Background
အိန္ဒိယပဲမျိုးစုံစိုက်ပျိုးမှု ယခင်နှစ်ကာလတူထက် ၁၅ ဒသမ ၉၇ ရာခိုင်နှုန်းလျော့ကျနေ ယခုမိုးရာသီ အိန္ဒိယနိုင်ငံရဲ့ ပဲမျိုးစုံစိုက်ပျိုးပြီးစီးမှုဟာ ဇူလိုင်လ ၁၅ ရက်အထိ ဟက်တာ ၃၆ ဒသမ ၁၅ သိန်းရှိပြီဖြစ်ပြီး ယခင်နှစ်ကာလတူက ဟက်တာ ၄၃ ဒသမ ဝ၂ သိန်း စိုက်ပျိုးပြီးကြောင်း သိရပါတယ်။ မဟာရပ်ရှတရာနဲ့ အင်ဒရာပရာ ဒေ့ရှ်တို့မှာ အစောပိုင်းကာလက မိုးမလုံလောက်တာကြောင့် စိုက်ပျိုးမှု နောက်ကျ ရခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီဒေသတွေမှာ မိုးရွာသွန်းမှု ပြန်လည်အားကောင်းလာနိုင်ဖွယ် ရှိတယ်လို့သိရပါတယ်။ ယခုနှစ်အတွင်း စိုက်ဧက လျော့ကျမှုကြောင့် ပဲမိုျးစုံ ဈေးနှုန်းကျဆင်းမှုကို ရပ်တန့်စေနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ပဲအမျိုးစားအလိုက် စိုက် ဧရိယာများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်- ဟက်တာထောင်ပေါင်းပဲအမျိုးအစား ၁၅-၇-၁၁ ၁၅-၇-၁ဝ ပြောင်းလဲမှုပဲစင်းငုံ ၁၂ .၂၁ ၁၉ .၃၉ -၃၇ .ဝ၃မတ်ပဲ ၇ .၉၄ ၈ .၇၅ -၉ .၂၁ပဲတီစိမ်း ၇ .၈၁ ၁၁ .၃၃ -၃၁ .ဝ၆စုစုပေါင်း ၃၆ .၁၅ ၄၃ .ဝ၂ -၁၅ .ဝ၇ယမင်းခင်Source: nnscommodityonline
အိန္ဒိယပဲစင်းငုံဈေး ပြန်လည်ကျဆင်းလာ အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ယခင်သီတင်းပတ်က ဈေးငြိမ်နေတဲ့ ပဲစင်းငုံဟာယခုတစ်ပတ်မှာတော့ အရောင်းအဝယ်ထိုင်းတာကြောင့် ပြန်လည် ကျဆင်းလာပါတယ်။ စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ စတုတ္ထအကြိမ် ပဲအမြောက်အမြား ထွက်ရှိမှု ခန့်မှန်းချက်က ဈေးကွက်ကို လွှမ်းမိုးလျက်ရှိနေပါတယ်။ ဒါပေမဲ့ နိုင်ငံ တောင်ပိုင်းမှာ စိုက်ပျိုးမှုနောက်ကျခြင်းက ကာလတိုအတွင်း ဈေးနှုန်းကို အထောက် အပံ့ဖြစ်စေမယ်လို့ ခန့်မှန်းထားပါတယ်။ အဓိကစိုက်ပျိုးရာဒေသများမှာ ရာသီဥတု က သီးနံှများအတွက် အခြေအနေကောင်းမွန်ပေမဲ့ အိန္ဒိယကျွန်းဆွယ်မှာ လာမယ့် ရက်ပိုင်းအတွင်း မိုးနည်းမယ်လို့ ခန့်မှန်းထားပါတယ်။ ဝယ်လိုအားတက်လာရင်တော့ ဈေးနှုန်းကို အထောက်အပံ့ဖြစ်နိုင်မယ်လို့ ခန့်မှန်းထား ပါတယ်။ ဈေးကွက်တွေ မှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၂၁-၇-၁၁ ၂ဝ-၇-၁၁ ၁၉-၇-၁၁ ၁၈-၇-၁၁မွန်ဘိုင်း ၆၄၁-၆၅၃ ၆၄၁-၆၅၂ ၆၅ဝ-၆၆၇ ၆၅၆-၆၆၇ဒေလီ ၇ဝ၉-၇၁၁ ၇ဝ၈-၇၁၁ ၇ဝ၆-၇ဝ၉ ၇၂၉-၇၃၁ချန်နိုင်း ၆၄၁ ၆၄၁ ၆၃၉ ၆၃၉-၆၅၁MIRT(MAPT)
တစ်ပတ်အတွင်း ပဲစင်းငုံ FOB တန် ၃ဝဝဝ ခန့် အဝယ်ရှိ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ယခုတစ်ပတ်အတွင်း ပဲစင်းငုံ ကို FOB အဝယ်တန် ၃ဝဝဝ ခန့်သာ စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က ဝယ်လိုအားကောင်းခဲ့ပြီး ပြည်ပအဝယ်တန် ၆ဝဝဝ ကျော်ခဲ့ရာ မှ ယခုတစ်ပတ်မှာ အဝယ်ပါးသွားတယ်လို့ သိရပါတယ်။ အိန္ဒိယဈေးကွက်တွေမှာ လက်ကျန်များတဲ့ သတင်းတွေအပြင် မိုးပြန်လည်ရွာသွန်းလာလို့ ပဲစိုက်ပျိုးမှု ပြန်လည်သွက်လာခြင်းတွေက ဝယ်လက်တွေ အဝယ်အေးစေခဲ့တာဖြစ်ပါတယ်။ ဇူလိုင်လ ၁ ရက်မှ ၂၁ ရက်အထိ ပဲစင်းငုံအရောင်းအဝယ်စာချုပ်ချုပ်ဆိုမှုဟာ တန်ချိန် နှစ်သောင်းနီးပါးရှိတာ သိရပါတယ်။ ရန်ကုန် FOB ပဲစင်းငုံနီဈေးကတော့ ယခင်သီတင်းပတ်များအတိုင်း ဇူလိုင်လ၂၁ ရက်မှာလည်း ပဲစင်းငုံနီ FAQ တစ်တန် ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ၊ ပဲစင်းငုံဖြူနီ၊ အဖြူ FAQ တစ်တန် ကန်ဒေါ်လာ ၅၂ဝ- ၅၄ဝ နဲ့ ငြိမ်နေပါတယ်။ MIRT - MAPT
ပဲစင်းငုံ ပုံမှန်ပမာဏသာ တင်ပို့မှုရှိ ပဲစင်းငုံပြည်ပတင်ပို့မှုဟာ ယခင်သီတင်းပတ်က တန်ချိန် ၆၅ဝဝ ထိ တိုးတက် တင်ပို့ခဲ့ရာမှ ဇူလိုင်လ ၁ဝ ရက်မှ ၁၆ ရက်အထိ တစ်ပတ်အတွင်းမှာတော့ အစောပိုင်း တင်ပို့ခဲ့တာတွေ့ရပါတယ်။ ပြည်ပဝယ်လက်များ ပုံမှန်အဝယ်ရှိနေပေမဲ့ ယခု တစ်ပတ်အတွင်း ခပ်ပါးပါးနဲ့သာ အရောင်းအဝယ်ရှိတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၁၄ ရက်နေ့အထိ လက်ရှိဘဏ္ဍာနှစ်အတွင်း ပဲစင်းငုံတင်ပို့မှုဟာ တန်ချိန် ခြောက် သောင်းနီးပါးရှိနေတာတွေ့ရပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တင်ပို့ခဲ့တဲ့ တန်ချိန် သုံးသောင်းကျော်ထက် ၁ ဆခန့် ပိုမိုတင်ပို့ပြီးတာတွေ့ရပါတယ်။ MIRT - MAPT
