Main menu

Background

Sunday, 19 Jun 2011

အိန္ဒိယပြောင်းအထွက်ပိုမိုမယ့်အလားအလာအရ ပြည်ပတင်ပို့မှုတိုးတက်နိုင်                   အိန္ဒိယနိုင်ငံရဲ့ ပြောင်းထုတ်လုပ်မှုဟာ ယခုနှစ်မှာ မိုးပုံမှန်ရွာသွန်းခြင်းနဲ့ ဈေး နှုန်းမြင့်တက်ခြင်းတို့က တောင်သူတွေပိုစိုက်ဖို့ အားပေးစေခဲ့တာကြောင့် ဒုတိယနှစ် အတွက် ပြောင်းစံချိန်တင် တိုးတက်ထွက်ရှိနိုင်ပြီး ပြည်ပတင်ပို့မှု တိုးတက်နိုင်တယ်လို့ သိရပါတယ်။ မိုးပြောင်းထုတ်လုပ်မှုဟာ ၂ဝ၁ဝ-၁၁ ရာသီအတွင်း တန်ချိန် ၁၅ ဒသမ ၉ သန်းထိမြင့်တက်ခဲ့ရာမှ ယခုနှစ်မှာ ၇ ရာခိုင်နှုန်းပိုမိုလာဖွယ်ရှိတယ်လို့ ကောက်ပဲသီးနံှလုပ်ငန်းရှင် ခေါင်းဆောင် Gagan Gulati ကဆိုပါတယ်။ ဒါကြောင့် ယခုရာသီပိုလံျှတန်ချိန် ၂ ဒသမ ၄ သန်းခန့် တင်ပို့နိုင်လိမ့်မယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံက ရောင်းချမှုမြင့်တက်ခြင်းဟာ ယခင်နှစ်က ကမ္ဘာ့သိုလှောင်မှု ကျဆင်းပြီး ၈၆ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့တဲ့ ပြောင်းဈေးကို ကျဆင်းလာစေဖို့ အထောက်အကူဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အာရှနိုင်ငံအခိုျ့ဟာ အိန္ဒိယပြောင်းကို ဝယ်လိုအားကောင်းနေတယ်လို့ ဆိုပါတယ်။ မလေးရှား၊ ထိုင်းနဲ့ အင်ဒိုနီးရှားက တိရစ္ဆာန်အစာပြုလုပ်သူများက အမေရိကန်နဲ့ လက်တင်အမေရိကား ပြောင်းအစား အိန္ဒိယပြောင်းကို ဝယ်ယူလာကြတယ်လို့ ဆိုပါတယ်။ ယခုနှစ် ကမ္ဘာ့မြောက်ဖက်ခြမ်းက ပြောင်းရိတ်သိမ်းမှုမစတင်မီ ကမ္ဘာ့ပြောင်းလက်ကျန်ဟာ တန်ချိန် ၁၁၇ ဒသမ ၄၄ သန်းဝန်းကျင်ရှိတယ်လို့ အမေရိကန်  စိုက်ပျိုးရေးဌာနက ဆိုပါတယ်။ အဲဒီပမာဏဟာ လာမယ့်နှစ်မှာ တန်ချိန် ၁၁၁ ဒသမ ၈၉ သန်းကိုကျဆင်းလိမ့်မယ်လို့လည်း ဆိုပါတယ်။ ၂ဝ၁၁ -၁၂ ရာသီအတွင်း ၂ဝ၁၁-၁၁ ရာသီစိုက်ပျိုးမှုထက် ဟက်တာ ၇ ဒသမ ၆ သန်းတိုးခဲျ့ဖွယ်ရှိပြီး ဇွန်လ ၃ဝ ရက်နေ့အထိ စုစုပေါင်း ပြောင်းထွက်ရှိမှု တန်ချိန် ၂ဝ-၂၃ သန်းထိမြင့်တက် နိုင်တယ်လို့ လယ်ယာဝန်ကြီးဌာနက ဧပြီလ ၆ ရက်မှာ ပြောကြားပါတယ်။ အိန္ဒိယမှာ တိရစ္ဆာန်အစာပြုလုပ်သူများရဲ့ ပြောင်းသုံးစွဲမှု တန်ချိန် ၁ဝ သန်းခန့် ရှိပြီး အမှုန့်ပြုလုပ်သူများက တစ်နှစ်ကို တန်ချိန် ၂ ဒသမ ၅ သန်းအသုံးပြုတယ်လို့ အိန္ဒိယပြောင်းထုတ်လုပ်မှု တိုးတက်ရေးအသင်း ဥက္ကဌ ှSain Dass က ပြောကြား ပါတယ်။ စားနပ်ရိက္ခာအတွက် တန်ချိန် ၄ သန်းခန့်သုံးစွဲမှုရှိတယ်လို့လည်း ဆိုပါတယ်။ ယမင်းခင်၊Source: nns commodityonline

