Background
တက်ဈေးမျှော်နေတဲ့ မုံရွာပဲတီစိမ်းကြီး မုံရွာကုန်စည်ဒိုင်မှာ ယခုလ ဇူလိုင်လ ဒုတိယပတ်အတွင်း ပဲတီစိမ်းကြီး တစ်ပိဿာ အမြင့်ဆုံးဈေး ၁ဝ၅၃ ကျပ်မှ ၉၂၅ ကျပ်သို့ ဈေးအေးလာကြောင်း သိရပါတယ်။ ဈေးအေးလာလို့ တောင်သူနဲ့ ကုန်သည်များက တက်ဈေးမျှော်ပြီး ထုတ် ရောင်းမှုနည်းကြောင်း ကုန်သည်တစ်ဦးက ဆိုပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ယခုတစ်ပတ် အတွင်း ပဲတီစိမ်းကြီး အရောင်း အဝယ်အေးကာ တစ်ရက်ကို ပျမ်းမျှတင်း ၅ဝဝ နဲ့ ၁ဝဝဝ ကြား အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ ဇူလိုင်လ ဒုတိယပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ ပဲတီစိမ်းကြီး မန္တလေးသို့ တင်း ၃ဝဝဝ ကျော်စီးထွက်ခဲ့ကြောင်း သိရပါတယ်။ သန်းးသန်းးတင်
မုံရွာပဲတီ မန်းအဝယ်နှေးလို့ ဈေးအေး ဇူလိုင် ဒုတိယပတ် မုံရွာကုန်စည်ဒိုင် ပဲတီစိမ်းကြီးဈေးကွက်မှာ မန္တလေးဝယ်လက်လေးလို့ ဈေးအေး အရောင်းအဝယ် အေးလာခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇွန်လထဲက ပဲတီစိမ်းကြီး တစ်တင်း ၂၉ဝဝဝ ကျပ် ထိဈေးအမြင့်ဆုံးရခဲ့ပြီး ယခုအခါ မုံရွာကုန်စည်ဒိုင်မှာ ဝင်လာတဲ့ ပဲတီစိမ်းတွေ အရည်အသွေးအနည်းငယ်နိမ့်ပြီး မန်းဝယ်လက်နှေးခဲ့လို့ တစ်တင်း ၁၈၅ဝဝ ကျပ်ထိ အနိမ့်ဆုံးကျဆင်းသွားခဲ့တာ တွေ့ရပါတယ်။ အရောင်းအဝယ် အားဖြင့် တစ်ရက် အိတ် ၁ဝဝဝ ဝန်းကျင်နေ့စဉ်ရှိခဲ့ပြီး ယခု အပတ်ထဲမှာ အရောင်း ဆက်လက်ငြိမ်နေအုံးမယ်လို့ ဈေးကွက်က ဆိုပါတယ်။ ထွန်းလှိုင်
အိန္ဒိယပဲတီစိမ်းဈေး တည်ငြိမ်သလောက်ရှိ အိန္ဒိယပြည်တွင်းဈေးကွက်အတွင်း ပဲတီစိမ်းအရောင်းအဝယ်ပါးပြီး ဈေးငြိမ်သလောက်ရှိနေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း မဟာရပ်ရှတရာမှာ မိုးပြန်လည်ရွာသွန်းခဲ့တာကြောင့် ပဲစိုက်ပျိုးမှု တိုးတက်ခဲ့ပါတယ်။ ဒါပေမဲ့ ပဲစိုက်ပျိုးမှု နှောင့်နှေးနေတာကြောင့် ပဲတီစိမ်းစိုက်ဧရိယာတော်တော်များများဟာ ပြောင်းနဲ့ လူးတို့ကို ပြောင်းလဲစိုက်ပျိုးလာနိုင်တယ်လို့ ကုန်သည်များက ဆိုပါတယ်။ အဓိကစိုက်ပျိုးတဲ့ ဒေသတွေမှာ မိုးရေ အလုံအလောက်ရခြင်းနဲ့ အတူ သီးနံှအလား အလာ ကောင်းမွန်ခြင်းက ဈေးကွက်ကို လွှမ်းမိုးနေပါတယ်။ ဒါပေမဲ့ ပြန်လည်ရောင်းချသူများနဲ့ ပဲခွဲစက်များက အဝယ်ပြန် ကောင်းရင် တော့ ကာလတိုအတွင်း ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။ ဈေးကွက်အသီးသီးမှာဖြစ်တဲ့ ဈေးနှုန်းများကို ဖော်ပြ လိုက်ပါတယ် ဒေါ်လာ/ တန် ၁၃-၇-၁၁ ၁၂-၇-၁၁ ၁၁-၇-၁၁ ၉-၇-၁၁မွန်ဘိုင်း (ကင်ညာ) ၉၈၇ ၉၈၅ - ၉၉၂ဒေလီ ၈ဝ၇-၈၅၂ ၈၅ဝ-၈၉၅ ၈၅၆-၉ဝ၂ ၈၅၆-၉ဝ၂အာကိုလာ ၈၃ဝ-၈၉၇ ၈၅ဝ-၉၄ဝ - ၈၅၆-၉၄၇MIRT(MAPT)
ပဲတီစိမ်း တင်ပို့မှုမြင့်တက် မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တစ်ဖက်နိုင်ငံသို့ အပို့များနေတဲ့ လယ်ယာ ထွက်ကုန်ကတော့ ပဲတီစိမ်းပဲ ဖြစ်ပါတယ်။ ဇူလိုင်လ ၆ ရက်မှ ၁၂ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၆ ဒသမ ၄၃၅ သန်း တန်ဖိုးရှိတဲ့ ပဲတီစိမ်း ၆၈၉၉ တန်ခန့် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ပဲတီစိမ်း ၁၉၈၃ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် ဧပြီလမှ ဇွန်လကုန်ထိ ပဲတီစိမ်း တန်ချိန် ၄၂၁ဝဝ ကျော်နယ်စပ်မှ တင်ပို့ထားပြီး ဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ကြည့်တဲ့အခါ မိမိဘက်ဈေးမြင့်တက်နေသော်လည်း တစ်ဘက်နိုင်ငံဈေးမှာ လျော့နည်းလျက် ရှိတာ တွေ့ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု % ၆၇၆၇၃၆ ၆၃၃၄၇၄ ၄၃၂၆၂ ၆ ၁ဝဝ၅ ၁ဝ၈၂ ၇၇ ၈MIRT (DOBT)
ရန်ကုန် FOB ဈေးကွက်မှာ ပဲတီစိမ်း တန် ၅ဝဝဝ ခန့် အရောင်းအဝယ်ဖြစ် ရန်ကုန်တိုင်းဒေသကြီး ကုန်စည်ဒိုင် (ဘုရင့်နောင်) ၊ FOB ဈေးကွက်မှာ ယခင်သီတင်းပတ်တွေက တန် ၂ဝဝ ခန့်သာ လက်ကျန်နည်းပေမဲ့ FOB အရောင်းမှာ တိုးတက်နေ ပြည်ပ အရောင်းစာချုပ်ရှိခဲ့ပေမဲ့ ယခုသီတင်းပတ်မှာတော့ တန်ချိန် ၅ဝဝဝ ခန့် FOB အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အညာပဲတီစိမ်းကို အိန္ဒိယဝယ်လက်တွေ လက်ရှိဈေးမှာ စိတ်ဝင်စားမှုရှိလာလို့ အရောင်းသွက်တယ်လို့ သိရပါတယ်။ ဝင်ရောက်လာတဲ့ ပဲများမှာ မိုးမိပဲတချို့ပါလို့ ဝယ်လက်တွေက