Main menu

Background

Sunday, 4 Sep 2011

ပဲတီစိမ်း FOB အရောင်းအဝယ် တန် ၅၆ဝဝ ကျော်ဖြစ်                     ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် ကုန်စည်ဒိုင် FOB ဈေးကွက်မှာ သြဂုတ် ၂၆ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ပဲတီစိမ်းတန်ချိန် ၅၆ဝဝ ကျော်ပြည်ပအရောင်းအဝယ် စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယအဝယ် လိုက် လာတာကြောင့် အညာ ပဲတီစိမ်း အရောင်းသွက်သလို ခရမ်းပဲတီရွှေဝါ လက်ကျန်တွေလည်း အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။                      သြဂုတ်လ တစ်လလုံး အရောင်းအဝယ်ဖြစ်မှုမှာ ပဲတီရွှေဝါ တန်ချိန် ၁၇ဝဝဝခန့်၊ ပဲတီစိမ်းခွဲခြမ်းတန် ၄ဝဝဝ ကျော်၊ ပဲတီစိမ်း တန် ၂၃ဝဝ ခန့် နဲ့ စုစုပေါင်း တန်ချိန် ၂၃ဝဝဝ ကျော် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပဲတီစိမ်းအညာကို အဝယ် သွက်တာကြောင့် ရန်ကုန် FOB ဈေးမှာ အနည်းငယ်တိုးလာတာ တွေ့ရပါတယ်။ ဒေါ်လာ/ တန်               ပဲတီစိမ်းအညာ      ပဲတီရွှေဝါအသေး     ပဲတီရွှေဝါအကြီး၂-၉-၁၁       ၇၃ဝ-၇၅ဝ             ၉၂ဝ-၉၄ဝ             ၁ဝဝဝ-၁ဝ၂ဝ၂၆-၈-၁၁      ၇၁ဝ-၇၃ဝ           ၉၂ဝ-၉၄ဝ              ၁ဝဝဝ-၁ဝ၂ဝMIRT(MAPT)

Sunday, 4 Sep 2011

ယခုတစ်ပတ် ပဲတီစိမ်းတင်ပို့မှု တန် ၅ဝဝဝ နီးပါးရှိလာ        ယခုတစ်ပတ် သြဂုတ်လ ၂၁ ရက်မှ ၂၇ ရက်အတွင်း ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှု တန်ချိန် ၅ဝဝဝ နီးပါးအထိ တိုးတက်လာခဲ့ပါတယ်။ ပြည်ပဝယ်လိုအားကောင်းလာတာကြောင့် တင်ပို့မှုပိုလာခြင်းဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ်၂၆.၈.၂ဝ၁၁ ထိ ပင်လယ်ရေကြောင်းက တင်ပို့ပြီးစီးမှု တန်ချိန် ၁၇ဝဝဝဝ ခန့်ရှိပြီး၊ ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၇ဝသန်းခန့်သာ ရှိတာ တွေ့ရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူမှာတင်ပို့မှုဟာ တန်ချိန် ၁၁ဝဝဝဝ ကျော်သာရှိပေမဲ့ ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၄၁ သန်းအထိ ရရှိခဲ့တာတွေ့ရပါတယ်။ လက်ရှိရောင်းဝယ်မှု အခြေအနေအရ လာမယ့်သီတင်းပတ်မှာလည်း တင်ပို့မှု အားကောင်းဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။MIRT - MAPT

Sunday, 4 Sep 2011

အိန္ဒိယ PEC  မှ ပဲမျိုးစုံ တန် ၈ဝဝဝ ဝယ်ယူဖို့ တင်ဒါခေါ်                အိန္ဒိယနိုင်ငံပိုင် အေဂျင်စီဖြစ်တဲ့ PEC ဟာ စက်တင်ဘာလမှ အောက် တိုဘာလ ၁၅ ရက်အတွင်း ပို့ရမယ့် ပဲမျိုးစုံတန်ချိန် ၈ဝဝဝ ဝယ်ယူဖို့ တင်ဒါခေါ်ယူထားပါတယ်။ ဝယ်ယူ မယ့် ပဲတွေကတော့ မြန်မာမတ်ပဲ FAQ တန်ချိန် ၂ဝဝဝ ကိုမွန်ဘိုင်း ဆိပ်ကမ်းကို ပို့ရမှာဖြစ်ပြီး၊ မြန်မာ မတ်ပဲ SQ တန် ၂ဝဝဝ ကိုတော့ ချန်နိုင်း ဆိပ်ကမ်းကို ပို့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် သြစတြေးလျ ဒေစီကုလားပဲ တန် ၂ဝဝဝ နဲ့ တန်ဇန်းနီးယားဒေစီ ကုလားပဲ တန် ၂ဝဝဝ တို့ကိုလည်း မွန်ဘိုင်းဆိပ်ကမ်းကို ပို့ရမယ်လို့ သိရ ပါတယ်။ ယင်းတင်ဒါကို စက်တင်ဘာလ ၁ ရက်နေ့မှာ ပိတ်မှာဖြစ်ပါ တယ်။ ယမင်းခင် Source:PEC Website