Sunday, 19 Jun 2011

၂ဝ၁၂ တွင်ပြောင်းဈေးတက်နိုင်ဟု ခန့်မှန်း                   ယခုနှစ် နွေရာသီသီးနံှထွက်ရှိမှု ကျဆင်းမယ်လို့ အစိုးရက တွက်ချက်ပြီး နောက်ပိုင်းပြောင်းဈေးနှုန်း ကျဆင်းခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ၂ဝ၁၂ မှာလည်း ပြောင်းအကျပ်အတည်း ကြုံတွေ့ဖွယ်ရှိကြောင်း ခန့်မှန်းထားပါတယ်။ ယခုအပတ်အတွင်း ပြောင်းဈေးနှုန်းက ၂ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ ၂ဝ၁၂ မှာ ပြောင်းသိုလှောင်မှု စုစုပေါင်း ဘူရှယ် ၉၆၉၅၁ သန်းရှိနိုင်ပြီး ယခင် ခန့်မှန်းထားတာထက် ဘူရှယ် ၂ဝ၅ သန်းလျော့နည်းခဲ့ကြောင်း အမေရိကန် စိုက်ပျိုးရေးဌာန (USDA)က ပြောကြားပါတယ်။ ဒီလိုအထွက်နှုန်းကျတာက မိုးရွာသွန်းမှု များတာကြောင့်ဖြစ်ပြီး အမေရိကန်ရဲ့ အချို့စိုက်ပျိုးရေးဧရိယာ များမှာ ဆောင်းရာသီ နှောင့်နှေးနိုင်ကြောင်းသိရပါတယ်။ ၂ဝ၁၂ မှာ ပြောင်း ရောင်းလိုအား စုစုပေါင်း တန်ချိန် (၁၁၁ ဒသမ ၉) သန်းရှိနိုင်ကြောင်း (USDA)  က ခန့်မှန်းထားပါတယ်။၂ဝဝ၆-၂ဝဝ၇ ခုနှစ်ကတည်းကစတွက်ရင် ယခုနှစ်ရဲ့ အထွက်နှုန်း အနိမ့်ဆုံးဖြစ်နိုင်ကြောင်း(USDA)  က ပြောကြားခဲ့ပါတယ်။ တခြား တစ်ဖက်မှာတော့ ရေနံစိမ်း၊ ဓာတ်ဆီနဲ့ သတ္တုတွေက အများဆုံးအရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိပါတယ်။ Source; commodity online ,KZW

