Background
၂ဝ၁၆ ၌ရော်ဘာပြတ်လတ်မှု ရင်ဆိုင်ရဖွယ်ရှိ ဇူလိုင်လရဲ့ စာရင်းများအရ သဘာဝရော်ဘာဈေးနှုန်းဟာ ရောင်းလိုအားနည်းခြင်း၊ ဒေါ်လာဈေးကျခြင်းနဲ့ ရေနံဈေး တက်ခြင်းတို့ကြောင့် ဈေးမငြိမ်ခဲ့ကြောင်း ရော်ဘာထုတ်လုပ်သောနိုင်ငံများအသင်း (ANRPC) ကပြောကြားခဲ့ပါတယ်။ ၂ဝ၁၆ မှစပြီးတော့ ကမ္ဘာ့ရော်ဘာ ရောင်းလိုအားကျဆင်းနိုင်ဖွယ်ရှိကြောင်း (ANRPC) ကခန့်မှန်းခဲ့ပါတယ်။ ယခုအတိုင်းသာ ရော်ဘာရောင်းလိုအား အကျပ်အတည်းဆက်ဖြစ်နေပြီး ဝယ်လိုအားလည်း အတန်အသင့်မြင့်တက်လာမယ်ဆိုရင် ၂ဝ၁၈ မှာ ကုန်ပစ္စည်းလိုအပ်ချက်ဖြစ်နိုင်ကြောင်း (ANRPC) ကပြောကြားခဲ့ပါတယ်။ (ANRPC) အသင်းဝင်နိုင်ငံတွေကတော့ ယခုနှစ်တတိယလေးလပတ်မှာထုတ်လုပ်မှု ၃ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်ပြီး ပထမနဲ့ဒုတိယလေးလပတ်တွေမှာ ၁ဝ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ၃ ဒသမ ၃ ရာခိုင်နှုန်းအသီးသီးတိုးတက်ခဲ့ပါတယ်။ ယခင်နှစ် တတိယလေးလပတ်မှာ ရောင်းလိုအား ၁၂ ဒသမ ၁ ရာခိုင်နှုန်းတက်ခဲ့ပြီး၊ ယခုနှစ်ကုန်ပိုင်းအထိတော့ တရုတ်ရဲ့ ဝယ်လိုအားက ကာလရှည်ကြာကျဆင်းနိုင်ကြောင်း (ANRPC) က ခန့်မှန်းခဲ့တယ်လို့သတင်းရရှိပါတယ်။ Source:Pire Business,KZW
ရော်ဘာဈေးနှုန်း ပြန်လည်မြင့်တက်နိုင် ကမ္ဘာ့ရော်ဘာဈေးနှုန်းတွေမြင့်တက်စဉ်က အသုံးစရိတ်တွေမျှတဖို့အတွက် အိန္ဒိယအစိုးရက တာယာ ထုတ်လုပ်ရေး လုပ်ငန်းများကို ရော်ဘာသွင်းကုန် ခွန်လျော့ပေါ့ပေးခဲ့ပါတယ်။ ယခုအခါ ရော်ဘာအထွက်ကျတဲ့ ရာသီဖြစ်တဲ့အပြင် ပြည်တွင်း ဝယ်လိုအား မရှိတာကြောင့် ရော်ဘာဈေးတွေ ပြည်တွင်းမှာ ကျဆင်းခဲ့ကြောင်းသိရပါတယ်။ စက်မှုလုပ်ငန်းတွေအနေနဲ့ ရော်ဘာတန်ချိန်(၄)သောင်းကိုအခွန် ၇ ဒသမ ၅ ရာခိုင်နှုန်းနဲ့ တင်သွင်းခွင့်ရခဲ့ပါတယ်။ ကမ္ဘာ့စီးပွားရေး ကျရိပ်ပြပြီး ရေနံ ဈေးနှုန်းတွေလဲ ကျဆင်းကာ တရုတ်ရဲ့ဝယ်လိုအားနည်းသွားတဲ့အတွက် ကမ္ဘာ့ရော်ဘာဈေးနှုန်းတွေကျဆင်းခဲ့ပါတယ်။ အိန္ဒိယ စက်မှုလုပ်ငန်းတွေက ပထမပိုင်းမှာ ရော်ဘာတန်ချိန် ၁ သိန်းအခွန်လွတ်တင်သွင်းခွင့်ပြုဖို့တောင်းဆိုခဲ့ပြီး