃ တန်၊ ပါကစ္စတန် ကို တန် ၃ဝ နဲ့ ရီမင်နိုင်ငံကို ၁၅ တန်အသီးသီးတင်ပို့ခဲ့ပါတယ်။ ဒီသီတင်းပတ်မှာတော့ နနွင်းတစ်တန်ကို အက်ဖ်အိုဘီဈေး ပျမ်းမျှကန်ဒေါ်လာ ၁၅၅ဝ ဝန်းကျင် ပဲရရှိခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေကန်ဒေါ်လာ ကိုးသောင်းကျော်ရရှိခဲ့ပါတယ်။ ယခင် သီတင်းပတ် တန် ၃ဝသာတင်ပို့နိုင်ခဲ့ပေမဲ့ ဒီသီတင်းပတ်မှာ ယခင်အပတ်ထက် တန်ချိန် သုံးဆယ်နီးပါး ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ MIRT (DOT)
ဈေးငြိမ်နေတဲ့ မန်ကျည်း မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်း မန်ကျည်းဈေးကွက်တွင် ယခု ရက်ပိုင်းအတွင်း မန်ကျည်းအသား(အစေ့မပါ)တစ်ပိဿာကို ထိပ်စ ၃ဝဝဝ ကျပ်၊ အလတ်စ ၂၅ဝဝကျပ်၊ အောက်စ ၂ဝဝဝ ကျပ်၊ မန်ကျည်း စေ့ တစ်တင်း ၃ဝဝဝ၊ မန်ကျည်းအလုံး(အကြောဆွဲ) တစ်ပိဿာ ၁၄ဝဝ ကျပ်ဈေးဖြင့် ဈေးငြိမ်လျက်ရှိပြီး၊ ကျောက်ပန်းတောင်းမှ ရန်ကုန်(ဘုရင့်နောင်)သို့ နေ့စဉ်မန်ကျည်းပိဿာ ၇ဝဝဝ- ၈ဝဝဝ ခန့် တင်ပို့လျက်ရှိကြောင်း သိရပါတယ်။ ကျောက်ပန်းတောင်း မြို့နယ် အတွင်းသို့ ပခုက္ကူ၊ ဆိတ်ဖြုနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မှ မန်ကျည်း အဝင်မရှိသလောက်နည်းသွားပြီး၊ သိုလှောင်မှုအနေနဲ့ မန်ကျည်းအသားပိဿာ လေးသိန်းခန့်နဲ့ မန်ကျည်းအလုံး ပိဿာရှစ်သောင်းခန့် လက်ကျန်ရှိကြောင်း သိရပါတယ်။ နှစ်စဉ် သြဂုတ်လ နောက်ပိုင်းတွင် မန်ကျည်းမှာယူမှု၊ တင်ပို့မှုများပြား တတ်သဖြင့် အရောင်းသွက်လာမယ်လို့ ခန့်မှန်းကြောင်းပွဲရုံများမှ သိရပါတယ်။ မန္တလေးမြို့တွင် ယခုရက်ပိုင်းအတွင်း မန်ကျည်းအသား(အစေ့မပါ)တစ်ပိဿာ လက်ကားဈေး ၂၉ဝဝ ကျပ်၊ လက်လီဈေး ၃၆ဝဝ ကျပ်ဖြစ်ကြောင်း သိရပါတယ်။ သင်းးသင်းးအိ
အိန္ဒိယကို မန်ကျည်းစေ့ ၄၇ တန်တင်ပို့ ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ သြဂုတ်လ ၁၄ ရက်မှ ၂ဝ ရက်တာ ကာလအတွင်း မန်ကျည်းစေ့ ၄၇ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ် မန်ကျည်းစေ့တင်ပို့မှုက တန် ၅ဝ ရှိခဲ့တာကြောင့် ဒီသီတင်းပတ်မှာ တန်အနည်း ငယ်သာလျော့နည်းခဲ့ပါတယ်။ ယခင်သီတင်းပတ်က စင်ကာပူနိုင်ငံကို တင်ပို့ခဲ့ပေမဲ့ ဒီသီတင်းပတ်မှာတော့ အိန္ဒိယနိုင်ငံကို တင်ပို့ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီ ဈေးကန်ဒေါ်လာ ၂၃ဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့တာကြောင့် စုစုပေါင်း ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ တစ်သောင်းကျော်ရရှိခဲ့ပါတယ်။ MIRT (DOT)