ပြည်မတ်ပဲဈေး ခပ်အေးအေး ပြည်ပဲဈေးကွက်မှာ ဇူလိုင် ဒုတိယပတ်က မတ်ပဲဈေးငြိမ်နေခဲ့ရာမှ ဇူလိုင် တတိယပတ်မှာတော့ ပဲတစ်တင်းကို ၁၆၅ဝဝ ကျပ်ထိဈေးလျော့လာခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်ပြည်ပွဲရုံများသို့ မကွေးတိုင်းဒေသကြီး အောင်လံမှ တစ်နေ့ ကို ပဲအိတ် ၃ဝဝ ခန့်အဝင်ရှိပြီး အကျဘက်ကိုသာဦးတည်နေတဲ့ ပဲဈေးမှာ ရာသီဥတုကလည်း မိုးရွာမှုများနေတာကြောင့် ဈေးပိုအေးနေတယ်လို့ သိရပါတယ်။ ရန်ကုန်ဝယ်လက်အဝယ်ရှိပြီး တစ်နေ့ကို အိတ် ၃ဝဝ-၄ဝဝ ခန့်အရောင်း အဝယ်ဖြစ်ကာ ပြည်ပွဲရုံများမှ ရန်ကုန်ဘုရင့်နောင်သို့ နေ့စဉ်အိတ် ၅ဝဝ ခန့်တင်ပို့မှု ရှိတယ်လို့ သိရပါတယ်။ မိမိအေး
ပဲစိုက်ဧရိယာလျော့ပေမဲ့ ဝယ်လိုအားနည်းလို့ အိန္ဒိယမတ်ပဲဈေးလျော့ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ဝယ်လိုအားနည်းပါးနေဆဲဖြစ်လို့ မတ်ပဲဈေး ဆက်လက်လျော့ကျ နေပါတယ်။ အဓိကစိုက်ပျိုးတဲ့ ဒေသတွေမှာ မိုးပြန်လည် ရွာသွန်းလာပြီဖြစ်ပေမဲ့ စိုက်ပျိုးမှု နောက်ကျတဲ့အတွက် လက်ရှိအချိန်ထိ စိုက်ပျိုးပြီး စီးမှုဟာ မနှစ်ကနဲ့ယှဉ်လျှင်လျော့ကျနေတယ်လို့သိရပါတယ်။ ဒါပေမဲ့ ရာဂျက်စသန် မှာတော့ ပိုမိုစိုက်ပျိုးထားတယ်လို့ သိရပါတယ်။ အဓိကစိုက်ပျိုးတဲ့ဒေသတွေမှာ ရာသီဥတုက သီးနံှကြီးထွားဖို့အတွက် အခြေအနေကောင်းနေပေမဲ့ နိုင်ငံတောင်ပိုင်း မှာတော့ မိုးနည်းပါးနေဆဲပဲလို့ ခန့်မှန်းထားပါတယ်။ လက်ရှိဈေး ကျဆင်းနေပေမဲ့ မတ်ပဲစိုက်ပျိုးမှု နှေးကွေးနေခြင်းကတော့ ဈေးနှုန်းကို အထောက်အပံ့ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၂၁-၇-၁၁ ၂ဝ-၇-၁၁ ၁၉-၇-၁၁ ၁၈-၇-၁၁မွန်ဘိုင်း ၈၂၂ ၈၂၁ ၈၁၃-၈၁၉ ၈၂၅-၈၃ဝဒေလီ ၈၂၂-၈၄၄ ၈၂၁-၈၄၃ ၈၃ဝ-၈၅၂ ၈၃ဝ-၈၅၃ချန်နိုင်း ၈ဝ၅-၉၁၇ ၈ဝ၄-၉၁၇ ၈ဝ၂-၉၁၄ ၈၁၃-၉၂၆MIRT(MAPT)