Sunday, 19 Jun 2011

နယ်စပ်မှ ပြောင်းတန် ၈၄ဝဝ ကျော်ယခုအပတ် အပို့ရှိ               ဇွန်လ ၈ ရက်မှ ၁၄ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၃၃၆ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ ၇၈၂၆ တန်ကို မူဆယ်နဲ့ တန် ၆ဝဝ ကို လွယ်ဂျယ်တို့မှ တင်ပို့မှု ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် မူဆယ်မှ တင်ပို့မှုလျော့နည်းခဲ့ပြီး လွယ်ဂျယ်မှ ပိုမိုတင်ပို့နိုင်ခဲ့သော်လည်း ချင်းရွှေဟော်နယ်စပ်မှ ယခုအပတ် အပို့ မရှိခဲ့ပါဘူး။ယခင်အပတ်က တင်ပို့မှုထက် တန် ၁၂၈ဝ ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။ မိမိဘက် ပြောင်းဈေးများ လျော့ကျနေသော်လည်း တစ်ဘက်နိုင်ငံ ဈေး ပြောင်းလဲမှု မရှိပါဘူး။ မိမိဘက်နဲ့တစ်ဖက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်း ယှဉ် ဖော်ပြပေးလိုက်ရပါတယ်                                                မိမိဘက်(ကျပ်/တန်)                       တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                            ယခု             ယခင်     ပြောင်းလဲမှု       %        ယခု        ယခင်   ပြောင်းလဲမှု         %ပြောင်းဖူးစေ့       ၂၂၂၉၁၂       ၂၂၃၉၂ဝ     ၁ဝဝ၈       ဝ .၅        ၂၉၃        ၂၉၃            -                -MIRT (DOBT)

Sunday, 19 Jun 2011

ယခုအပတ် ပြောင်းတင်ပို့မှု နှစ်ဆကျော်                 ဇွန်လ ၁ဝ ရက်မှ ၁၆ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ဝ ဒသမ ၄၆ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၆၅၇ တန်တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ၈၆၁ တန်သာတင်ပို့ခဲ့တာမို့ ယခု အပတ်မှာ နှစ်ဆကျော် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ နိုင်ငံအလိုက် တင်ပို့နိုင်မှုတွေကတော့ အိန္ဒိယသို့ ၇ဝ၂ တန်၊ မလေးရှားသို့ ၄၂၅ တန်၊ ဗီယက်နမ်သို့ ၃၅ တန်၊ ဖိလစ်ပိုင်သို့ ၂ဝ၇ တန်နဲ့ စင်္ကာပူ သို့ ၂၈၈ တန် အသီးသီး တင်ပို့ခဲ့တာဖြစ်ပါတယ်။ FOB ရန်ကုန်ဈေးက ၂၉ဝ ဒေါ်လာနဲ့ ၃၁ဝ ဒေါ်လာကြားဈေးပေါက်နေပါတယ်။   KZW