မိုးကြီးလို့ ချင်းဈေးအေးပေမယ့် ပြည်တွင်းသို့ အထွက်ပုံမှန်စီးဆင်း ဒီတပတ်တော့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ မိုးအဆက်မပြတ်ရွာနေတာကြောင့် ရေတွေကြီး၊ လမ်းတွေပိတ်နေလို့ သီးနံှတွေလည်း အရောင်းအဝယ်အေးနေပါတယ်။ ဟိုပုံးချင်းဈေးကွက်မှာတော့ ရန်ကုန်ဝယ်လက်တချို့က ပရဆေးဖော်ဖို့အတွက် ဝယ်ယူနေကြပါတယ်။ အခက်ကြီးရင်တော့ တစ်ပိဿာ ၂၇ဝ ကျပ်ဈေးရှိပြီး၊ အခက် ငယ်ရင်တော့တစ်ပိဿာ ၂၅ဝ ကျပ်ဈေးသာရှိပါတယ်။ ဒီနှစ်က ပြည်ပဝယ်လို အားမရှိလို့ အရင်နှစ်တွေလို ရောင်းအားက အင်နဲ့အားနဲ့ မရှိပေမယ့်၊ ပြည်တွင်း သုံးအတွက်တော့ နေ့တိုင်းလိုလို ပိဿာချိန် ထောင်ဂဏန်းခန့် အရောင်းအဝယ် ဖြစ်နေပါတယ်။ အောင်ပန်းဈေးကွက်ကတစ်ဆင့် မြန်မာပြည်အနံှ့အပြား စီးဆင်း နေပြီး၊ တစ်ပတ်အတွင်း ချင်းပိဿာချိန် ၅၈ဝဝဝ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ မိုးကြောင့် ချင်းဈေးကငြိမ်နေပြီး၊ ချင်း(စို) တစ်ပိဿာ ၃ဝဝ ကျပ်-၃၅ဝ ကျပ်နဲ့ ချင်းခြောက်ကတစ်ပိဿာ ၁၄ဝဝ ကျပ်- ၁၄၅ဝ ကျပ်ဈေးနဲ့၊ တောင်ကြီးဈေးကွက်မှာ ဟိုပုံးချင်းခြောက်တစ်ပိဿာ ၂ဝဝဝ ကျပ်-၂၁ဝဝ ကျပ် ဈေးရှိတယ်လို့ သိရှိရပါတယ်။ ဧဧခိုင်
ဈေးငြိမ်အရောင်းသွက် ပြည်ချင်း(ဥမ)ဈေးကွက် ပြည်ချင်း(ဥမ) ဈေးမှာ ယခုတစ်ပတ်မှာလည်း တစ်ပိဿာကို(ရှယ်) ၈ဝဝ ကျပ်၊ (ဂျွန်) ၅၅ဝ-၆၅ဝ ကျပ်တို့နဲ့ ဈေးငြိမ်နေပြီး၊ ချင်းဓါးလှီးသမားများနဲ့ အရောင်း သွက်လျက်ရှိပါတယ်။ အောင်ပန်း၊ တောင်ကြီးဘက်မှ ချင်း(ဥမ)များ စီးဝင်မှု အားဖြင့် ပိဿာ ၃ဝ ဝင်အိတ် ၂၅ဝ ခန့်ရှိ၍ ဈေးကွက်အတွင်း ပွဲရုံများမှာ ချင်း ဓါးလှီးသမားများနဲ့ လက်ကား၊ လက်လီရောင်းဝယ်သူများက တစ်ရက်ကို ပိဿာချိန် ၁၁၅ဝ ခန့်အရောင်းအဝယ်ရှိနေပါတယ်။ ပုံမှန်စီးဆင်းတင်ပို့ မှု အနေနဲ့ကတော့ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်ဘက်သို့ ယခုတစ်ပတ်အတွင်း ပိဿာ ချိန်ပျမ်းမျှ ၂ဝဝဝ ခန့် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ
ချင်းရွှေဟော်ရဲ့ ပဲယင်း တင်ပို့မှု သြဂုတ်လ ၁၇ ရက်မှ ၂၃ ရက်ထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်များမှ ပဲယင်း (ချင်းပဲ) များ အပို့ရှိခဲ့ပါတယ်။ စစ်ကိုင်းနဲ့ မကွေးတိုင်း ဒေသကြီးများက ထွက်ရှိတဲ့ ပဲယင်းများကို တင်ပို့တာဖြစ်ပြီး ယခုအပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၂၈၃သန်းတန်ဖိုးရှိ ပဲယင်း ၅၁ဝ တန်ကျော် တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်က