Sunday, 4 Sep 2011

ပြည်ပဲလွန်းဖြူ ပစ္စည်းပြတ်ပေမယ့် ဈေးကောင်းရနေ                     ပြည်ပဲလွန်းဖြူ ဈေးကွက်မှာ ပစ္စည်းပြတ်သလောက် ဖြစ်နေပြီး၊ လက်ကျန်အနည်းငယ်ရောင်းဝယ်မှု ရှိခဲ့ ပါတယ်။ လက်လီသမားများသာ အရောင်းအဝယ်ရှိခဲ့ပြီး ပဲတစ်တင်းကို ယခင်တစ်ပတ်က ၁၈ဝဝဝ ကျပ်ဖြင့် ရောင်းဝယ်ခဲ့ပြီး ယခုတစ်ပတ်မှာ ပစ္စည်းလက်ကျန်ရှားလို့ တစ်တင်း ၁၈၃ဝဝ ကျပ်ဈေးဖြင့် အရောင်းအဝယ် ရှိတယ်လို့ သိရပါတယ်။မိမိအေး

Sunday, 4 Sep 2011

ပဲလွန်းဖြူတင်ပို့မှု လျော့ကျပေမဲ့ FOB အရောင်းတန် ၄ဝဝခန့်ရှိ               ပဲလွန်းဖြူကို ပင်လယ်ရေကြောင်း က တင်ပို့မှုဟာ ယခင်သီတင်းပတ်တွေ က တန်ချိန် ၃ဝဝ ခန့်နဲ့ ပုံမှန်တင်ပို့မှုရှိခဲ့ပေမဲ့ သြဂုတ်လ ၂၁ ရက်မှ ၂၇ ရက် အတွင်း သီတင်းပတ်မှာတော့ စင်ကာ ပူနဲ့ ထိုင်းကို တန်ချိန် ၁ဝ တန်ခန့်သာ တင်ပို့မှု ရှိခဲ့ပါတယ်။ ဒါပေမဲ့ ရန်ကုန် တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည် ဒိုင်မှာ ပြည်ပအရောင်း အဝယ်စာချုပ် ချုပ်ဆိုမှုကတော့ တန်ချိန် ၄ဝဝ ခန့်ရှိ တာ တွေ့ရပါတယ်။                   သြဂုတ်လ တစ်လလုံး အရောင်း အဝယ်ဖြစ်မှုဟာ တန်ချိန် ၁၃ဝဝ ခန့် ရှိပြီး ယခုဈေးကွက်တွေမှာတော့ လက်ကျန်အတော်နည်းနေပြီလို့သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင် သီတင်းပတ်ဈေးအတိုင်း ပြောင်းလဲခြင်း မရှိဘဲ စက်တင်ဘာလ ၂ ရက်နေ့မှာ ပဲလွန်းဖြူ (FAQ) တစ်တန် ကန်ဒေါ် လာ ၈၄ဝ-၈၆ဝ၊ SQ တစ်တန် ကန်ဒေါ်လာ ၉၅ဝ-၉၇ဝ အသီးသီးရှိ တယ်လို့ သိရပါတယ်။ MIRT - MAPT

Sunday, 4 Sep 2011

ပြည်ပဲစဉ်းငုံဈေး ပြန်မြင့်လာ                 ယခုတစ်ပတ် ပြည်ဈေးကွက်တွင် ပဲစဉ်းငုံဈေးအနည်းငယ်မြင့်လာတာကိုတွေ့ရ ပါတယ်။ ယခင်တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းကို ၁၁ဝဝဝ ကျပ်ဈေးပေးခဲ့ရာမှ ယခု တစ်ပတ်မှာတော့ တစ်တင်းကို ၁၉ဝဝ ကျပ်ထိ ဈေးပိုပေးကာ ဈေးကွက်တွင် တစ်တင်းကို ၁၂၉ဝဝ ကျပ်ထိ ဈေးပေးဝယ်ယူကြောင်းသိရပါတယ်။ ရောင်းဝယ်မှု အနေနဲ့ကတော့ တစ်နေ့ကို အိတ် ၂ဝဝ-၃ဝဝ ထိ အရောင်းအဝယ်ဖြစ်၍ အရောင်း အဝယ်လုံးဝမဖြစ်သောရက်များလည်းရှိတယ်လို့ သိရပါတယ်။ တင်ပို့မှုအနေနဲ့ ကတော့ သြဂုတ် တစ်လလုံးမှာ ရန်ကုန်ဝယ်လက်အနည်းငယ်ရှိတာကြောင့် အိတ် ၁၂၅ဝ ထိ တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။ ဆုမွန်ဆွေ

