Main menu

Background

Sunday, 7 Aug 2011

ပြည်ပဲကြီး (ရွှေကျွန်း) ရန်ကုန်ဝယ်လက်ရှိနေ                ပြည်ဈေးကွက်သို့ ပဲကြီးဝင်ရောက်မှုအနေဖြင့် အဝင်ပါးလာခဲ့ပြီဖြစ်ပါတယ်။ ဇူလိုင်လကုန်ထိ ဒေသတွင်း အဝင်ပါးလာသော်လည်း မကွေးတိုင်းဒေသကြီးဖက်မှ အိတ် ၅ဝဝ ကျော်ဝင်ရောက်ခဲ့ပါတယ်။ ယခုသြဂုတ် လဆန်းပိုင်းမှာတော့ လက်ကျန်ပဲများသာ အရောင်းအဝယ်ဖြစ်လျက်ရှိကာ ပဲကြီးရွှေကျွန်း တစ်တင်း ၁၇ဝဝဝ ကျပ်နဲ့ ပဲကြီးကမ်းနားတစ်တင်း ၁၅ဝဝဝ ကျပ်ဖြင့် ဒေသတွင်း ပဲကြော်လုပ်ငန်း သမားများ အဝယ်ရှိပြီး တစ်ရက်အိတ် ၂၅ဝ ခန့် ပုံမှန်အရောင်းအဝယ်ဖြစ်သလို ရန်ကုန်ဝယ်လက်သမားများမှ ပဲကြီးရွေကျွန်း အဝယ်ရှိခဲ့တာကြောင့် အိတ် ၁ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။               ခင်ဆွေဝင်း

Sunday, 7 Aug 2011

ပြည်ထောပတ်ပဲ အဖွင့်ဈေးကောင်းခဲ့ပေမယ့် နောက်ပိုင်းဈေးကျလာ                   ပြည်ဈေးကွက်အတွင်း ထောပတ်ပဲမှာ အဝင်မရှိသလို အရောင်းအဝယ်လည်း အေးနေခဲ့ပါတယ်။ ယခင်အပတ်က ရန်ကုန်ဝယ်လက်များ ဝယ်ယူမှုရှိခဲ့သော်လည်း သြဂုတ်လဆန်းပိုင်းတွင် လက်လီသမားများဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ပဲဈေးနှုန်းမှာ ယခင်နှစ်က ပဲပေါ်စအချိန်တွင် တစ်တင်း ၁၄ဝဝဝ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး မေလနောက်ပိုင်းမှစ၍ ဈေးနှုန်းမှာ တဖြည်းဖြည်း မြင့်လာခဲ့ပြီး သြဂုတ်လအတွင်း တစ်တင်း ၂၆ဝဝဝ ကျပ်ထိ ဈေးမြင့်လာခဲ့ပါတယ်။ ယခုနှစ်မှာ တော့ ပဲပေါ်စအချိန်တွင် တစ်တင်း ၂၁ဝဝဝ ကျပ်ဖြင့် ဈေးဖွင့်ခဲ့သော်လည်း ဧပြီလကုန်မှစ၍ ဈေးကျလာပြီး ဇွန်လအတွင်း ၁၇ဝဝဝ ကျပ်နဲ့ ဇူလိုင်လဆန်းမှစ၍ တစ်တင်း ၁၆၅ဝဝ ကျပ်ဖြင့် ယခုသြဂုတ်လ ပထမပတ်အထိ ၎င်းဈေးအတိုင်း ဈေးငြိမ်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။          ခင်ဆွေဝင်း 