Sunday, 19 Jun 2011

အိန္ဒိယ၏ ဂံျုထွက်ရှိမှု စံချိန်တင်နိုင်သောကြောင့် ဂံျုတင်ပို့မှုကန့်သတ်ချက် ပြန်လည်ဖယ်ရှားပေးနိုင်ချေရှိ               ကမ္ဘာမှာ ဂံျုဒုတိယအများဆုံးစိုက်ပျိုးထုတ်လုပ်တဲ့ အိန္ဒိယရဲ့ ၄ နှစ်ဆက်တိုက်ဂံျုထွက် နှုန်း ကောင်းမွန်ကာ စံချိန်တင်မှုကြောင့် အစိုးရမှ ပို့ကုန်တားမြစ်ချက်ကို ပြေလျော့စေကာ ကမ္ဘာ့ဂုံျဈေးနှုန်းကြီးမြင့်မှုကို ရပ်တန့်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ယခုနှစ် ဇွန်လကုန်အထိ ဂံျုထုတ်လုပ်မှုက ၆ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်တာ တန်ချိန် ၈၆ သန်းကို ရောက်ရှိနိုင်ကြောင်းနဲ့ ယခင်နှစ် အလားတူကာလက တန်ချိန် ၈ဝ ဒသမ ၈ သန်းရှိကြောင်း နယူးဒေလီတယ်လီဖုန်းအင်တာဗျူးမှာ လယ်ယာစိုက်ပိုျးရေးဆိုင်ရာ အတွင်းရေးမှူး P.K Basu က ပြောကြားလိုက်ပါတယ်။ ဂံျုထွက်နှုန်းကောင်းမွန်မှုကြောင့် အိန္ဒိယအစိုးရရဲ့ လေးနှစ်ဆက်တိုက်ဂံျုတင်ပို့မှု ကန့်သတ်ချက်ပြီးဆုံးနိုင်ခြေရှိပြီး ချီကာဂို ကြိုပွိုင့်ရောင်းဝယ်ရေးမှာ ဂံျုဈေးနှုန်းတွေက ၆၅ ရာခိုင်နှုန်းမြင့်တက်နေမှုကို သက်သာစေနိုင်မှာ ဖြစ်တယ်။ ပြီးခဲ့တဲ့နှစ်မှာ ဥရောပနဲ့ တရုတ်မှာ ခြောက်သွေ့မှုနဲ့ အမေရိကန်ပြည်ထောင်စုမှာ ရေလွှမ်းမိုးမှုကြောင့် ပြောင်း၊ ဂံျုနဲ့ ပဲပုပ်သီးနံှတွေ ပျက်စီးခဲ့ကာ ဈေးနှုန်းတွေ ၇ဝ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်။ ''တကယ်လို့ အိန္ဒိယမှ ဂံျုတင်ပို့ခွင့်ပြုလိုက်ရင် ကမ္ဘာ့ဈေးကွက်မှာ ဂံျုရောင်းလိုအားတိုးတက်ကာ ဈေးနှုန်း သက်သာစေ နိုင်ကြောင်း'' လန်ဒန်ရဲ့ ကုန်စည်သုတေသီ Erin Fitz Patrick က ပြောကြားလိုက်ပါတယ်။ ကမ္ဘာ့ဂံျုထုတ်လုပ်မှုက ယခုနှစ်မှာ တန်ချိန် ၆၆၄ ဒသမ ၃ သန်းရောက်နိုင်ကြောင်း အမေရိကန် ပြည်ထောင်စုလယ်ယာစိုက်ပျိုးရေးဌာနမှ ဇွန်လ ၉ ရက်နေ့မှာ ခန့်မှန်းလိုက်ပါတယ်။ မေလက ၆၆၉ ဒသမ ၆ သန်းထွက်ရှိမယ်လို့ ခန့်မှန်းချက်မှ လျော့နည်းသွားခဲ့ခြင်းဖြစ်တယ်။ အိန္ဒိယမှာ ကောက်ပဲသီးနံှထွက်ရှိမှုက မျှော်မှန်းထားတာထက် သာလွန်တာကြောင့် ကမ္ဘာ့ဆန်နဲ့ ဂံျု ဒုတိယအများဆုံး စားသုံးတဲ့ အာရှရဲ့ တတိယစီးပွားရေးအကြီးဆုံးဖြစ်တဲ့ အိန္ဒိယရဲ့ငွေဖောင်းပွမှုကို သက်သာပြေလျော့စေမယ်လို့ ခန့်မှန်းရပါတယ်။ အိန္ဒိယက ၂ဝဝ၇ ခုနှစ် အစောပိုင်းမှာ ဂံျုတင်ပို့မှုကိုပိတ်ပင်ခဲ့ပြီး ၂ဝဝ၈ ခုနှစ် ဧပြီလမှာ ဘာစမာတီ မဟုတ်တဲ့ ဆန်အမျိုးအစား တင်ပို့မှုကို ပိတ်ပင်ခဲ့တယ်။ ဇွန်လ ၁ ရက်နေ့အထိ နိုင်ငံတော်မှ ကောက်ပဲသီးနံှ သိုလှောင်ထားမှုက တန်ချိန် ၆၅ ဒသမ ၆ သန်းထိရှိရာ လွန်ခဲ့တဲ့ ၅ နှစ်နှိုင်းယှဉ်ရာမှာ ၃ ဆနီးပါးတိုးတက်ခဲ့ ကြောင်း အိန္ဒိယစားသောက်ကုန်ကော်ပိုရေးရှင်းအရ သိရှိရပါတယ်။ ဇွန်လ ၁၄ ရက်နေ့က ချီကာဂိုကုန်သွယ်ရေးမှာ စက်တင်ဘာလသင်္ဘောတင်မဲ့ ဂံျုဈေးနှုန်းက သုည ဒသမ ၇ ရာခိုင်နှုန်း ဈေးကျသွားကာ တစ်ဘွတ်ရှယ်ကို ကန်ဒေါ်လာ ၇ ဒသမ ၇ဝ၅၇ (တစ်တန်ကို ကန်ဒေါ်လာ ၂၈၃ ဒသမ ၁၁) နဲ့ချုပ်ဆိုခဲ့ကြောင်း သတင်းရရှိပါတယ်။Source:bloomberg.com, အေးမွန်မွန်လှိုင် 

