Main menu

Background

Sunday, 4 Sep 2011

အိန္ဒိယ ကုလားပဲဈေး ခိုင်မာနေ               အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ လက်ကျန်ပဲဟောင်းနည်းလာပြီဖြစ်ပြီး ဝယ်လိုအားရှိနေတာကြောင့် ကုလားပဲဈေးခိုင်မာနေပါတယ်။ နိုင်ငံတကာ အခြေ အနေကတော့ အမေရိကန်နဲ့ ကနေဒါကုလားပဲထုတ်လုပ်မှု ကလည်း ယခင်နှစ်တွေ ထက် လျော့ကျဖွယ်ရှိတဲ့အပြင် စက်တင်ဘာလ ဒုတိယပတ်မှာ တရားဝင်ခန့်မှန်း မယ့် ကုလားပဲထုတ်လုပ်မှုကလည်း ကျဆင်းဖွယ်ရှိခြင်းက ဈေးနှုန်းကို အထောက် အပံ့ဖြစ်စေပါတယ်။ ကာလတိုအတွင်း ကုလားပဲဈေး ဆက်လက်ခိုင်မာဖွယ် ရှိတယ် လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြ လိုက်ပါတယ်                               ဒေါ်လာ/ တန်                      ၃ဝ-၈-၁၁           ၂၉-၈-၁၁       ၂၇-၈-၁၁              ၂၆-၈-၁၁မွန်ဘိုင်း              -                    ၆၁ဝ-၆၂၁       ၆ဝ၇-၆၁၈            ၅၉၇(တန်ဇန်းနီးယား)ဒေလီ              ၆၈၄-၆၉ဝ          ၆၈၇-၆၉၂       ၆၈၃-၆၉၄           ၆၈၄-၆၈၉ကန်ပါ               ၇၂၈                    ၇ဝ၉              -                         ၇ဝ၁MIRT(MAPT)

Sunday, 4 Sep 2011

လက်ကျန်နည်းလာတဲ့ ကုလားပဲ FOB အရောင်းအဝယ်ဖြစ်              ဈေးကွက်တွေမှာ လက်ကျန်နည်းလာပြီဖြစ်တဲ့ ကုလားပဲဟာ ယခုတစ်ပတ် FOB ဈေးကွက်မှာ တန်ချိန် ၁၇ဝဝ ကျော်သာ အရောင်းအဝယ် ဖြစ်ခဲ့တယ်။ ပါကစ္စတန်နဲ့ အိန္ဒိယဝယ်လက်များ ဝယ်လိုအားကောင်းပေမဲ့ လက်ကျန်နည်းလာ ပြီ ဖြစ်လို့ အရောင်းအဝယ်ဖြစ်မှု နည်းခြင်းဖြစ်ပါတယ်။ သြဂုတ်လတစ်လလုံး ပြည်ပ အရောင်းအဝယ်စာချုပ်ချုပ်ဆိုမှုဟာ တန်ချိန် ၁၃ဝဝဝ ကျော်ရှိတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးကတော့ ယခင်တစ်ပတ်လိုဘဲ စက်တင်ဘာလ ၂ ရက်မှာလည်း တစ်တန်ကို ကန်ဒေါ်လာ ၁ဝ၂ဝ-၁ဝ၄ဝ နဲ့ ငြိမ်နေတယ်လို့ သိရပါတယ်။ MIRT - MAPT

Sunday, 4 Sep 2011

လက်ကျန်နည်းပေမဲ့ ကုလားပဲဖြူလုံးကြီး တန် ၃ဝဝဝ ကျော်တင်ပို့မှုရှိ                  ဝယ်လိုအားကောင်းတဲ့ ကုလားပဲဟာ ဈေးကွက်တွေမှာ လက်ကျန်နည်း လာပေမဲ့ သြဂုတ်လ ၂၁ ရက်မှ ၂၇ ရက်ထိ တစ်ပတ်အတွင်းမှာလည်း တန်ချိန် ၃၃ဝဝ ကျော်တင်ပို့မှုရှိတာတွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် သြဂုတ်လ ၂၆ ရက်နေ့အထိ ကုလားပဲတင်ပို့ပြီးစီးမှုဟာ တန်ချိန် ၅၂၇ဝဝ ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၄၂ သန်းကျော်ဖိုးရှိလို့ ယခုနှစ်မှာ ဈေးအကောင်းဆုံးနဲ့ အရောင်း အဝယ် အဖြစ်ဆုံးပဲဖြစ်ပါတယ်။ MIRT - MAPT

Sunday, 4 Sep 2011

ပြည်ပဲတီစိမ်း အရည်အသွေးအလိုက် ဈေးပေးဝယ်ယူ         ပြည်ဈေးကွက်သို့ ယခုသြဂုတ်လ နောက်ဆုံးပတ်တွင် ပဲတီစိမ်းဝင်ရောက်မှုမှာ ပါးလာခဲ့ပြီဖြစ်ပါတယ်။ အဝင်ပါးလာသလို ပဲတီစိမ်းအရည်အသွေးမှာလည်း ကျလာခဲ့တဲ့အတွက် လိုင်းသမားများမှ ဈေးလျော့အဝယ်ရှိ ရှိခဲ့ကြပါတယ်။ ပဲတီစိမ်းဈေးမှာ ရှယ်စတစ်တင်း ၁၆ဝဝဝ ကျပ်၊ ရိုးရိုးစ တစ်တင်း ၁၄ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ ယခု တစ်ပတ်အတွင်း နေ့စဉ်အရောင်းအဝယ်မဖြစ်ဘဲ အရောင်းအဝယ်ဖြစ်တဲ့ရက်မှာ အိတ် ၅ဝဝ ကျော်ထိရောင်းဝယ်ခဲ့ကြပြီး ယခုလကုန်ထိ ရန်ကုန်သို့ အိတ် ၂ဝဝဝ ကျော် တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း

Sunday, 4 Sep 2011

အိန္ဒိယ ပဲတီစိမ်းဈေးမြင့်တက်             အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း သြဂုတ်လကုန်သီတင်းပတ်မှာ ပဲတီစိမ်းဈေးမြင့်တက်နေပါတယ်။ ယခင်နှစ်နဲ့ နှိုင်းယှဉ်ရင် စိုက်ဧရိယာကျဆင်းပြီး ပဲရင့်မှည့်၊ ရိတ်သိမ်းချိန်မိုးရွာသွန်းမှုတွေကြောင့် အထွက်ကျဆင်းပြီး အရည် အသွေး ပျက်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ မဟာရပ်ရှတရာ အချို့ဒေသတွေက ပဲအသစ်တွေ စတင်ဝင်ရောက်လာပြီဖြစ်ပေမဲ့ အစိုဓါတ်များပြီး အရောင်ပျက်ပဲ ပါဝင်မှုများတယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၃ ရက်နောက်ပိုင်း အိန္ဒိယကျွန်းဆွယ်မှာ ရာသီဥတုခြောက်သွေ့မယ်ခန့်မှန်းလို့ ရာသီဥတုခြောက်သွေ့ပါက သီးနံှရိတ်သိမ်းရာ မှာ အဆင်ပြေပြီး အစိုဓါတ်ပါဝင်မှုလျော့ကျ နိုင်တယ်လို့ ခန့်မှန်းပါတယ်။ ကာလတိုအတွင်း ဈေးနှုန်းခိုင်မာဖွယ်ရှိတယ် ခန့်မှန်းထားပါတယ်။ ဈေးကွက်ပေါက်ဈေးများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်  ဒေါ်လာ/ တန်                                   ၃ဝ-၈-၁၁       ၂၉-၈-၁၁        ၂၇-၈-၁၁          ၂၆-၈-၁၁မွန်ဘိုင်း (ကင်ညာ)        ၉၅၆-၉၈၇     ၁ဝဝ၃-၁ဝ၂၅     ၉၉၇-၁ဝ၁၉         ၉၉၈ဒေလီ                          ၇၆၁-၈ဝ၄      ၇၆၃-၈ဝ၇         ၇၅၉-၈ဝ၂       ၇၇၁-၈ဝ၃အာကိုလာ                    ၈၂၆-၁ဝ၄၃          -                ၇၅၉-၁ဝ၄၁     ၇၆ဝ-၁ဝ၄၂MIRT(MAPT)