Sunday, 7 Aug 2011

ယခုတစ်ပတ် ထောပတ်ပဲနဲ့ မြေထောက်ပဲ အရောင်းအနည်းငယ်တက်လာ                ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ထောပတ်ပဲ နဲ့ မြေထောက်ပဲတို့ အရောင်းအဝယ်စာချုပ်ချုပ်နိုင်မှုဟာ ယခုအပတ် ဇူလိုင်လ ၂၉ ရက်မှ သြဂုတ်လ ၄ ရက်ထိ ထောပတ်ပဲ တန် ၁၃ဝ ကျော်၊ မြေထောက်ပဲ FAQ တန် ၃၃ဝ ခန့် ရောင်းဝယ်နိုင်ခဲ့ပါတယ်။ ယခင်အပတ် ဇူလိုင် ၂၂ ရက်မှ ၂၈ ရက်အတွင်း ထောပတ်ပဲတန် ၁ဝဝ၊ မြေထောက်ပဲ တန် ၂၇ဝ ကျော်ရှိတာ ကြောင့် ယခုအပတ် အရောင်းအဝယ်အနည်းငယ်ပိုလာ ပါတယ်။ ယခုအပတ် ထောပတ်ပဲကို တရုတ်၊ ဂျပန်၊ စင်ကာပူနိုင်ငံများကို တင်ပို့ခဲ့ပြီး မြေထောက်ပဲကို အိန္ဒိယ၊ ဂျပန်၊ စင်ကာပူနိုင်ငံများကို တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ရန်ကုန် FOB ကဈေးများအနေနဲ့ သြဂုတ်လ ၄ ၇က်မှာ ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၅ဝ-၇၈ဝ၊ မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၆၃ဝ-၆၅ဝ ဖြစ်တာကြောင့် ယခုအပတ် ထောပတ်ပဲဈေးငြိမ်ပြီး မြေထောက်ပဲဈေး ပို လာတာ တွေ့ရပါတယ်။ MIRT- MAPT 

Sunday, 7 Aug 2011

မုံရွာ V2  တက်ဈေးနဲ့ အဝယ်သွက်                  သြဂုတ်လဆန်း မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်မှာ V2 ဈေးတက်လာပြီး မန်းနဲ့ရန်ကုန်ဝယ်လက် အဆွဲသွက်လာခဲ့တယ်လို့ ကုန်သည်ရပ်ကွက်ကဆိုပါတယ်။ ကုလားပဲအားလုံးပြီးခဲ့တဲ့ ဇူလိုင်လဆန်းကပေါက်ဈေး ထက် ဈေးပိုလာခဲ့ရာ သြဂုတ် လဆန်းမှာ V2  တစ်တင်း ၂၁၅ဝဝ ကျပ်မှ ၂၂ဝဝဝ ကျပ်၊ ကုလားပဲရိုးရိုးတစ်တင်း ၁၅၅ဝဝ ကျပ်မှ ၁၆ဝဝဝ ကျပ်၊ ကုလားပဲတိုင်ပေ ၁၇ဝဝဝ ကျပ်မှ ၁၇၁ဝဝ ကျပ်၊ ကုလားပဲ 929 တစ်တင်း ၁၆၈ဝဝ ကျပ် ဈေးအသီးသီးပေါက်ခဲ့တာတွေ့ရပါတယ်။ V2 ဈေးကွက်မှာတော့ မန်းနဲ့ရန်ကုန်ဝယ်လက်တွေ အများဆုံးဆွဲခဲ့လို့ မုံရွာ ကုန်စည်ဒိုင်မှာ တစ်ရက်လျှင် အိတ် ၃ဝဝဝ မှ ၅ဝဝဝ ဝန်းကျင် နေ့စဉ်အရောင်း သွက်ခဲ့ပြီး၊ ကျန်ကုလားပဲတွေ ကတော့ လုပ်ငန်းသုံးအတွက် မန်းအဆွဲအနည်းငယ်နဲ့ ဒေသတွင်းခွဲစက်၊ ပဲကြော်ဖိုနဲ့ ပဲလက်လီသမားအဝယ် အသင့်အတင့်ရှိခဲ့တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ ဇူလိုင် ၂၇ ရက်ကနေ သြဂုတ် ၃ ရက်နေ့အထိ မုံရွာ ကုန်စည်ဒိုင် ဈေးကွက်ကနေ ကုလားပဲစီးထွက်မှုအနေနဲ့ မန္တလေးကို တင်း ၅ဝဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၁၆ဝဝဝ ခန့်ရှိခဲ့တယ်လို့ လေ့လာသိရှိရပါတယ်။      ထွန်းလှိုင်၊ 