အစိုးရက ၇ ဒသမ ၅ ရာခိုင်နှုန်း အထိသာ အခွန်လျော့ပေးခဲ့ပေ မယ့် ပြေလည်မှုမရှိကြောင်း အိန္ဒိယရော်ဘာစက်မှုလုပ်ငန်းရှင်များအသင်း AIRIA ရဲ့ ဥက္ကဌကပြောကြားခဲ့ပါ တယ်။ မော်တော်ကားရောင်းအား ကျပြီး ပြည်တွင်းအတိုးနှုန်းမြင့်တက်တာကြောင့် ပြည်တွင်း ဝယ်လိုအား လည်းကျဆင်းခဲ့ပါတယ်။ ပြည်တွင်းကစက်ရုံ (၁ဝဝဝ) လောက်ရဲ့ ဝယ်လိုအားတွေလဲကျဆင်းခဲ့တယ်လို့ ကိုချင် ရော်ဘာ ကုန်သည်အသင်းရဲ့ ဥက္ကဌကပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်နေတာက ယာယီသာဖြစ်ပြီး စက်တင်ဘာမှာ မော်တော်ကားဝယ်လိုအား လည်း ပြန်လည်မြင့်တက်ပြီး ရော်ဘာ အဝယ်လိုက်လာမှာဖြစ်ကြောင်းနဲ့ စက်တင်ဘာ မှာ ရော်ဘာ ပြန်လည်ထွက် ရှိပြီး ပြည်တွင်းဈေးကိုလည်း ဖိအားပေးနိုင်ကြောင်းနဲ့ တောင်သူတွေက ပစ္စည်းကို သိုလှောင်ထားခဲ့ရင်ဈေးကျ ဖို့လည်း မဖြစ်နိုင်ကြောင်း ရော်ဘာကုန်သည်အသင်းရဲ့ ဥက္ကဌကပြောကြားခဲ့ပါတယ်။ Source: economic time,KZW
နယ်စပ်မှ ရော်ဘာတင်ပို့မှု ပိုမို သြဂုတ်လ ၁ဝ ရက်မှ ၁၆ ရက်အထိကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ကန်ဒေါ်လာ ၂ ဒသမ ၁၅သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၅၈၄ တန်ကျော် အပို့ရှိ ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂၂၄ တန်ကျော် ပိုမိုတင် ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။ နယ်စပ်အလိုက် ရော်ဘာ တင်ပို့မှုများမှာ မူဆယ်မှ RSS-3 ၂၂၉ တန်၊ RSS-5 ၁၉၉ တန်ကျော်၊ MSR-20 ၅၆ တန်နဲ့ မြိတ်နယ်စပ်မှ RSS-5 တန် ၁ဝဝ ဖြစ်ပါတယ်။RSS-3 ဈေးဟာ မိမိဘက်မြေပြင်ပေါက်ဈေး ပြောင်းလဲမှုမရှိသော်လည်း တရုတ်ဘက် ဈေးကျနေပြီး၊ RSS-5 ဈေးတော့ မိမိဘက်မှာရော တစ်ဘက်နိုင်ငံမှာပါ ဈေးများကျနေတယ်လို့ သိရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS-3 ၃၄၁၃၈ဝဝ ၃၄၁၃၈ဝဝ - - ၄၃၁၂ ၄၅၇၉ ၂၆၇ ၆RSS-5 ၃၃ဝဝ၃၁၉ ၃၄၁၃၈ဝဝ ၁၁၃၄၈၁ ၃ ၄၁၅၅ ၄၄၂၅ ၂၇ဝ ၆MIRT (DOBT)