Sunday, 4 Sep 2011

ယခုအပတ် မူဆယ်နယ်စပ်မှ ပဲတီစိမ်း တင်ပို့မှုကောင်းနေ             မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ သြဂုတ်လ ၂၄ ရက်မှ ၃ဝ ရက် ထိကာလအတွင်း ကန်ဒေါ်လာ ဝ ဒသမ ဝ၂၇ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၃၄၇၅ တန် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်မှ ၂၉၄၄ တန်ကျော်နဲ့ စစ်တွေမှ ၂၂ တန် အပို့ရှိခဲ့တာဖြစ်ပြီး၊ ယခုအပတ်မှ မူဆယ် နယ်စပ်ပေါက် တစ်ခုတည်းမှ အပို့ရှိခဲ့သော်လည်း တန်ချိန် ၅၅ဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ သြဂုတ်လအတွင်းမှာ နယ်စပ်မှ ပဲတီစိမ်း ၁၇၁၉၅ တန်အပို့ရှိပြီး ဧပြီလမှ သြဂုတ်လကုန်ထိ တန်ချိန် ၁၁၁၁ဝဝ ကျော်ပို့ထားပြီးဖြစ်ပါတယ်။ မိမိဘက်ရောတစ်ဘက်နိုင်ငံမြေပြင်ပေါက်ဈေးများ မြင့် တက်လျက်ရှိပြီး၊ ပဲတီစိမ်းအညာ ဆန်ကာချ ၁ကီလိုကို ၅ ဒသမ ၅ ယွမ်မှ ၆ ယွမ်ခန့်ထိ ဈေးရလျက်ရှိတယ်လို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်-                                          မိမိဘက်(ကျပ်/တန်)                 တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                    ယခု             ယခင်    ပြောင်းလဲမှု    %       ယခု       ယခင်   ပြောင်းလဲမှု   %ပဲတီစိမ်း     ၅၇၈၃၄၂     ၅၇၄၇၅၃     ၃၅၈၉        ဝ .၆     ၈၆ဝ     ၈ဝဝ            ၆ဝ         ၈MIRT (DOBT)

Sunday, 4 Sep 2011

ပဲတီစိမ်း FOB အရောင်းအဝယ် တန် ၅၆ဝဝ ကျော်ဖြစ်                     ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် ကုန်စည်ဒိုင် FOB ဈေးကွက်မှာ သြဂုတ် ၂၆ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ပဲတီစိမ်းတန်ချိန် ၅၆ဝဝ ကျော်ပြည်ပအရောင်းအဝယ် စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယအဝယ် လိုက် လာတာကြောင့် အညာ ပဲတီစိမ်း အရောင်းသွက်သလို ခရမ်းပဲတီရွှေဝါ လက်ကျန်တွေလည်း အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။                      သြဂုတ်လ တစ်လလုံး အရောင်းအဝယ်ဖြစ်မှုမှာ ပဲတီရွှေဝါ တန်ချိန် ၁၇ဝဝဝခန့်၊ ပဲတီစိမ်းခွဲခြမ်းတန် ၄ဝဝဝ ကျော်၊ ပဲတီစိမ်း တန် ၂၃ဝဝ ခန့် နဲ့ စုစုပေါင်း တန်ချိန် ၂၃ဝဝဝ ကျော် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပဲတီစိမ်းအညာကို အဝယ် သွက်တာကြောင့် ရန်ကုန် FOB ဈေးမှာ အနည်းငယ်တိုးလာတာ တွေ့ရပါတယ်။ ဒေါ်လာ/ တန်               ပဲတီစိမ်းအညာ      ပဲတီရွှေဝါအသေး     ပဲတီရွှေဝါအကြီး၂-၉-၁၁       ၇၃ဝ-၇၅ဝ             ၉၂ဝ-၉၄ဝ             ၁ဝဝဝ-၁ဝ၂ဝ၂၆-၈-၁၁      ၇၁ဝ-၇၃ဝ           ၉၂ဝ-၉၄ဝ              ၁ဝဝဝ-၁ဝ၂ဝMIRT(MAPT)

Sunday, 4 Sep 2011

ယခုတစ်ပတ် ပဲတီစိမ်းတင်ပို့မှု တန် ၅ဝဝဝ နီးပါးရှိလာ        ယခုတစ်ပတ် သြဂုတ်လ ၂၁ ရက်မှ ၂၇ ရက်အတွင်း ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှု တန်ချိန် ၅ဝဝဝ နီးပါးအထိ တိုးတက်လာခဲ့ပါတယ်။ ပြည်ပဝယ်လိုအားကောင်းလာတာကြောင့် တင်ပို့မှုပိုလာခြင်းဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ်၂၆.၈.၂ဝ၁၁ ထိ ပင်လယ်ရေကြောင်းက တင်ပို့ပြီးစီးမှု တန်ချိန် ၁၇ဝဝဝဝ ခန့်ရှိပြီး၊ ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၇ဝသန်းခန့်သာ ရှိတာ တွေ့ရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူမှာတင်ပို့မှုဟာ တန်ချိန် ၁၁ဝဝဝဝ ကျော်သာရှိပေမဲ့ ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၄၁ သန်းအထိ ရရှိခဲ့တာတွေ့ရပါတယ်။ လက်ရှိရောင်းဝယ်မှု အခြေအနေအရ လာမယ့်သီတင်းပတ်မှာလည်း တင်ပို့မှု အားကောင်းဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။MIRT - MAPT

Sunday, 4 Sep 2011

အိန္ဒိယ PEC  မှ ပဲမျိုးစုံ တန် ၈ဝဝဝ ဝယ်ယူဖို့ တင်ဒါခေါ်                အိန္ဒိယနိုင်ငံပိုင် အေဂျင်စီဖြစ်တဲ့ PEC ဟာ စက်တင်ဘာလမှ အောက် တိုဘာလ ၁၅ ရက်အတွင်း ပို့ရမယ့် ပဲမျိုးစုံတန်ချိန် ၈ဝဝဝ ဝယ်ယူဖို့ တင်ဒါခေါ်ယူထားပါတယ်။ ဝယ်ယူ မယ့် ပဲတွေကတော့ မြန်မာမတ်ပဲ FAQ တန်ချိန် ၂ဝဝဝ ကိုမွန်ဘိုင်း ဆိပ်ကမ်းကို ပို့ရမှာဖြစ်ပြီး၊ မြန်မာ မတ်ပဲ SQ တန် ၂ဝဝဝ ကိုတော့ ချန်နိုင်း ဆိပ်ကမ်းကို ပို့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် သြစတြေးလျ ဒေစီကုလားပဲ တန် ၂ဝဝဝ နဲ့ တန်ဇန်းနီးယားဒေစီ ကုလားပဲ တန် ၂ဝဝဝ တို့ကိုလည်း မွန်ဘိုင်းဆိပ်ကမ်းကို ပို့ရမယ်လို့ သိရ ပါတယ်။ ယင်းတင်ဒါကို စက်တင်ဘာလ ၁ ရက်နေ့မှာ ပိတ်မှာဖြစ်ပါ တယ်။ ယမင်းခင် Source:PEC Website

Sunday, 4 Sep 2011

ပြည်ပဲလွန်းဖြူ ပစ္စည်းပြတ်ပေမယ့် ဈေးကောင်းရနေ                     ပြည်ပဲလွန်းဖြူ ဈေးကွက်မှာ ပစ္စည်းပြတ်သလောက် ဖြစ်နေပြီး၊ လက်ကျန်အနည်းငယ်ရောင်းဝယ်မှု ရှိခဲ့ ပါတယ်။ လက်လီသမားများသာ အရောင်းအဝယ်ရှိခဲ့ပြီး ပဲတစ်တင်းကို ယခင်တစ်ပတ်က ၁၈ဝဝဝ ကျပ်ဖြင့် ရောင်းဝယ်ခဲ့ပြီး ယခုတစ်ပတ်မှာ ပစ္စည်းလက်ကျန်ရှားလို့ တစ်တင်း ၁၈၃ဝဝ ကျပ်ဈေးဖြင့် အရောင်းအဝယ် ရှိတယ်လို့ သိရပါတယ်။မိမိအေး

Pages