Main menu

Background

Sunday, 21 Aug 2011

အိန္ဒိယ မတ်ပဲ အဓိကဈေးကွက်များမှာ ဝယ်လိုအားနည်း                    အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်မှာ ဈေးနှုန်းများ အတက်အကျနဲ့ မငြိမ် မသက်ဖြစ်နေပါတယ်။ အဓိက ဈေးကွက်များမှာ ဝယ်လိုအားနည်းနေပြီး၊ အိန္ဒိယ အရှေ့ပိုင်း နှင့် အနောက်မြောက်ပိုင်းမှာ ရေကြီးမှုနှင့် မိုးရွာသွန်းမှုကြောင့် ဥတ္တရာ ပရာဒေ့ရှ် ဒေသအချို့မှာ ထိခိုက်နိုင်မှုကို ကုန်သည်များက စိုးရိမ်နေကြကြောင်း သိရပါတယ်။ အိန္ဒိယပြည်အရှေ့ပိုင်းနှင့် အနောက်မြောက်ပိုင်းဒေသများမှာ မိုးဆက်လက် ရွာသွန်း နိုင်ပြီး၊ သြဂုတ်လ ၂၂ရက်ခန့်မှစလို့ ရာသီဥတုခြောက်သွေ့ နိုင်ကာ ၎င်း ရာသီဥတု ခြောက်သွေ့မှုက သီးနံှရင့်မှည့်မှုအတွက် အထောက် အပံ့ပြုနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ အိန္ဒိယမြောက်ပိုင်းနဲ့ အလယ် ပိုင်းဒေသများမှာ သီးနံှစိုက်ပျိုးချိန် စောတာကြောင့် မိုးရွာသွန်းမှုက သီးနံှရင့်မှည့်မှုကို အဟန့်အတား ဖြစ်စေကြောင်း သိရပါတယ်။ ဈေးကွက်အသီးသီးမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်                                   ဒေါ်လာ/ တန်                         ၁၈-၈-၁၁           ၁၇-၈-၁၁         ၁၆-၈-၁၁              ၁၂-၈-၁၁မွန်ဘိုင်း                ၇၈၉                   ၇၉၉                  ၇၉၆                   ၈ဝဝဒေလီ                ၈၃၃-၈၇၇          ၈၃၈-၈၈၂            ၈၄ဝ-၈၈၄          ၈၃၈-၈၈၂ချန်နိုင်း              ၈၁၁-၉၃၂         ၈၁၆-၉၃၇             ၈၁၈-၉၃၉         ၈၁၆-၉၃၇MIRT(MAPT)

Sunday, 21 Aug 2011

ယခုအပတ် နယ်စပ်မှ မတ်ပဲပိုမို တင်ပို့နိုင်                   မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ စစ်ကိုင်း၊ မန္တလေးနဲ့ ပဲခူးတိုင်း ဒေသကြီးများက ထွက်ရှိတဲ့ ကန်ဒေါ်လာ ဝ ဒသမ ဝ၇၇ သန်း တန်ဖိုးရှိ မတ်ပဲ ၉၇ တန်ခန့်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂၅ တန် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ မိမိဘက်မြေပြင်ဈေး အနည်းငယ်သာ အကျရှိပေမဲ့ တစ်ဘက်နိုင်ငံဈေးကတော့ ၅၅ ဒေါ်လာခန့် မြင့်တက်လျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                                    မိမိဘက်(ကျပ်/တန်)              တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)               ယခု            ယခင်     ပြောင်းလဲမှု   %     ယခု     ယခင် ပြောင်းလဲမှု    %မတ်ပဲ     ၄၉၉၂၇၃   ၅ဝဝ၂၇၃       ၁ဝဝဝ      ၂      ၈၆၂    ၈ဝ၇          ၅၅         ၆MIRT (DOBT)