ရော်ဘာတင်ပို့မှု ပုံမှန် သြဂုတ်လ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၄ဝ၇ တန် တန်ဖိုးကန်ဒေါ်လာ ၁ ဒသမ ၇၈၂ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်ကလည်း တန် ၄ဝဝ ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှုပုံမှန်လို့ ဆိုရပါမယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ စင်္ကာပူနဲ့ မလေးရှားတို့ဖြစ်ပါတယ်။ ကမ္ဘာ့ရော်ဘာ ဈေးများကျဆင်းတဲ့အပြင် ရော်ဘာ အထွက်ကျတဲ့ရာသီဖြစ်တာကြောင့် တင်ပို့မှုပမာဏ နည်းနေသေးတာဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးကလည်း တန် ၈ဝဝ ကျော်သာတင်ပို့နိုင်ခဲ့ ပါတယ်။ FOB (ရန်ကုန်) ဈေးနှုန်းကတော့ ပြောင်းလဲမှုမရှိပဲ RSS-3 နဲ့MSR-20 တစ်တန်ကို ဒေါ်လာ ၄၄ဝဝ နဲ့ RSS-5 တစ်တန်ကို ဒေါ်လာ ၄၃ဝဝ ဈေးရလျက်ရှိပါတယ်။ ုKZW
ပစ္စည်းပြတ်သလောက်ဖြစ်လာတဲ့ ပြည်ပဲလွန်းဖြူ ပြည်ရဲ့ ပဲလွန်းဖြူဈေးကွက်မှာ ကုန်သည်တွေရဲ့လက်ဝယ် ပဲလက်ကျန် မရှိတော့ဘဲ ပစ္စည်းပြတ်သလောက် ရှိနေပြီလို့ သိရပါတယ်။ ပဲ တစ်တင်းကို ၁၈၅ဝဝ ကျပ်ဈေးနဲ့ လက်ကျန်ပဲများကို သာ ထုတ်ရောင်းနေကြတယ်လို့ သိရပါ တယ်။ မြို့တွင်း ဝယ်လက်သာ ပုံမှန် အရောင်းအဝယ်ရှိပြီး တစ်နေ့ကို (၄/၅) အိတ်သာ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ မိမိအေး
ပဲလွန်းဖြူလက်ကျန်နည်းလာပြီ ဖြစ်လို့ ဈေးငြိမ်ပြီး အရောင်းလျော့လာ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုအပတ် ဇူလိုင်လ ၅ ရက်မှ ၁၁ ရက်အတွင်း ပဲလွန်းဖြူရောင်းဝယ်မှုမှာ တန် ၃ဝဝ ကျော်ရှိခဲ့ပါတယ်။ အဝယ်ရှိ သော်လည်း လက်ကျန်နည်းပြီး၊ ပစ္စည်း ပြတ်သလောက်ရှိနေပြီလို့ ဈေးကွက်က ဆိုပါတယ်။ ရန်ကုန် FOB ဈေးကွက် မှာ သြဂုတ်လ ၁၁ ရက်က ပဲလွန်းဖြူ FAQတစ်တန် ကန်ဒေါ်လာ ၈၆ဝ- ၈၈ဝ၊ SQ တစ်တန် ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ နဲ့ ယခင်အပတ်အ တိုင်း ဈေးငြိမ်နေကြောင်းသိရပါတယ်။ MIRT - MAPT