မူဆယ်နယ်စပ်မှသာ တန် ၃ဝဝ ကျော် အပို့ရှိခဲ့တာဖြစ်လို့ ယခုအပတ်မှာ တန် ၂ဝဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ် အလိုက် တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ တန် ၄၉ဝ ကျော်နဲ့ ချင်းရွှေ ဟော်က တန် ၂ဝ တင်ပို့ခဲ့တာဖြစ်ပါတယ်။ မိမိဘက်မြေပြင်ဈေး ပြောင်းလဲမှု မရှိသော်လည်း တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးကတော့ ဒေါ်လာ ၅ဝ ခန့်ကျနေ ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု % ၃၂၈၃၃၂ ၃၂၈၃၃၂ - - ၄၇ဝ ၅၁၇ ၄၇ ၉MIRT (DOBT)
ထောပတ်ပဲ ပုံမှန်တင်ပြီး မြေထောက်ပဲ တင်ပို့မှုလျော့ ပင်လယ်ရေကြောင်းက ထောပတ်ပဲနဲ့ မြေထောက်ပဲ တင်ပို့မှုဟာ ယခု သီတင်းပတ်မှာ မြေထောက်ပဲ ၂၅ တန်ကျော်နဲ့ ထောပတ်ပဲ တန် ၂၄ဝ ခန့်ရှိလို့ ယခင်သီတင်းပတ်တွေထက် မြေထောက်ပဲ တင်ပို့မှု သိသိသာသာ လျော့ကျခဲ့ပါတယ်။ လက်ကျန်နည်းလာပြီဖြစ်လို့ တင်ပို့မှု လျော့ကျလာတာဖြစ်ပါတယ်။ မြေ ထောက်ပဲကို ထိုင်း၊ စင်ကာပူနဲ့ အိန္ဒိယကိုတင်ပို့ပြီး၊ ထောပတ်ပဲကို အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှားနဲ့ စင်ကာပူတို့ကို တင်ပို့ပါတယ်။ ၂ဝ၁၁-၁၂ လက်ရှိဘဏ္ဍာနှစ် သြဂုတ်လ ၁၉ ရက်နေ့အထိ ပင်လယ်ရေ ကြောင်းက တင်ပို့ပြီးစီးမှုဟာ ထောပတ်ပဲတန် ၁၁ဝဝဝ ကျော်ပြီး၊ မြေထောက်ပဲ တန် ၆ဝဝဝ ကျော်ရှိလို့ ယခင်ဘဏ္ဍာနှစ်ကာလတူ တင်ပို့ခဲ့တဲ့ ထောပတ်ပဲတန် ၈၂ဝဝ ခန့်နဲ့ မြေထောက်ပဲတန် ၄၆ဝဝ ခန့်ထက် ပိုမိုတင်ပို့တာ တွေ့ရပါတယ်။ MIRT - MAPT
လှောင်လက်များဝယ်လိုအားတက်လို့ ကုလားပဲဈေး မြင့်တက် အိန္ဒိယပြည်တွင်း ကုလားပဲလက်ငင်းဈေးကွက်များမှာ ယခုရက်ပိုင်း ကြိုပွိုင့် ဈေး ပြန်ငြိမ်လာခြင်းကြောင့် လက်ငင်းဈေး အနည်းငယ်တိုးပါတယ်။ ပဲခွဲစက်များနဲ့ ကုန်သည်များအနေနဲ့ လာမယ့် ပွဲတော်များအတွက် ဝယ်လိုအားဆက်လက်ခိုင်မာ ဖွယ်ရှိပါတယ်။ ဈေးကွက်မှ ပြောကြားချက်အရ အဓိကဈေးကွက်များကို ကုလားပဲ ဝင်ရောက်မှုဟာ ယခင်သီတင်းပတ်အတွင်းက တစ်ရက်ကို စုစုပေါင်း ကုလားပဲအိတ် ၆ဝဝဝဝ ခန့် ဝင်ရောက်ခဲ့ရာမှ အိတ် ၄ဝဝဝဝ ကို ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲဝင်ရောက်မှု အနည်းငယ်လျော့ကျလာတာကြောင့် ဒေလီဈေးကွက် မှာ သြဂုတ်လ ၂၆ ရက်က တစ်တန်ကို ရူပီး ၂ဝဝ (ကန်ဒေါ်လာ ၄ ဒသမ ၃၈) လျော့ကျပြီး ရူပီး ၃၁၅ဝဝ-၃၂၈ဝဝ ( ကန်ဒေါ်လာ ၆၉ဝ-၇၁၉) နဲ့ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အလားတူ သြစတြေးလျနဲ့ တန်ဇန်းနီးယားက တင်သွင်းကုလားပဲ လက်ငင်း