Sunday, 19 Jun 2011

ဝယ်လိုအားမြှင့်၍ တရုတ်မှ ရော်ဘာပိုမိုတင်သွင်းမည်               ကမ္ဘာ့အကြီးဆုံးကားထုတ်လုပ်ရေးဖြစ်တဲ့ တရုတ်နိုင်ငံက ကုန်ပစ္စည်းထုတ်လုပ်မှုကိုမြှင့်တင်မှာ ဖြစ်တဲ့အတွက် ရော်ဘာ ဝယ်လိုအားကို ၈ ရာခိုင်နှုန်းနီးပါး တိုးမြှင့်ဝယ်ယူနိုင်ကြောင်း သုတေသီများက ပြောကြားပါတယ်။ ကားဈေးကွက်တိုးတက် အားကောင်းလာတာကြောင့် တရုတ်ရဲ့ရော်ဘာဝယ်လိုအား တန်ချိန် (၂ ဒသမ ၈၉) သန်းအထိရောက်ရှိနိုင်ကြောင်း တရုတ် ရော်ဘာစက်မှုအသင်းက ခန့်မှန်းထားပါတယ်။ မေလမှာ တရုတ်ရဲ့ ရော်ဘာတင်ပို့မှု ၃၃ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၁၂ဝဝဝဝ ကိုရောက်ရှိကာ ယခင်နှစ်အလားတူကာလက တန်ချိန် ၉ဝဝဝဝ ရှိကြောင်းသိရပါတယ်။ မေလရဲ့ သွင်း ကုန်က ဧပြီလထက် ၃၃ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းပြီး ဧပြီမှာ သွင်းကုန်တန် ၁၈ဝဝဝဝ ရှိကြောင်း သိရပါတယ်။ ၂ဝ၁၁ ပထမ (၅) လမှာတရုတ်ရဲ့ ရော်ဘာတင်သွင်းမှု တစ်နှစ်ထက်တစ်နှစ် ၆ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး တန်ချိန် ၇၇ဝဝဝဝ တန်ရှိကြောင်းသိရပါတယ်။ လွန်ခဲ့တဲ့လက ရော်ဘာတုတင်သွင်းမှုက တစ်နှစ်ထက် တစ်နှစ် ၉ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တန်ချိန် ၁၂၂ဝ၆၃ သာတင်သွင်းခဲ့ကြောင်း သိရပါတယ်။ ယခုနှစ်ပထမ (၅)လအတွင်း ရော်ဘာတု တင်သွင်းမှု ၁၃ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး တန်ချိန် ၆၂၅၃၂၅ တင်သွင်းခဲ့တယ်လို့သိရပါတယ်။ ဒါပေမယ့် အကောက်ခွန်ဌာနရဲ့ အစီရင်ခံစာ ကတော့ အနည်းငယ်ကွဲလွဲနေပြီး ယခုနှစ်ပထမလေးလမှာ တရုတ်ရဲ့ရော်ဘာတင်သွင်းမှု ၁၄၅ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်ပြီး ဒေါ်လာ ၁ ဒသမ ၃၁ ဘီလီယံရှိပြီး ပျမ်းမျှခြင်းသွင်းကုန်ဈေးနှုန်းက နှစ်ဆရှိပြီး တစ်တန်ကို ၂၆ဝဝ ဒေါ်လာရှိကြောင်း သိရပါတယ်။ ဒီလို ရော်ဘာဈေးနှုန်းတွေ မြင့်တက်တာက အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဗီယက်နမ်မှာ ရာသီဥတု ပြောင်းလဲမှု ပြင်းထန်မှုကြောင့်ဖြစ်ကြောင်း သုတေသီများက ပြောကြားပါတယ်။ တရုတ်ရဲ့ သဘာဝ ရော်ဘာထုတ်လုပ်မှုက အဓိကစိုက်ပိုျးတဲ့ဒေသတွေမှာ မိုးခေါင်မှုကြောင့် အထွက်နှုန်းကျနိုင်ကြောင်း တရုတ်ရော်ဘာအသင်းက ပြောကြားပါတယ်။ ယူနန် ပြည်နယ်ကမိုးခေါင်မှုဖြစ်နေပြီး ထုတ်လုပ်မှုစုစုပေါင်းရဲ့ ၄ဝ ရာခိုင်နှုန်းကိုသာ ထုတ်လုပ်နိုင်ကြောင်း သိရပါတယ်။                   ယူနန်က ဟိုင်နန်ပြီးရင် ဒုတိယအများဆုံး ရော်ဘာထုတ်လုပ်မှုအများဆုံးပြည်နယ်ဖြစ်ကြောင်းသိရ ပါတယ်။ တရုတ်က ကမ္ဘာ့အကြီးဆုံးကားဈေးကွက်ဖြစ်တဲ့ အမေရိကန်ထက် ရောင်းအား ၄ဝ ရာခိုင်နှုန်းခန့် မြင့်အောင်ကြိုးစားနေကြောင်း သိရပါတယ်။ ၂ဝ၁ဝ ထက်တာယာသုံးစွဲမှု စုစုပေါင်းက ၄ဝ၄ သန်းကျော်မြင့်တက် နိုင်ပြီး ယခင်နှစ်က သန်း ၃၈ဝ ရှိကြောင်း တရုတ်ရော်ဘာ စက်မှုအသင်းကပြောခဲ့တယ်လို့ သတင်းရရှိပါတယ်။ Source; commodity online KZW 