ယခုတစ်ပတ် မတ်ပဲ FOB အရောင်းအဝယ် ထက်ဝက်လျော့ကျ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ် ပတ် ဇူလိုင်လ ၁၆ ရက်မှ ၂၁ ရက်အတွင်း ပြည်ပဝယ်လက် အဝယ်အေးတဲ့အပြင် ဈေးပိတ်ရက်ရှိတာကြောင့် FOB အရောင်းအဝယ် စာချုပ်ချုပ်ဆိုမှုမှာ ယခင် သီတင်းပတ်ထက် ထက်ဝက်လျော့ကျပြီး တန်ချိန် ၆၅ဝဝ ကျော်သာ ရှိခဲ့တယ်လို့ သိရပါတယ်။ ဇူလိုင်လအတွင်း အိန္ဒိယပဲစိုက်ဒေသများမှာ မိုးပြန်လည်ရွာသွန်းလာ တာကြောင့် ပဲစိုက်ပျိုးမှု တိုးတက်လာတဲ့အတွက် အဝယ်ပြန်အေးလာခြင်းဖြစ်တယ် လို့ သိရပါတယ်။ဒါပေမဲ့ ဇူလိုင်လ နောက်ဆုံး သီတင်းပတ်လောက်မှာတော့ ဒီပါ ဝတီပွဲတော်အတွက် အဝယ်ပြန်ထွက်လာနိုင်တယ်လို့ ကုန်သည်များက ခန့်မှန်းကြ ပါတယ်။ ဇူလိုင်လ ၁ ရက်မှ ၂၁ ရက်အတွင်း စုစုပေါင်း FOB စာချုပ်ချုပ်ဆိုမှုဟာ မတ်ပဲ SQ ၊ FAQ ၊ အခွံချွတ် အားလုံး စုစုပေါင်း တန်ချိန် ငါးသောင်းနီးပါးရှိတယ် လို့ သိရပါတယ်။ ရန်ကုန် FOBမှာ အရောင်းအဝယ်ပါးလို့ ဈေးအနည်းငယ်အေး လာခဲ့ပါတယ်။ ဒေါ်လာ/တန် မတ်ပဲ(FAQ ) မတ်ပဲ(SQ)၂၁-၇-၁၁ ၇၅ဝ-၇၇ဝ ၈၃၅-၈၅၅၁၄-၇-၁၁ ၇၆ဝ-၇၈ဝ ၈၄ဝ-၈၆ဝMIRT(MAPT)
ဒီတစ်ပတ် မတ်ပဲသင်္ဘောအတင်လျော့ ယခင်သီတင်းပတ်များက မတ်ပဲသင်္ဘောတင်ပို့မှု တန်ချိန် ၂ဝဝဝဝ ဝန်းကျင်ထိ တင်ပို့မှုရှိခဲ့ရာမှ ဇူလိုင်လ ၁ဝ ရက်မှ ၁၆ ရက်အတွင်းမှာတော့ တန်ချိန် ၁၁ဝဝဝ ကျော်ကို လျော့ကျတင်ပို့လာပါတယ်။ အိန္ဒိယဝယ်လက်များ ၎င်းတို့နိုင်ငံမှာ ပဲ စိုက်ပိုျးဖို့ ရာသီဥတုပြန်လည် ကောင်းမွန်လာတဲ့အတွက် ပဲအဝယ်လျော့သွားတာ ကြောင့်လို့ သိရပါတယ်။လက်ရှိဘဏ္ဍာနှစ် ဇူလိုင် ၁၄ ရက်နေ့အထိ မတ်ပဲတင်ပို့ပြီးစီး မှုဟာ တန်ချိန် နှစ်သိန်းနှစ်သောင်းကျော်ရှိပြီး ယခင်နှစ်ဘဏ္ဍာနှစ်ကာလတူက တင်ပို့ခဲ့တဲ့ တန်ချိန် တစ်သိန်းခွဲခန့်ထက် ပိုမိုနေတာတွေ့ရပါတယ်။ ယခုသီတင်းပတ် တွေမှာလည်း အရောင်းအဝယ် အေးတာကြောင့် လာမယ့်အပတ် ပဲတင်ပို့မှုမှာ အနည်းငယ် လျော့ကျဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT - MAPT