ဈေးများလည်း ဈေးအနည်းငယ်တိုးပြီး မွန်ဘိုင်းဈေးကွက်မှာ တစ်တန်ကို ရူပီး ၂၉ဝဝဝ (ကန်ဒေါ်လာ ၆၃၆) နဲ့ ရူပီး ၂၇၂၅ဝ (ကန်ဒေါ်လာ ၅၉၇) ဈေးဖြစ်ခဲ့ပါ တယ်။ ဒါ့အပြင် မိုးပဲမျိုးစုံ စိုက်ပျိုးမှု တိုးတက်ခြင်းမရှိခြင်းက ဈေးနှုန်းကို အထောက် အပံ့ဖြစ်စေပါတယ်။ NCDEX မှာ စက်တင်ဘာလအခြေခံစံနှုန်း ကုလားပဲ ကြိုပွိုင့်ဈေးလည်း တစ်တန်ကို ရူပီး ၄၂ဝ (ကန်ဒေါ်လာ ၉ ဒသမ၂) တိုးပြီး ရူပီး ၃၂၄၄ဝ (ကန်ဒေါ်လာ ၇၁၁) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ MIRT- MAPT
အိန္ဒိယ ကုလားပဲဈေးအနည်းငယ်တိုး အိန္ဒိယပြည်တွင်း ဈေးကွက်များမှာ ယခုတစ်ပတ်အတွင်း ဝယ်လိုအားကောင်း နေတာကြောင့် ကုလားပဲ ဈေးအနည်းငယ်တိုးလာပါတယ်။ ကနေဒါနဲ့ အမေရိကန် တို့မှာ ထုတ်လုပ်မှုကျဆင်းဖွယ်ရှိခြင်းကြောင့် နိုင်ငံတကာ ဈေးခိုင်မာနေခြင်းအပြင် ပြည်တွင်းဝယ်လိုအား ကောင်းမွန်နေခြင်းက ဈေးနှုန်းကို အထောက်အပံ့ ဖြစ်စေပါ တယ်။ မိုးပဲစိုက်ဧက ကျဆင်းခြင်းကြောင့် မိုးပဲအထွက်လျော့ကျဖွယ်ရှိခြင်းက ဈေးကွက်ကို လွှမ်းမိုးနေပါတယ်။ ကုလားပဲကို စက်တင်ဘာ-အောက်တိုဘာမှာ စတင် တော့မှာဖြစ်ပြီး၊ ရာသီဥတုအခြေအနေအရ စိုက်ပိုျးမှု တိုးတက်ဖွယ် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ လာမယ့်လများမှာ ဝယ်လိုအားက ဈေးနှုန်းကို ပြောင်းလဲစေနိုင် ပါတယ်။ ဈေးကွက် အသီးသီးမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ၊ နှိုင်းယှဉ်ဖော်ပြ လိုက်ပါတယ်။ ဒေါ်လာ/ တန် ၂၅-၈-၁၁ ၂၄-၈-၁၁ ၂၃-၈-၁၁ ၂ဝ-၈-၁၁မွန်ဘိုင်း ၅၉၅ ၅၇၉ ၅၉၁ ၅၇၅-၅၈ဝဒေလီ - ၆၈၈-၆၉၄ ၆၈၉-၆၉၅ ၆၅၂-၆၅၇ကန်ပါ ၇ဝ၁ ၇ဝ၆ ၇၁၁ ၆၇၉MIRT(MAPT)
ရန်ကုန် FOB ကုလားပဲဖြူလုံးကြီး တန် ၃ဝဝဝ ခန့် အရောင်းအဝယ်ဖြစ် ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ FOB ဈေးကွက်မှာ ယခု တစ်ပတ် သြဂုတ် ၁၉ ရက်မှ ၂၅ ရက်အထိ တစ်ပတ်အတွင်း တန် ၃ဝဝဝ ခန့် ပြည်ပအရောင်းအဝယ်စာချုပ်နိုင်တာတွေ့ရပါတယ်။ အိန္ဒိယ၊ ပါကစ္စတန် ဝယ်လို အား အကောင်းဆုံးပဲဖြစ်ပါတယ်။ သြဂုတ်လအတွင်း ၂၅ ရက်နေ့အထိ အရောင်း အဝယ်ဖြစ်မှုမှာ တန်ချိန် ၁၂ဝဝဝ ကျော်ပြီလို့ သိရပါတယ်။ ပြည်ပဝယ်လိုအားရှိတဲ့ ပဲမို့ အခြားပဲဈေးတွေအေးနေပေမယ့် ကုလားပဲဖြူလုံးကြီး ဈေးကတော့ ဆက်လက် ခိုင်မာနေပါတယ်။ ယခင်သီတင်းပတ် သြဂုတ်လ ၁၈ ရက်က ကုလားပဲဖြူလုံးကြီး FAQ တစ်တန်ကို ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ ရှိခဲ့ရာမှ သြဂုတ် ၂၆ ရက်မှာ ကန်ဒေါ်လာ ၁ဝ၂ဝ-၁ဝ၄ဝ ကို တိုးလာပါတယ်။ MIRT - MAPT