အရည်အသွေးအရ ဈေးခွဲခြားပြီး ဝယ်ယူမှုရှိတယ်လို့ သိရပါတယ်။အိန္ဒိယဝယ်လက်အများစုကတော့ ဈေးသက်သာတဲ့ အရည်အသွေးနိမ့်ပဲတွေကို အဝယ်ပိုများပြီး အရည်အသွေး ကောင်း တွေကိုတော့ တရုတ်ဝယ်လက်က ဝယ်ယူမှုရှိတယ်လို့ သိရပါတယ်။ အရည်အသွေးနိမ့်တွေ ပါဝင်လို့ ရန်ကုန် FOB ဈေးများ လည်း ပြောင်းလဲလာခဲ့ပါတယ်- ဒေါ်လာ/တန် ပဲတီစိမ်း (အညာ) ပဲတီရွှေဝါ(အသေး) ပဲတီရွှေဝါအကြီး၁၄-၇-၁၁ ၈ဝဝ-၈၂ဝ ၁ဝ၅ဝ-၁ဝ၇ဝ ၁၁၅ဝ-၁၁၇ဝ၈-၇-၁၁ ၉ဝဝ-၉၂ဝ ၁၁၅ဝ-၁၁၇ဝ ၁၂၅ဝ-၁၂၇ဝMIRT (MAPT)
ပဲတီစိမ်းသင်္ဘောတင် ပြန်လျော့လာ ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုဟာ ယခင်သီတင်းပတ်က တန် ၃ဝဝဝ ကျော်ထိ တင်ပို့ခဲ့ရာမှ ယခုသီတင်းပတ် (ဇူလိုင်လ ၂ ရက်မှ ၈ ရက်)အတွင်းမှာ တန်ချိန် ၁၅ဝဝ ခန့်ကို ပြန်လည်လျော့ကျတင်ပို့ခဲ့ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇူလိုင်လ ၈ ရက်နေ့အထိ တင်ပို့ပြီးစီးမှုအနေနဲ့ စုစုပေါင်း တန်ချိန် တစ်သိန်းကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန်ချိန် ၇ဝဝဝဝ ကျော်သာရှိလို့ လက်ရှိဘဏ္ဍာနှစ်ကာလတူမှာ တန် ၃သောင်းကျော် ပိုတင်ထားတာတွေ့ရပါတယ်။ လတ် တလောအရောင်းအဝယ်ပြန်လိုက်လာလို့ လာမယ့် သီတင်းပတ်များမှာ တင်ပို့မှု တိုးတက်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT
လက်လီဈေး ကွက် အရောင်း အဝယ်ဖြစ်တဲ့ ပြည်ပဲလွန်းဖြု ပြည်ပဲလွန်းဖြူဈေးကွက်မှာ ပဲ တစ်တင်းကို ၁၉ဝဝဝ ကျပ်ဈေးမှ ယခု တစ်ပတ်မှာတော့ ၁၈ဝဝဝ ကျပ်ဈေး ဖြင့်သာ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပဲလွန်းဖြူမှာ အဝင်လည်း မရှိတော့ဘဲ လက်ကျန်ပဲများသာ လက် လီသမားများအဝယ်ရှိပြီး တစ်နေ့ကို အများဆုံး ၁ဝ အိတ်ခန့်သာ အရောင်း အဝယ်ရှိတယ်လို့သိရပါတယ်။ မိမိအေး
FOB စာချုပ်ချုပ်ဆိုမှု ပဲလွန်းဖြူပမာဏပိုလာ ရန်ကုန်တိုင်းဒေသကြီး ကုန်စည်ဒိုင် (ဘုရင့်နောင်) ရဲ့ FOB ဈေးကွက် မှာ ပြည်ပဝယ်လက် အရောင်းအဝယ် စာချုပ်ချုပ်ဆိုမှုအနေနဲ့ ဇူလိုင်လ ပထမပတ်မှာ တန်ချိန် ၃၆ဝ ကျော်သာရှိခဲ့ပေ မဲ့ ယခုသီတင်းပတ်မှာ တန်ချိန် ၆၇ဝ ခန့်ထိ ပိုလာတာတွေ့ရပါတယ်။ ဇူလိုင်လ ပထမ လဝက်အတွင်းမှာ တော့ တန်ချိန် ၁ဝဝဝ ကျော် FOB အရောင်း ရှိတာတွေ့ရပါတယ်။ ဈေးကွက်တွေမှာ လက်ကျန်နည်း လာပြီဖြစ်ပေမဲ့ ဈေးနှုန်းအနေနဲ့ ပြောင်း လဲခြင်းမရှိဘဲ ငြိမ်နေပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာ ဇူလိုင်လ ၁၄ ရက် က ပဲလွန်းဖြူ FAQ တစ်တန် ကန်ဒေါ်လာ ၈၆ဝ-၈၈ဝ နဲ့ SQ တစ် တန်ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ အသီးသီး ရှိကြောင်း သိရပါတယ်။ MIRT- MAPT
ယခုတစ်ပတ် ပဲလွန်းဖြူ တင်ပို့မှုလျော့ ယခင် သီတင်းပတ်များက ပင်လယ် ရေကြောင်းတင်ပို့မှုမှာ ပဲလွန်းဖြူ တန် ၉ဝဝ၊ ၁ဝဝဝ ရှိခဲ့ရာမှ ယခု သီတင်းပတ် (ဇူလိုင်လ ၂ ရက်မှ ၈ ရက်) အတွင်းမှာတော့ တန် ၄ဝဝ ကို လျော့ကျတင်ပို့ခဲ့ပါတယ်။ ယခု တစ် ပတ်မှာ အိန္ဒိယ၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ မလေးရှားနဲ့ ထိုင်းတို့ကို တင်ပို့ပြီး အများစုကိုတော့ အိန္ဒိယကို တင်ပို့တာတွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇူလိုင်လ ၈ ရက်နေ့အထိတင်ပို့ပြီးစီးမှုမှာ ပဲလွန်းဖြူ တန်ချိန် ၁၂ဝဝဝ ကျော်ရှိပြီး ယခင် ဘဏ္ဍာနှစ် ကာလတူက တန်ချိန် ၁ဝဝဝဝ ကျော် တင်ပို့ခဲ့တာ တွေ့ရပါတယ်။ပြည်ပအဝယ်ရှိနေပေမဲ့ဈေးကွက် လက်ကျန် နည်းလာပြီဖြစ်ပါတယ်။ MIRT- MAPT
ပြည်ဈေးကွက်မှာ ပဲစင်းငုံကို ရန်ကုန်ဝယ်လက် အချို့ အဝယ်ရှိလာ ပဲခူးတိုင်းဒေသကြီး ပြည်ဈေးကွက်တွင် ပဲစင်းငုံစိုက်ဧကဟာ လျာထားဧကရဲ့ ၉၃ ရာခိုင်နှုန်းစိုက်ပျိုးပြီးပြီလို့ သိရပါတယ်။ ပဲဈေးနှုန်းမှာ ယခင်တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းကို ၁၃၅ဝဝ ကျပ်ရှိပြီး ဈေးကွက်တွင် ပဲစင်းငုံလက်ကျန်ရှိသော်လည်း အရောင်းအဝယ်အေးခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာတော့ တစ်တင်းကို ၁၃ဝဝဝ ကျပ်ရှိပြီး အရောင်းအဝယ်အနေနဲ့ ရန်ကုန်ဝယ်လက်များအနည်းငယ် အဝယ်ရှိခဲ့ပါတယ်။ ဇူလိုင်လတစ်လလုံးအနေဖြင့် တိုင်းအတွင်း ပေါက်ခေါင်း မြို့နယ် မှ အဝင်ရှိခဲ့ပြီး ရန်ကုန်သို့ ပဲစင်းငုံအိတ် ၅ဝဝ တင်ပို့နိုင်ခဲ့ပါတယ်။ ဆုမွန်မွန်ဆွေ