Sunday, 21 Aug 2011

ယခုအပတ် မတ်ပဲ FOB ဈေးပြန်အေး                   ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ သြဂုတ်လ ၁၂ ရက်မှ ၁၈ ရက်အတွင်း FOB စာချုပ်ချုပ်နိုင်မှုမှာ တန် ၁၄၄ဝဝ ကျော်ဖြစ်လို့ ယခင်အပတ် သြဂုတ်လ ၅ ရက်မှ ၁၁ ရက်အတွင်း FOB စာချုပ်နိုင်မှု တန် ၁၇၂ဝဝ ကျော်ထက် လျော့ကျခဲ့ပါတယ်။ အိန္ဒိယဈေးကွက်များမှာ ဈေးအေးနေ ပြီး ဝယ်လက်များက ဈေးလျှော့အဝယ်ရှိခဲ့လို့ ပြည်တွင်းဈေးကွက်မှာလည်း ဈေး အေးရတယ်လို့ ဆိုပါတယ်။ ရန်ကုန် FOB ဈေးလျော့ကျမှုကို ယခင်အပတ်နဲ့ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်။                                             ဒေါ်လာ/တန်                  မတ်ပဲ(FAQ)            မတ်ပဲ(SQ)၁၈-၈-၁၁     ၇၄ဝ-၇၆ဝ           ၈၃၅-၈၅၅၁၁-၈-၁၁     ၇၅၅-၇၇၅           ၈၄ဝ-၈၆ဝMIRT(MAPT)

Sunday, 21 Aug 2011

ယခုအပတ် မတ်ပဲတင်ပို့မှု အနည်းငယ်ပြန်တက်လာ                         ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့နိုင်မှုဟာ ဇူလိုင်နောက်ဆုံးပတ်မှာ တန်ချိန် ၁၇၅ဝဝ ကျော်တင်ပို့နိုင်ခဲ့ပြီး၊ သြဂုတ်လပထမပတ်က တန်၁၃၅ဝဝကျော် တင်ပို့ ခဲ့ကာ သြဂုတ်လ ဒုတိယပတ် ၇ ရက်မှ ၁၃ရက်ထိ မတ်ပဲတန် ၁၃၈ဝဝ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်တစ်ပတ်ထက် အနည်းငယ်ပို တင်ပို့နိုင်ခဲ့ပါတယ်။ လက်ရှိ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် သြဂုတ်လ ၁၂ ရက်ထိ မတ်ပဲတင်ပို့ပြီးစီးမှုကို လေ့လာကြည့်မယ်ဆိုရင် တန်ချိန် ၂ ဒသမ ၈၇ သိန်းကျော် ဖြစ်ပြီး၊ ယခင်နှစ် ကာလတူ တင်ပို့နိုင်မှု တန်ချိန် ၁ ဒသမ ၈၉ သိန်းကျော်ထက် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ မတ်ပဲအရောင်းအဝယ် စာချုပ်များ ဆက်လက်ရောင်းဝယ်နေတာ ကြောင့် ရှေ့အပတ်များမှာ ဆက်လက်တင်ပို့နိုင်မယ်လို့ ခန့်မှန်းကြပါတယ်။           MIRT - MAPT 