Sunday, 7 Aug 2011

အိန္ဒိယကုလားပဲဈေး တည်ငြိမ်ရာမှ လျော့ကျ                 အိန္ဒိယ ပြည်တွင်းဈေးကွက်များအတွင်း ကုလားပဲဈေးနှုန်းတည်ငြိမ်ရာမှ လျော့ ကျလာခဲ့ပါတယ်။ ဈေးကွက်အများစုမှာ ဝယ်လိုအားနည်းပါးနေဆဲဖြစ်ပြီး လှောင် လက်များမှလည်း ဈေးအမြင့်မှာ လက်ကျန်ရှင်းထုတ်နိုင်ခြင်း က ဈေးနှုန်းကို ပိုမိုကျ ဆင်းစေပါတယ်။ လာမည့်လများမှာ ပွဲတော်ရာသီအတွက် ဝယ်လိုအား မြင့်တက်လာဖွယ်ရှိတယ်လို့ မျှော်လင့်ထားကြပါတယ်။ ရေလှောင်ကန်များမှာ ရေရရှိမှုဟာ ၁ဝ နှစ်အတွင်း ပျမ်းမျှရေရဲ့ အထက်မှာ ရှိနေတာကြောင့် စက်တင်ဘာနှောင်းပိုင်းမှာ စတင်မယ့် ဆောင်းပဲစိုက်ပျိုးမှုအတွက် အခြေအနေကောင်းနိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။ သြစတြေးလျမှာ ပဲရိတ်သိမ်းနေပြီး တောင်သူများအနေနဲ့ ဈေးပိုမိုရရှိဖို့ သိုလှောင်ထားကြတယ်လို့ သိရပါတယ်။ ဈေးကွက် အသီးသီးမှာ ဖြစ်ပေါ်နေတဲ့ ဈေးနှုန်းများကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                ဒေါ်လာ/ တန်                          ၄-၈-၁၁          ၃-၈-၁၁        ၂-၈-၁၁       ၁-၈-၁၁          ၃ဝ-၇-၁၁မွန်ဘိုင်း              ၅၇၄-၅၉၇      ၅၇၅-၆ဝ၈      ၅၇၇-၆၂၂     ၅၇၉-၆၂၄     ၅၆၆-၆၂၂ဒေလီ                   ၆၆၄-၆၇ဝ     ၆၇ဝ-၆၇၆       ၆၇၈-၆၈၄     ၆၈၇-၆၉၂     ၆၇၉-၆၈၄ကန်ပါ                     ၆၈၇              ၆၈၉                ၆၉၉           ၇ဝ၄             ၇ဝ၁MIRT(MAPT)

Sunday, 7 Aug 2011

ကုလားပဲဖြူလုံးကြီး ဈေးခိုင်သော်လည်း ပြည်ပအရောင်းအဝယ်ပြန်လျော့                 ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ဇူလိုင်လ ၂၈ ရက်မှ သြဂုတ်လ ၄ ရက်အတွင်း အရောင်းအဝယ် စာချုပ်ချုပ်ဆိုမှုမှာ ကုလားပဲဖြူလုံးကြီး FAQ တန် ၄၇ဝဝ ခန့် ရှိခဲ့ပါတယ်။ ယခင်အပတ် ဇူလိုင် ၂၂ ရက်မှ ၂၈ ရက်အတွင်း ကုလားပဲတန် ၆၅ဝဝ ကျော်ရောင်းချနိုင်တာနဲ့ယှဉ်ရင် ယခုအပတ် အရောင်းလျော့ပေမဲ့ ဈေးနှုန်းအနေနဲ့ ပိုမိုခိုင်မာလာတာတွေ့ရပါတယ်။ ပြည်ပ ဝယ်လိုအားရှိနေဆဲဖြစ်ပြီး လက်ကျန်နည်းလာတဲ့အတွက် ဈေးပိုတိုးလာခြင်းဖြစ် တယ်လို့ သိရပါတယ်။                 ရန်ကုန် FOB ဈေးအနေနဲ့ ယခင်ဇူလိုင်လ ၂၉ ရက်က FAQ တစ်တန် ကန် ဒေါ်လာ ၉၃ဝ-၉၅ဝ ရှိရာမှ ယခုအပတ် သြဂုတ်လ ၄ ရက်အတွင်း FAQ တစ်တန် ကန်ဒေါ်လာ ၁ဝဝဝ-၁ဝ၂ဝ ရှိကြောင်း သိရပါတယ်။ MIRT- MAPT 