Sunday, 19 Jun 2011

ပင်လယ်ရေကြောင်းမှ ယခုအပတ်လည်း ရော်ဘာတင်ပို့မှုမရှိ              ဇွန်လ ၁ဝ ရက်မှ ၁၆ ရက်ထိ ကာလမှာလည်း ပင်လယ်ရေကြောင်းမှ ရော်ဘာတင်ပို့နိုင်ခြင်း မရှိခဲ့ပါဘူး။ မေလ ၂ ရက်မှ ဇွန် ၂ ရက်ထိကာလမှာ တန် ၂၆ဝ တင်ပို့မှုရှိခဲ့ပြီး ဇွန်လ ၃ ရက်နောက်ပိုင်းကစပြီး ပင်လယ်ရေကြောင်းမှ တင်ပို့နိုင်ခြင်း မရှိဘဲ ဖြစ်နေပါတယ်။ FOB ရန်ကုန်ဈေးကတော့ RSS-3  တစ်တန်ကို ဒေါ်လာ ၄၆ဝဝ-၄၇ဝဝ ၊RSS-5  တစ်တန်ကို ၄၅ဝဝ-၄၆ဝဝ ဒေါ်လာ အသီးသီးဖြစ်ပါတယ်။ KZW 

Sunday, 19 Jun 2011

ရော်ဘာအဆင့်စုံနဲ့ ရော်ဘာသစ်ခွဲသား နယ်စပ်မှအပို့ရှိ                ဇွန်လ ၈ ရက်မှ ၁၄ ရက်ထိကာလ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ရော်ဘာ အဆင့်စုံ တင်ပို့မှုရှိပြီး မြိတ်နယ်စပ်မှ ရော်ဘာသစ်ခွဲသားတင်ပို့မှုရှိခဲ့ပါတယ်။ နယ်စပ်စခန်းများမှ စုစုပေါင်း ရော်ဘာတင်ပို့မှုများကတော့ MSR-20 ၂၈၃ တန်၊ MSR-50  ၇၉ တန်၊RSS-3 ၄၂၂ တန်ခန့်နဲ့ ၊RSS-5  တန် ၃ဝ၊ စုစုပေါင်း ၈၁၃ တန်ကျော်နဲ့ ရော်ဘာသစ်ခွဲသား ၁၃၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၈၃၄ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။မိမိဘက်နဲ့ တစ်ဘက် နိုင်ငံရော်ဘာဈေးနှုန်းများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ရပါတယ်                                                မိမိဘက်(ကျပ်/တန်)                    တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                   ယခု               ယခင်         ပြောင်းလဲမှု      %       ယခု        ယခင်   ပြောင်းလဲမှု      %RSS-3     ၃၆၃၅၇၃၅     ၃၇၆၁၈၄၅      ၁၂၆၁၁ဝ     ၃ .၅      ၄၆၂၇     ၄၆၃ဝ          ၃             ဝ .ဝ၆RSS-5     ၃၅၁၆ဝ၇၅      ၃၆၇၆၉၂ဝ     ၁၆ဝ၈၄၅     ၄ .၆      ၄၅၅၁     ၄၄၇၅         ၂၅            ဝ .၅MIRT (DOBT)