Sunday, 4 Sep 2011

အိန္ဒိယပဲစင်းငုံ မြင့်တက်ပြီးနောက် ပြန်ငြိမ်လာ                 အိန္ဒိယပြည်တွင်းဈေးကွက်များမှာ သြဂုတ်လနောက်ဆုံးသီတင်းပတ် အစ ပိုင်းမှာ ပဲစင်းငုံဈေးမြင့်တက်ခဲ့ပြီး သီတင်းပတ်နှောင်းပိုင်းမှာတော့ ပြန်ငြိမ်လာတာ တွေ့ရပါတယ်။ ဈေးကွက်တွေမှာ ပြည်ပက တင်သွင်းပဲရောင်းချမှု လုံလောက်ခြင်းနဲ့ ပြည်တွင်းပဲရောင်းချမှု ပိုမိုလာခြင်းတို့က ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်ထား ပါတယ်။ ဒါပေမဲ့ ပဲစင်းငုံ စိုက်ဧရိယာ ကျဆင်းခြင်းနဲ့ လာမယ့်သီတင်းပတ်များမှာ ဝယ်လိုအားကောင်းလာဖွယ်ရှိခြင်းကတော့ ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေနိုင် တယ်လို့ ခန့်မှန်းကြပါတယ်။ လက်ရှိရာသီဥတုက ပဲစင်းငုံအတွက် ကောင်းမွန်တဲ့ အနေအထားရှိ နေပြီး အခုချိန်ထိတော့ ပိုးကျရောက်တဲ့ သတင်းမကြားရသေးဘူးလို့ ဆိုပါတယ်။ကာလတိုအတွင်း မှာတော့လက်ရှိ ဈေးဝန်းကျင်မှာအတက်အကျ ရှိနေ ဦးမယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်။                             ဒေါ်လာ/ တန်                      ၃ဝ-၈-၁၁          ၂၉-၈-၁၁         ၂၇-၈-၁၁           ၂၆-၈-၁၁မွန်ဘိုင်း            ၆၄၆                ၆၅၄-၆၅၉          ၆၆၇                   ၆၄၁ဒေလီ            ၆၇၈-၆၇၉            ၆၉၅-၆၉၈         ၆၉၉-၇ဝ၅        ၆၈ဝ-၆၈၂ချန်နိုင်း             ၆၅၂                  ၆၅၄                 ၆၃၉                  ၆၃ဝMIRT(MAPT)

Sunday, 4 Sep 2011

ယခင်တစ်ပတ်ထက် ပဲစင်းငုံပြည်ပအဝယ်တိုး               ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲစင်းငုံ ပြည်ပ အရောင်းအဝယ်ဖြစ်မှုဟာ ယခင်တစ်ပတ်က တန်ချိန် ၁၁ဝဝဝ ခန့်ရှိခဲ့ရာမှ ယခုတစ်ပတ် သြဂုတ်လ ၂၆ ရက်မှ စက်တင်ဘာလ ၁ရက်အတွင်းမှာတော့ တန် ချိန် ၁၃ဝဝဝ ကျော်ထိ တိုးတက်လာတာတွေ့ရပါတယ်။ အိန္ဒိယဈေးကွက်မှာ လည်း ပဲဈေးအနည်းငယ်ြွကခဲ့သလို ပဲအသစ်ပေါ်ဖို့လည်း လိုနေသေးတာကြောင့် မြန်မာ ဘက်မှာ အဆွဲလိုက်လာတဲ့ သဘောရှိပါတယ်။                  သြဂုတ်လ တစ်လလုံး အရောင်းအဝယ်စာချုပ်ချုပ်ဆိုမှုဟာ ပဲစင်းငုံဖြူနီ တန် ၅ဝဝဝ ကျော်၊ အနီတန်ချိန် ၂၇ဝဝဝ ကျော်နဲ့ ခွဲခြမ်းတန် ၆ဝဝ ကျော် စုစုပေါင်း တန်ချိန် ၄၆ဝဝဝ ကျော်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ လတ်တလောမှာလည်း ပြည်တွင်းကုန်သည်များ ရောင်းလိုအားကောင်းနေလို့ ပြည်ပအဝယ်မရှိသလောက် အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ယခုရက်ပိုင်းအတွင်း ပြည်ပပို့ကုန် ဝင်ငွေ လဲလှယ်နှုန်း ပြန်ကောင်းလာတဲ့ သဘောရှိလို့ ရန်ကုန် FOB ဈေးလည်း အနည်းငယ် တိုးခဲ့ပါတယ်။                      ပဲစင်းငုံနီ             ဖြူနီ          ငုံနီ(အဟောင်း)၂-၉-၁၁           ၅၈ဝ-၆ဝဝ      ၄၆ဝ-၄၈ဝ        ၅၇ဝ-၅၉ဝ၂၆-၈-၁၁         ၅၅ဝ-၅၇ဝ     ၄၃ဝ-၄၅ဝ          ၅၄ဝ-၅၆ဝMIRT(MAPT)