ယခုအပတ် ပဲလွန်းဖြူ ယခင်အပတ်အတိုင်း ပုံမှန်တင် ပင်လယ်ရေကြောင်းမှ ပဲလွန်းဖြူ တင်ပို့မှုဟာ ဇူလိုင်လ ၁ဝ ရက်မှ ၁၆ ရက်အတွင်း တန် ၁၅ဝ၊ ဇူလိုင် ၁၇ ရက်မှ ၂၃ ရက်အတွင်း တန် ၂ဝဝ ခန့်၊ ဇူလိုင် ၂၄ ရက်မှ ၃ဝ ရက်အတွင်း တန် ၃ဝဝ တင်ပို့နိုင်ခဲ့တာကြောင့်၊ ဇူလိုင် တစ်လလုံးအတွက် တန် ၁ဝဝဝ ခန့် တင်ပို့ခဲ့ပါတယ်။ သြဂုတ်လဆန်းပတ်အတွက် ဇူလိုင် ၃၁ ရက်က သြဂုတ်လ ၆ ရက် အတွင်း တင်ပို့နိုင်မှုက တန် ၃ဝဝ ဝန်း ကျင် ဖြစ်ပြီး၊ အိန္ဒိယ၊ ကိုရီးယား၊ မလေးရှား၊ စင်္ကာပူနိုင်ငံများကို တင်ပို့ခဲ့ပြီး၊ အိန္ဒိယနဲ့ စင်္ကာပူနိုင်ငံတို့ကို အများဆုံး တင်ပို့နိုင်ခဲ့ပါတယ်။ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် သြဂုတ် ၅ ရက်အထိ ပဲလွန်းဖြူ တင်ပို့ ပြီးစီးမှုမှာ တန် ၁၃ဝဝဝ ကျော် ဖြစ်ပြီး၊ ယခင်နှစ်ကာလတူက တင်ပို့ခဲ့မှုမှာ တန် ၁၃ဝဝဝ ခန့်ရှိကြောင်း သိရပါတယ်။ MIRT - MAPT
ယခုတစ်ပတ် ပဲစင်းငုံတင်ပို့မှု အနည်းငယ်လျော့လာ ပင်လယ်ရေကြောင်းက ပဲစင်းငုံ ပြည်ပသင်္ဘောတင်ပို့နိုင်မှုဟာ ဇူလိုင်လ ပထမ ပတ်က တန်ချိန် ၆၅ဝဝ ကျော်၊ ဒုတိယပတ်က တန်ချိန် ၃၅ဝဝ ကျော်၊ တတိယ ပတ်က တန်ချိန် ၆၁ဝဝ ကျော်နဲ့ နောက်ဆုံးပတ်က တန်ချိန် ၅၆ဝဝ နီးပါး တင်ပို့နိုင် ခဲ့တာကြောင့် ၂ဝ၁၁ ခုနှစ်၊ ဇူလိုင်လက မတ်ပဲတန်ချိန် ၂၂ဝဝဝ ဝန်းကျင် တင်ပို့နိုင်ခဲ့ပါတယ်။ ယခုသြဂုတ်လဆန်းပတ် ဇူလိုင်လ ၃၁ ရက်မှ သြဂုတ်လ ၆ ရက်အတွင်း တန်ချိန် ၅ဝဝဝ ခန့် တင်ပို့နိုင်ခဲ့ပါတယ်။ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် သြဂုတ်လ ၅ ရက်အထိ ပဲစင်းငုံတင်ပို့ပြီးစီးမှုဟာ တန်ချိန် ၇၅ဝဝဝ ခန့် ဖြစ်တာကြောင့်၊ ယခုနှစ်ကာလတူ တင်ပို့ခဲ့တဲ့ တန်ချိန် ၃ ဒသမ ၈ သောင်းကျော်ထက် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ MIRT - MAPT
ယခုတစ်ပတ် ပဲစင်းငုံပြည်ပအရောင်းအေးသလို ဈေးလည်းအေးလာ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ်အတွင်း ပဲစင်းငုံ တန်ချိန် ၄၅ဝဝ ပြည်ပအရောင်းအဝယ်စာချုပ် ချုပ်ဆိုနိုင် ခဲ့တဲ့အနက် ပဲစင်းငုံနီ FAQ တန် ၃၅ဝဝ ခန့် ပါဝင်ပါတယ်။ ယခင်အပတ်က ပဲစင်းငုံ တန် ၅၆ဝဝ ခန့် စာခsပ်နိုင်တာကြောင့် ယခုအပတ် အရောင်းအဝယ်လျော့ တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ အရောင်းအဝယ်လျော့သလို ဈေးကွက်ထဲမှာ ပဲစင်းငုံ လက်ကျန်ရှိနေလို့ ယခုတစ်ပတ် ဈေးလည်းအေးလာတယ်လို့ သိရပါတယ်။ အာဖရိက ရာသီဥတု၊ အိန္ဒိယ ရာသီဥတုအနေအထားများကြောင့် ယခုအိန္ဒိယမှ ပဲစင်းငုံ ဝယ်ယူမှု ရှိဆဲဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးများကို နှိုင်းယှဉ်ဖော်ပြ လိုက်ပါတယ်။ ဒေါ်လာ/တန် ပဲစင်းငုံအသစ်အနီ(FAQ) ပဲစင်းငုံအဟောင်းအနီ(FAQ)၁၁-၈-၁၁ ၅၇ဝ-၅၉ဝ ၅၆ဝ-၅၈ဝ၄-၈-၁၁ ၅၈ဝ-၆ဝဝ ၅၇ဝ-၅၉ဝMIRT(MAPT)
အိန္ဒိယပဲစင်းငုံဈေးကွက် ဈေးမငြိမ်သော်လည်း အရောင်းအဝယ်ဖြစ် အိန္ဒိယပြည်တွင်း ဈေးကွက်တွင် ဈေးနှုန်းများမငြိမ်သော်လည်း ဈေးကွက် အတွင်း ထူးခြားသော အပြောင်းအလဲ မရှိကြောင်း သိရပါတယ်။ အဓိကဈေးကွက် များတွင် ပဲစက်ရုံများ၏ ဝယ်လိုအားအကန့်အသတ်ရှိဆဲ ဖြစ်ပါသည်။ ယခင်နှစ်က သိုလှောင်မှုမြင့်မား၍ ရောင်းလိုအား လုံလောက်မှုရှိပြီး၊ဈေးကွက် ပဲစင်းငုံတင်သွင်းမှု မြင့်မားနေကြောင်းသိရပါတယ်။ ယခင်နှစ်ထက် စိုက်ဧရိယာ လျော့နည်းသော်လည်း အထွက်နှုန်း ပိုမိုကောင်းမွန်မယ်လို့ ကုန်သည်များက မျှော်လင့်ထားကြောင်းနဲ့ ပဲသစ်များ ထွက်ရန်အလှမ်းဝေးသေးကြောင်း သိရပါတယ်။ ရောင်းလိုအား လုံလောက်သော်လည်း အရောင်းအဝယ်နည်းလျက်ရှိပြီး၊ ဝယ်လို အား တက်လာပါက ဈေးကောင်းလာနိုင်ဖွယ် ရှိပါတယ်။ ယခင်နှစ်ဈေးထက် နိမ့်သော ဈေးနှုန်းဖြင့်သာ အရောင်းအဝယ်ဖြစ်နေပြီး၊ တစ်ဆင့်ရောင်းသူများရဲ့ အဝယ် လိုက်ခြင်းကလည်း ဈေးနှုန်းကိုအထောက်အပံ့ပေးကြောင်း သိရပါတယ်။ အိန္ဒိယ အနောက်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့ပိုင်းတွင် မိုးရွာသွန်းမှုကြောင့် သီးနံှအတွက် အခြေအနေကောင်းသော်လည်း ကုန်သည်များက တောင်ပိုင်းအိန္ဒိယ အတွက် စိတ်ပူပန်နေကြောင်းသိရပါတယ်။ ဈေးကွက်အသီးသီးမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်း များကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၁၁-၈-၁၁ ၁ဝ-၈-၁၁ ၉-၈-၁၁ ၈-၈-၁၁မွန်ဘိုင်း ၆၁၃-၆၁၉ ၆၆၂ ၆၂၅ ၆၂၃-၆၂၈ဒေလီ ၅၇၄ ၅၇၅ ၆ဝ၉ -ချန်နိုင်း ၆ဝ၇-၆၁၃ ၆ဝ၈ ၅၆၉ ၆ဝ၁MIRT(MAPT)