Tuesday, 9 Aug 2011

တရုတ်၏ ကုန်ပြန်လည်ဖြည့်တင်းမှုကြောင့် ပြောင်းတင်သွင်းမှုမြင့်တက်နိုင်                ကမ္ဘာ့ပြောင်း ဒုတိယအများဆုံးစားသုံးတဲ့ တရုတ်နိုင်ငံက တိရစ္ဆာန်စာအတွက် ဝယ်လိုအား တိုးတက်လာ ရာ ယခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ကစတင်ကာ ပြောင်းကို ပြန်လည်သိုလှောင်ထားနိုင်ဖို့ ပြောင်းကိုတင်သွင်းနိုင်ကြောင်းYigu Information Consulting Ltd.  ကုမ္ပဏီက ခန့်မှန်းလိုက်တယ်။          ပြည်တွင်းပြောင်းထုတ်လုပ်မှုက နိုင်ငံတော်အရန်သိုလှောင်ထားမှုနဲ့ တိုးတက် လာတဲ့ ဝယ်လိုအား ကိုပြည့်မီအောင် ထွက်ရှိမှာ မဟုတ်ကြောင်း သုတေသနပညာရှင် Zhang Qi ကပြောကြားလိုက်တယ်။ တရုတ် က ပြည်တွင်းငွေကြေးဖောင်းပွမှု သုံးနှစ်အတွင်းအမြင့်ဆုံးကို ရောက်ရှိခဲ့မှုကြောင့် ဈေးနှုန်းတွေ သက်သာဖြေလျော့ စေဖို့အတွက် ပြောင်းနဲ့ ပဲပုပ်ကို နိုင်ငံတော်အရန် သိုလှောင်ထားမှုမှ ထုတ်ရောင်းချ ပေးလျက်ရှိတယ်။ ပြီးခဲ့တဲ့လမှာ ဝက်သား ဈေးနှုန်းက ၅၇ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်။                 ဒါကြောင့် နိုင်ငံတော်သိုလှောင်ထားမှုပြုလုပ်ဖို့အတွက် နိုင်ငံရပ်ခြားမှ သင်္ဘော တင် ဝယ်ယူဖို့ ရှာဖွေနိုင်ဖွယ်ရှိကြောင်း Zhang Qi က ခန့်မှန်းထားတယ်။ အောက်တိုဘာလနဲ့နိုဝင်ဘာလအတွင်း ရောင်းလိုအား ကျပ်တည်းနိုင်ကြောင်းနဲ့ လယ်သမားတွေကလည်း ရောင်းလိုအားတင်းကျပ်မှုကြောင့် ဈေးနှုန်းအမြင့်ကိုလည်း မျှော်မှန်းကြမှာဖြစ်တယ်။                လာမဲ့နှစ်အနည်းငယ်အတွင်းမှာ တရုတ်က နှစ်စဉ်အများဆုံးတင်သွင်းနေတဲ့ အမေရိကန်ပြည်ထောင်စုမှ ပြောင်းကို တန်ချိန် ၁၅ သန်းပိုမိုတင်သွင်းနိုင်ဖွယ် ရှိ ကြောင်း အမေရိကန်လယ်ယာစိုက်ပိုျးရေးဌာန မူဝါဒဌာန ညွှန်ကြားရေးမှူး Michael Dwyer  က ခန့်မှန်းထားတယ်။                   ချီကာဂိုကုန်သွယ်ရေးမှာ ဒီဇင်ဘာလ သင်္ဘောတင်မဲ့ ပြောင်းဈေးနှုန်းက သုည ဒသမ ၄ ရာခိုင်နှုန်း တက်သွားကာ တစ်တန်ကို ကန်ဒေါ်လာ ၂၇၁ ဒသမ ၁၆ နဲ့ ချုပ်ဆိုခဲ့ပါတယ်။ တရုတ်က ပြောင်းအစား ပိုမိုဈေးချိုတဲ့ ဂံျုတန်ချိန် ၁၆ သန်းကို အစားထိုးသုံးစွဲနိုင်ကြောင်း ခန့်မှန်းထားတယ်။ ယခုနှစ်မှာ ပြောင်းစိုက်ပျိုးရာမှာ အသုံးပြုတဲ့ ဓာတ်မြေသြဇာ၊ မျိုးစေ့နဲ့ ပေါင်းသတ်ဆေးဈေးနှုန်းတွေက ယခင်နှစ်နဲ့ နှိုင်းယှဉ်ရာမှာ ၁၅ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့တယ်။ အာဂျင်တီးနားက လာမဲ့ နှစ်မှာ တရုတ်ကို ပြောင်းတင်ပို့ဖို့ မျှော်လင့်လျက်ရှိကြောင်း သတင်းရရှိပါတယ်။ အေးမွန်မွန်လှိုင်၊Source:www.bloomberg.com