Sunday, 7 Aug 2011

ကုလားပဲဖြူလုံးကြီး ယခင်နှစ်ထက်ပိုတင်ပို့နိုင်                ပင်လယ်ရေကြောင်းက ကုလားပဲဖြူလုံးကြီး တင်ပို့မှုကတော့ ဇူလိုင် ၁ဝရက် မှ ၁၆ ရက်အတွင်း တန်ချိန် ၁၅ဝဝ ခန့်၊ ဇူလိုင် ၁၇ ရက်မှ ၂၃ ရက်အတွင်း တန် ချိန် ၃ဝဝဝ ခန့် တင်ပို့နိုင်ခဲ့ပြီး ယခုဇူလိုင်နောက်ဆုံးပတ် ၂၄ ရက်မှ ၃ဝ ရက်အတွင်း တန်ချိန် ၃၂ဝဝ ကျော် ပိုမိုတင်ပို့လာနိုင်ပါတယ်။ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် ဇူလိုင် ၂၉ ရက်အထိ ကုလားပဲဖြူလုံးကြီး တင်ပို့ပြီးစီးမှုဟာ တန်ချိန် ၃၈ဝဝဝ ကျော်ရှိပြီး ယခင်နှစ် ကာလတူ တင်ပို့မှု တန်ချိန် ၆ဝဝ ကျော်ထက် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ ယခုအပတ် ကုလားပဲဖြူလုံးကြီး အရောင်းအဝယ်လျော့ပေမဲ့ အခြားပဲများ ထက်ပိုပြီး အဝယ်ရှိတာကြောင့် ဆက်လက်တင်ပို့နိုင်မယ်လို့ ကုန်သည်များက ခန့်မှန်း ကြပါတယ်။      MIRT- MAPT 

Sunday, 7 Aug 2011

အရည်အသွေးပေါ်လိုက်၍ ဈေးပေးဝယ်ယူမှုရှိတဲ့ ပြည်ပဲတီစိမ်း                   ယခုတစ်ပတ်ပြည်ဈေးကွက်သို့ ပဲတီစိမ်းဝင်ရောက်မှုမှာ ယခင်ဇူလိုင်လကုန်ဝင်ရောက်မှုထက် လျော့ကျလာခဲ့ပါတယ်။ တစ်ရက်ကို အိတ် ၄ဝဝ-၅ဝဝ ခန့်ဝင်ရောက်ခဲ့ပြီး ပဲဈေးနှုန်းမှာ တစ်တင်းကို ၁၆၅ဝဝ ကျပ်မှ ၁၈ဝဝဝ ကျပ်ထိ အရည်အသွေး ပေါ်လိုက်၍ ဈေးပေးဝယ်ယူမှုရှိခဲ့ကြပါတယ်။ ဇူလိုင် နောက် ဆုံးပတ်တွင် တစ်တင်းကို ထိပ်စမှာ ၁၇၅ဝဝ ကျပ်၊ ရိုးရိုးစမှာ ၁၄၅ဝဝ ကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြပြီး ယခုသြဂုတ်လ ပထမ ပတ်အတွင်း မန္တလေးဝယ်လက်များ အဝယ်ရှိခဲ့တာကြောင့် ဈေးပိုမြင့်လာခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်သို့ ပဲတီ စိမ်း တင်ပို့မှုအနေဖြင့် ဇူလိုင်လအတွင်း အိတ် ၃ဝဝဝ ကျော် တင်ပို့နိုင်ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း 