Sunday, 19 Jun 2011

အရည်အသွေးပေါ် မူတည်ပြီး အရောင်းအဝယ်ဖြစ်တဲ့ ဘိုကိတ်              ယခုတစ်ပတ် ပြည်ဘိုကိတ်ပဲဈေးနှုန်းမှာ ပဲအရည်အသွေးပေါ်မူတည်ပြီး အရောင်းအဝယ်ဖြစ်ပါတယ်။ လက်ရွေး သန့်စင်ပြီး အရည်အသွေးကောင်း ဘိုကိတ်ပဲဈေးမှာ တစ်တင်းကို ၁၂၅ဝဝ ကျပ်၊ အရည်အသွေး အသင့်အတင့်ရှိတဲ့ ဘိုကိတ်ပဲဈေးမှာ ၁ဝဝဝဝ ကျပ် -၁၁ဝဝဝ ကျပ်အတွင်းရှိကြောင်း သိရပါတယ်။ ပြည်ဈေးကွက်သို့ ဘိုကိတ်အဝင်နည်း လာပေမဲ့ လက်လီသမားများနဲ့ တစ်နေ့ကို ၁ဝ အိတ်မှ ၁၅ အိတ်အတွင်း အရောင်းအဝယ်ဖြစ်ပြီး ရန်ကုန်ဝယ်လက်ရှိတဲ့ ရက်များ တစ်နေ့ အိတ် ၂ဝဝ ထိ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ဆုမွန်ဆွေ

Sunday, 19 Jun 2011

အိန္ဒိယတွင် ကုလားပဲဖြူလုံးကြီး ဈေးဆက်လက်မြင့်မားမည်ခန့်မှန်းကြ                        အိန္ဒိယမှာ ကုလားပဲဖြူလုံးကြီးကို ပဲခွဲစက်တွေမှ ဝယ်လို အားကောင်းနေခြင်း၊ ကြိုပွိုင့်ဈေးနှုန်းတွေ မြင့်မား ခြင်းတို့ကြောင့် လက်ငင်းဈေးနှုန်းများလည်း တစ်ကွမ်တယ်လ်ကို ၁ဝ ရူပီးမြင့်မားလာကြောင်း သိရပါတယ်။ လက်ရှိ ဈေးကွက် ပေါက်ဈေးနှုန်းမှာ တစ်ကွမ်တယ်လ်ကို ၂၅ဝဝ-၂၅၁ဝ ရူပီး(တစ်တန်ကို ကန်ဒေါ်လာ ၅၅၆-၅၅၈ ဝန်းကျင်) ဖြစ် ကြောင်း သိရပါတယ်။                        ဝယ်လိုအားမြင့်မားနေတာကြောင့် ဆက်လက်ဈေးမြင့် ကာ တစ်ကွမ်တယ်လ်ကို ၂၇ဝဝ-၂၈ဝဝ ရူပီး(တစ် တန်ကို ကန်ဒေါ်လာ ၆ဝဝ-၆၂၂ ဝန်းကျင်) ထိရောက်ရှိနိုင်ကြောင်း ခန့်မှန်းကြပါတယ်။ ပပ၊Source:thehindubusiness.com 

Pages