Tuesday, 9 Aug 2011

ယခုအပတ် ချင်းရွှေဟော်မှ အပို့ရှိပေမဲ့ မူဆယ်မှ တင်ပို့မှုလျော့                  မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်များမှ ဇူလိုင်လ ၂၇ ရက်မှ သြဂုတ်လ ၂ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၃ ဒသမ ၇၄ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ ၉၆၈၆ တန်နဲ့ နံှစားပြောင်း ၇၁ဝ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က ချင်းရွှေဟော်မှ အပို့မရှိခဲ့ပေမဲ့ ယခုအပတ်မှာ ၈၅ တန် တင်ပို့နိုင်ခဲ့ ပါတယ်။ မူဆယ်နယ်စပ်မှ ပြောင်းဖူးစေ့ ၉၆ဝ၁ တန်နဲ့ နံှစားပြောင်း ၇၁ဝ တန် သာ တင်ပို့ခဲ့ပြီး ယခင် အပတ်ကထက် ပြောင်းဖူးစေ့တန်ချိန် ၂၂ဝဝဝ ကျော်နဲ့နံှစား ပြောင်းတန် ၁၅ဝဝ လျော့နည်းတင်ပို့ခဲ့ပါတယ်။ မြေပြင်ဈေးများကိုကြည့်တဲ့အခါ မိမိဘက်မှာဈေးကျနေပြီးတစ်ဘက်နိုင်ငံဈေးကတော့သိသိသာသာ ပြောင်းလဲမှု မရှိတာ တွေ့ရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံပြောင်းဈေးများ နှိုင်းယှဉ် ဖော်ပြ ပေးလိုက်ရပါတယ်                                        မိမိဘက်(ကျပ်/တန်)                တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                       ယခု          ယခင်      ပြောင်းလဲမှု  %       ယခု    ယခင်   ပြောင်းလဲမှု  %နံှစားပြောင်း     ၂၁ဝ၇၇ဝ    ၂၁၃ဝ၇၈     ၂၃ဝ၈        ၁     ၂၉၅     ၂၉၄         ၁          ဝ .၃ပြောင်းဖူးစေ့   ၂ဝ၅၃၆ဝ     ၂၁၁၁၆၅       ၅၈ဝ၅       ၁     ၂၉၅     ၂၉၇        ၂           ဝ .၇MIRT (DOBT)

Tuesday, 9 Aug 2011

ပင်လယ်ရေကြောင်းမှ ပြောင်းတင်ပို့မှုအနည်းငယ်လျော့                 ဇူလိုင်လ ၂၄ ရက်မှ ၃ဝ ရက်ထိ ကာလအတွင်းပင်လယ်ရေကြောင်းမှကန်ဒေါ်လာ ဝ ဒသမ ၈၆၂ သန်းတန်ဖိုးရှိ ပြောင်း ၂၈၆ဝ တန်တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန်၂၅ဝ လျော့ နည်း တင်ပို့ခဲ့ပါတယ်။ ယခုအပတ်တင်ပို့ တဲ့ နိုင်ငံတွေကတော့ စင်္ကာပူ၊ အိန္ဒိယနဲ့ ဗီယက်နမ်နိုင်ငံတို့ဖြစ်ပါတယ်။ စင်္ကာပူသို့ ၂၂၈၅ တန်၊ ကန်ဒေါ်လာ ဝ ဒသမ ၆၉၅ သန်း၊ အိန္ဒိယသို့ တန် ၄၈ဝ၊ကန်ဒေါ်လာ ဝ ဒသမ ၁၃၉ သန်းနဲ့ ဗီယက်နမ်သို့ ၉၅ တန် ကန်ဒေါ်လာ ဝ ဒသမ ဝ၂၈ အသီးသီးဖြစ်ပါတယ်။ FOB (ရန်ကုန်) ဈေးနှုန်း ကတော့ တစ်တန်ကို ၂၉ဝ-၃၁ဝ ဒေါ်လာဖြစ်ပါတယ်။ နယ်စပ်မှ ယခုအပတ် ပြောင်းတန် ၁ဝ၃၉၆ တန် တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။ KZW