Sunday, 7 Aug 2011

အိန္ဒိယပဲတီစိမ်း ဈေးအေးနေ               အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ဝယ်လိုအားနည်းတာကြောင့် ပဲတီစိမ်းဈေးနှုန်းလျော့ကျနေပါတယ်။ သြဂုတ်လကုန်ပိုင်းမှာ ပဲအသစ်တွေ ဈေးကွက်ထဲဝင်ရောက်လာတော့မှာဖြစ်ပြီး ကုန်သည်များ ပဲအရည်အသွေး အပေါ် စိုးရိမ်နေကြပါတယ်။ ယခုနှစ် ပဲထွက်ရှိမှုအခြေအနေကောင်းမွန်မယ့် အလားအလာနဲ့ ယခင်နှစ် လက်ကျန်တွေရှိခြင်းက ဈေးကွက်ကိုလည်း လွှမ်းမိုးလျက်ရှိနေပါတယ်။ ဒါပေမဲ့ ယခင်နှစ်ထက် စိုက်ဧက လျော့ကျတယ်လို့ သိရပါတယ်။ ဈေးကွက်အသီးသီးက ဈေးနှုန်းများနှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                             ဒေါ်လာ/ တန်                                ၄-၈-၁၁     ၃-၈-၁၁        ၂-၈-၁၁     ၁-၈-၁၁       ၃ဝ-၇-၁၁မွန်ဘိုင်း (ကင်ညာ)        ၉၆၈          ၉၆၉              ၉၈၃        ၉၈၈             ၉၇၃ဒေလီ                        ၇၈၈-၈၃၃    ၇၈၉-၈၃၄   ၇၉၁-၈၃၇   ၇၉၅-၈၄ဝ   ၇၉၂-၈၃၇အာကိုလာ                  ၇၈၈-၉ဝဝ      ၇၈၉-၉ဝ၁ ၇၉၁-၉ဝ၄      ၇၉၅             -MIRT(MAPT)

Sunday, 7 Aug 2011

အရောင်းသွက်လယ်ယာထွက်ကုန် ပဲတီစိမ်း               မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက်တရုတ်နိုင်ငံသို့ ဇူလိုင်လ ၂၇ ရက်မှ သြဂုတ်လ၂ ရက် ထိကာလအတွင်း တင်ပို့နေသော လယ်ယာထွက်ကုန်များထဲမှ ပဲတီစိမ်းဟာ အရောင်းသွက်လျက်ရှိပါတယ်။ ယခုအပတ်မှာ ကန်ဒေါ်လာ ၈ ဒသမ ၄၁၈ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၁ဝ၅၂၂ တန်ခန့် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကတင်ပို့မှုထက် တန် ၁၃၃ဝဝ ခန့် လျော့နည်းတင်ပို့ခဲ့ပါတယ်။ မူဆယ် ၁ဝ၅ မိုင် ကုန်စည်ဒိုင်သို့ ယခုအပတ်အဝင်များတဲ့ လယ်ယာထွက်ကုန်တွေကတော့ ပဲတီစိမ်းနဲ့ ပြောင်းဖူးစေ့များဖြစ်ပြီးကျဈေးနဲ့သာ တစ်ဖက်နိုင်ငံသို့ တင်ပို့နေရတာဖြစ်ပါတယ်။ ဇူလိုင်လမှာ ပဲတီစိမ်းတန် ၅၁၈ဝဝ တင်ပို့ထားပြီး ယမန်နှစ်ကာလတူမှာတော့ ၁၉၅၂၁ဝတန်သာ တင်ပို့နိုင်ခဲ့ပါတယ်။ ယမန်နှစ် ဧပြီလမှ ဇူလိုင်လ ကုန်အထိ နယ်စပ်မှ ပဲတီစိမ်း တန် ၅၁၉ဝဝ ကျော် အပို့ရှိခဲ့ပြီး ယခုနှစ် ဧပြီလမှ ဇူလိုင်လကုန်အထိ နယ်စပ်မှ ပဲတီစိမ်း တင်ပို့နိုင်မှုမှာ ၇၇၄၅၉ တန်ရှိတဲ့အတွက် ယခုနှစ်မှာ ၂၅၅၅၉ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ပဲတီစိမ်းဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                                မိမိဘက်(ကျပ်/တန်)                      တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                    ယခု         ယခင်         ပြောင်းလဲမှု    %    ယခု     ယခင် ပြောင်းလဲမှု    %ပဲတီစိမ်း    ၆၁၅၆၇၄    ၆၂၇၉၂၉          ၁၂၂၅၅    ၂       ၉၂၈     ၉၂၈         -            -MIRT (DOBT)  

Pages