Sunday, 4 Sep 2011

ယခုတစ်ပတ် ပဲစင်းငုံတင်ပို့မှု အနည်းငယ်တိုး            ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုဟာ ယခင်သီတင်းပတ်တွေက တန် ၃ဝဝဝ ကျော်တင်ပို့မှုရှိခဲ့ရာမှ သြဂုတ်လနောက်ဆုံးပတ် (သြဂုတ်လ ၂၁ ရက်မှ ၂၇ ရက်) အတွင်းမှာတော့ တန်ချိန် ၄ဝဝဝ နီးပါးတင်ပို့နိုင်တာ တွေ့ရပါတယ်။ ယခုတစ်ပတ်တင်ပို့မှုမှ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၃၁၇ သန်းဖိုးရရှိတယ် လို့ သိရပါတယ်။            လက်ရှိဘဏ္ဍာနှစ် သြဂုတ် ၂၆ ရက် အထိ တင်ပို့ပြီးစီးမှုအနေနဲ့ ပဲစင်းငုံ တန်ချိန် ၈၅ဝဝဝ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၅၈ သန်းကျော်ဖိုး ရရှိတယ်လို့ သိရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့မှုကို ကြည့်ရာမှာတန်ချိန်အားဖြင့် ၄၇ဝဝဝ ကျော်သာရှိသော်လည်း ယခင်နှစ် ပဲစင်းငုံဈေးကောင်း ရရှိခဲ့လို့ ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၄၈ သန်းကျော်ရရှိခဲ့ပါတယ်။ ယခုနှစ်အတွင်း တင်ပို့မှု ပမာဏထက်ဝက်နီးပါးပိုမိုပေမဲ့ ဈေးလျော့ကျမှုကြောင့် ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁ဝ သန်းခန့်သာ ပိုမိုတာတွေ့ရပါတယ်။ လက်ရှိအရောင်းအဝယ်ပုံမှန်ရှိနေလို့ လာမယ့်သီတင်းပတ်မှာလည်း ပုံမှန် တင်ပို့နိုင်မယ်လို့ ကုန်သည်များက ခန့်မှန်းထားပါတယ်။ MIRT - MAPT

Sunday, 4 Sep 2011

ပြည်မတ်ပဲဈေးပြန်မြင့်လာ           ပြည်ပဲပွဲရုံများသို့ ပေါင်းတလည်၊ ဝက်ထီးကန်ဘက်မှ မတ်ပဲအဝင်တစ်နေ့ကို အိတ် ၂ဝဝ-၃ဝဝ ခန့်အဝင်ရှိ ပါတယ်။ ပဲအဝင်နည်းနေပြီး လက်ကျန်ပဲများကိုသာ အရောင်းအဝယ်ရှိနေပါတယ်။ ယခင်တစ်ပတ်က ပဲတစ်တင်း ကို ၁၅၉ဝဝ ကျပ်ထိ ဈေးလျှော့ခဲ့ပြီး ယခုတစ်ပတ် ပဲတစ်တင်းကို ၁၆၇ဝဝ ကျပ်အထိ ဈေးပြန်မြင့်လာ ခဲ့ပါတယ်။ ရန်ကုန်ဝယ်လက် အနည်းငယ်ရှိပြီး တစ်နေ့ကို အိတ် ၂ဝဝ-၃ဝဝ ခန့် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်အတွင်း ပြည်မှ ရန်ကုန် ဘုရင့်နောင်သို့ ပဲစီးဆင်းမှုကတော့ တစ်နေ့ကို အိတ် ၁၁ဝဝ ခန့်ရှိတယ်လို့ သိရပါတယ်။ မိမိအေး

Pages