Tuesday, 9 Aug 2011

မလေးရှားမှာ သဘာဝရော်ဘာထုတ်လုပ်မှု တိုးမြှင့်မည်              မလေးရှားနိုင်ငံက ယခုနှစ်မှာ ရော်ဘာပို့ကုန် ၂ ဆတိုးမြှင့် တင်ပို့နိုင်မယ်လို့ မျှော်လင့်နေကြောင်း သိရပါတယ်။ ရော်ဘာကုန်ကြမ်းတွေရဲ့ ဝယ်လိုအား ကောင်းလာကြောင်း ကုန်စည်များနှင့် စက်မှုကုန်ကြမ်းသီးနံှဆိုင်ရာဝန်ကြီးဌာန (Plantation Industries and Commodities Ministry) နဲ့ ကုန်ပစ္စည်း ဌာနဒုတိယဝန်ကြီးကပြောကြားခဲ့ပါတယ်။ ၂ဝ၁၁ မှာရော်ဘာတင်ပို့မှုကနေ ရင်းဂစ် ၁၄ ဒသမ ၄ ဘီလီယံ (ဒေါ်လာ ၄ ဒသမ ၈၉ ဘီလီယံ) ရရှိနိုင်ပြီး ၂ဝ၁ဝ ရရှိငွေ ရင်းဂစ် ၁၂ ဒသမ ၉၆ဘီလီယံထက် ၁၁ ရာခိုင်နှုန်းတိုးတက်တင်ပို့နိုင်မယ်လို့ သိရပါတယ်။ ၂ဝ၁၁ ပထမ နှစ်ဝက်မှာ ရော်ဘာထုတ်လုပ်မှု ၄၈ဝဝဝဝ တန်ရှိပြီး လွန်ခဲ့တဲ့နှစ် အလားတူကာလက ၄၅ဝဝဝဝ တန်ရှိခဲ့ကြောင်းသိရပါတယ်။ ခြေအိတ်နဲ့ တာယာကဲ့သို့သော ရော်ဘာထုတ်ကုန်တွေက မလေးရှားရဲ့ ပို့ကုန်မှာ ၂ ရာခိုင်နှုန်းပါဝင်ကြောင်းသိရပါတယ်။ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ ဗီယက်နမ်တို့က တစ်နှစ်ပတ်လုံးသဘာဝရော်ဘာထုတ်လုပ်ပြီး ကမ္ဘာ့တင်ပို့မှုရဲ့ ၉၃ ရာခိုင်နှုန်းကို တင်ပို့ ကြောင်း သတင်းရရှိပါတယ်။ Source;msn.KZW 

Tuesday, 9 Aug 2011

ငြိမ်သက်နေသည့် သဘာဝရော်ဘာဈေးကွက်                  ရော်ဘာအဓိကရောင်းဝယ်လျက်ရှိတဲ့ တိုကျိုကြိုပွိုင့်ရောင်းဝယ်ရေးမှာ သြဂုတ် ၂ ရက်က အမေရိကန် ဒေါ်လာနဲ့ ဂျပန် ယန်းငွေလဲလှယ်ရာမှာ ယန်းငွေတန်ဖိုးတက်မှုကြောင့် ရော်ဘာကြိုပွိုင့်ဈေးနှုန်း ကျသွားခဲ့ ကြောင်းသတင်းရရှိတယ်။ ဇန်နဝါရီလသင်္ဘောတင်မဲ့ ရော်ဘာကြိုပွိုင့်ဈေးနှုန်းက တစ်ကီလိုဂရမ်ကို သုည ဒသမ ၇ ရာခိုင်နှုန်းဈေးကျ သွားကာ ၃၈၆ ဒသမ ၉ ယန်းနဲ့ ခုျပ်ဆိုခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စုနဲ့ အီးယူနိုင်ငံတွေရဲ့ ေြွကးမြီပြဿနာကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တိုးတက်နှုန်းက နှေးကွေးသွားနိုင်ခြေရှိမှုနဲ့ စွန့်စားမှုများနေတာတို့ကြောင့် မလေးရှား ရော်ဘာ ဈေးကွက်က အနည်းငယ် သာပြောင်းလဲလှုပ်ရှားနိုင်ကြောင်း သတင်းရရှိပါတယ်။                မလေးရှားရော်ဘာ SMR 20  ဈေးနှုန်းက တစ်တန်ကို ကန်ဒေါ်လာ ၄၇ဝ၂ ဒသမ ၃၈ နဲ့ ချုပ်ဆိုခဲ့ပြီး latex က တစ်တန်ကို ကန်ဒေါ်လာ ၃ဝ၁၅ ဒသမ ၃ နဲ့ ချုပ်ဆိုခဲ့ကြောင်း သတင်းရရှိတယ်။ ရှန်ဟိုင်းကြိုပွိုင့် ရောင်းဝယ်ရေးမှာတော့ ဇန်နဝါရီလသင်္ဘောတင်မဲ့ ရော်ဘာဈေးနှုန်းက ၂ ဒသမ ၁ ရာခိုင်နှုန်းတက်သွားခဲ့ပြီး တစ်တန်ကို ယွမ် ၃၆၁၉ဝ နဲ့ ချုပ်ဆိုခဲ့ ကြောင်း သတင်း ရရှိပါတယ်။ အေးမွန်မွန်လှိုင်၊Source:biz.thestar.com.my,rubbermarketnews.net 

Tuesday, 9 Aug 2011

သီရိလင်္ကာ၌ ရော်ဘာတိုးခဲျ့ စိုက်ပျိုးမည်            လောင်စာဆီကို အခြေခံတဲ့ ရော်ဘာတုဈေးနှုန်းတွေ တစ်ရှိန်ထိုးတက်လာတာကြောင့် သဘာဝရော်ဘာရဲ့အလားအလာ က တောက်ပလာခဲ့ပါတယ်။ ဒါ့ကြောင့် သီရိလင်္ကာနိုင်ငံအနေနဲ့ ဟိုနာရာဂလာဒေသမှာ ရော်ဘာစိုက်ဧရိယာဟက်တာ ၅ဝဝဝ တိုးခဲျ့ စိုက်ပျိုးမယ်လို့ စက်မှုစိုက်ပျိုးရေးဝန်ကြီးက မကြာသေးမီက ကြေညာခဲ့ပါတယ်။ (၉၂) ကြိမ်မြောက် ကိုလံဘို ရော်ဘာ အသင်းရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ သဘာဝ ရော်ဘာဝယ်လိုအားတွေကြောင့် ဟက်တာ ၁၁ သောင်းလောက် တိုးခဲျ့ဖို့ရှိကြောင်းလည်း အသင်းရဲ့အကြီးအကဲက ပြောကြားခဲ့ပါတယ်။ ယခုလက်ရှိ မြေယာသဘောတူညီချက်က ၃၅ နှစ်သက်တမ်းရှိ မှာဖြစ်ပြီး ပြည်သူတွေ အတွက် ဒီစိုက်ပျိုးရေးလုပ်ငန်းက အကိုျးရှိ၊မရှိနဲ့ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်မှု ရှိ၊ မရှိဆိုတဲ့ မေးခွန်းကို ဝန်ကြီးကမေးမြန်းခဲ့ ပါတယ်။ ဒီကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်ငန်းငယ်တွေက အဓိကဖြစ်ပြီး အရေးပါတဲ့ စီးပွားဘက်တွေ ဖြစ်ကြောင်းလည်း၎င်း ကပြောကြားခဲ့ပါတယ်။ ဒီဒေသမှာ တန်ဖိုးမြှင့်ထုတ်ကုန်တင်ပို့မှု ဒေါ်လာ ၅၇၆ဝဝဝ ခန့်ရှိပြီး ၂ဝ၁ဝ မှာသိသိသာသာတိုးတက် ခဲ့ပါတယ်။ ရော်ဘာစိုက်ပျိုးရေးအတွက် ဓာတ်မြေသြဇာ ကုန်ကျငွေ သီရိလင်္ကာ ရူပီး ၁.၅ ဘီလီယံလိုအပ်ကြောင်းလည်းသိရပါတယ်။ စိုက်ပျိုးရေးကုမ္ပဏီတွေကိုလည်း ပံ့ပိုးမှုတွေ တိုးမြှင့်ပေးသွားြင်္ပီး ထုတ်လုပ် မှု တိုးတက်ဖို့ ဆောင်ရွက်မယ်လို့သိရပါတယ်။ စိုက်ပျိုးသူတွေနဲ့ စိုက်ပျိုးရေးကုမ္ပဏီတွေအနေနဲ့ ဝင်ငွေကောင်းမှာ ဖြစ်ကြောင်း ကိုလံဘိုရော်ဘာအသင်းရဲ့ ဥက္ကဌက ပြောကြားခဲ့ပါ တယ်။             ထုတ်လုပ်မှုကို ၁၂ ရာခိုင်နှုန်းတိုးမြှင့်ပြီး စိုက်ပျိုးသူ ၁၂၅ဝဝဝ လောက်ပါဝင်တဲ့ လုပ်ငန်းငယ်တွေက စဉ်ဆက်မပြတ် ထုတ်လုပ်မှုမြှင့်တင်ပြီး နှစ်စဉ် (၁၅၃ဝဝဝ) တန်လောက်ထွက်ရှိကြောင်းသိရပါတယ်။ ရော်ဘာတင်ပို့မှုမှလည်း ရော်ဘာစေး အပြင် တန်ဖိုးမြှင့်ထုတ်ကုန်တွေကို တိုးမြှင့်တင်ပို့ဖို့ရည်ရွယ်ထားကြောင်း သတင်းရရှိပါတယ်။ MIRT (DOBT) 

Pages