Main menu

Background

Sunday, 19 Jun 2011

ရန်ကုန် FOB ဈေးကွက် ကုလားပဲအရောင်းအဝယ်အသင့်အတင့်ဖြစ်                ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB  ဈေးကွက်အတွင်း ကုလားပဲဖြူလုံးကြီးကို ပြည်ပအဝယ် အသင့်အတင့်ရှိတယ်လို့ သိရပါတယ်။ ဇွန်လ ၁ဝ ရက်မှ ၁၇ ရက်အထိ FOB အရောင်းအဝယ် ဖြစ်မှုအနေနဲ့ တန်ချိန် ၁၅ဝဝ ခန့်ရှိတယ်လို့ သိရပါတယ်။ ပြည်ပအဝယ် ပုံမှန်ရှိနေပေမဲ့ ပို့ကုန်ဝင်ငွေ တစ်ယူနစ် တန်ဖိုး အပြောင်းအလဲကြောင့် ရန်ကုန် FOB  ကုလားပဲဖြူလုံးဈေး (FAQ) ဈေးဟာ ယခင်သီတင်းပတ်က ကန်ဒေါ်လာ ၈၃ဝ-၈၅ဝ ရှိရာမှ ဇွန်လ ၁၇ ရက်နေ့မှာ ကန်ဒေါ်လာ ၈၂ဝ-၈၄ဝ ကို လျော့ကျတယ်လို့ သိရပါတယ်။  MIRT- MAPT 

Sunday, 19 Jun 2011

ကုလားပဲဖြူလုံးကြီး သင်္ဘောတင်ပို့မှု တန် ၂၃ဝဝ ကျော်လာ               ယခင်သီတင်းပတ်က ကုလားပဲဖြူလုံးကြီး သင်္ဘောတင်ပို့မှု တန် ၁၄ဝဝ ခန့်ကို လျော့ကျခဲ့ရာမှ ယခုသီတင်းပတ် (ဇွန်လ ၉-၁၄ရက်) အတွင်းမှာတော့ တန် ၂၃ဝဝ ကျော်ကို ပြန်တိုးတက်လာတာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ အိန္ဒိယ၊ ပါကစ္စတန်နဲ့ စင်ကာပူတို့ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇွန်လ ၁ဝ ရက်နေ့အထိ ကုလားပဲဖြူလုံးကြီး သင်္ဘောတင်ပို့မှု တန်ချိန် ၂၄ဝဝဝ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန် ၅ဝဝ ခန့်သာ တင်ပို့နိုင်တာတွေ့ရပါတယ်။ လာမယ့်သီတင်းပတ် များမှာလည်း တင်ပို့မှု ဆက်လက်အားကောင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT 

Sunday, 19 Jun 2011

အရောင်းအဝယ်အသွက်ဆုံး စစ်ကိုင်းမိုးကြိုပဲတီစိမ်း                 ရွှေဘိုခရိုင်၊ မုံရွာခရိုင်၊ စစ်ကိုင်းခရိုင်ရှိ မြို့နယ်များမှ မိုးကြို ပဲတီစိမ်းများ မုံရွာကုန်စည်ဒိုင်သို့ လှိုင်လှိုင်ဝင်ရောက် လျက်ရှိပါတယ်။ တရုတ်ဝယ်လက်အဆွဲရှိလို့ မုံရွာကုန်စည်ဒိုင် မှာ အရောင်းအဝယ်အသွက်ဆုံးသီးနံှမှာ ပဲတီစိမ်းကြီးသီးနံှ ဖြစ်ပြီး တစ်ရက်ကို ပဲတီစိမ်းကြီးအိတ် ၁ဝဝဝ ကျော် အရောင်း အဝယ် ဖြစ်တယ်လို့ သိရပါတယ်။ ယခုလအတွင်း ပဲတီစိမ်းကြီး တစ်ပိဿာအနိမ့်အမြင့် ပေါက်ဈေး ၁၃၁၆ ကျပ်-၁၅၂၆ ကျပ် ဈေးအသီးသီးနဲ့ ရောင်းဝယ်ကြပြီး စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းမှ မန္တလေးသို့ ဇွန်လ ၁၅ ရက်အတွင်း ပဲတီစိမ်းကြီး တင်း ၁၅ဝဝ ကျော်စီးထွက်ခဲ့ကြောင်း သိရပါတယ်။   သန်းသန်းတင် 

Sunday, 19 Jun 2011

အိန္ဒိယပဲတီစိမ်း တည်ငြိမ်နေ             အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်မှာ ပဲတီစိမ်းဈေးက တည်ငြိမ်နေတာတွေ့ရပါတယ်။ နိုင်ငံအတွင်း ယခုရာသီပဲအထွက် ကောင်းမယ့်အလားအလာရှိနေပြီး လက်ကျန်အလုံအလောက်ရှိနေပေမဲ့ ဝယ်လိုအား တိုးတက်ခြင်းက ဈေးနှုန်းကို အထောက် အပံ့ဖြစ်စေပါတယ်။ နိုင်ငံတောင်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင်း ရောင်းချမှုကို ထိခိုက်စေပါတယ်။ တရုတ်နိုင်ငံမှာမိုးခေါင်ပြီးရေလွှမ်းမိုးခြင်းကြောင့် နိုင်ငံတကာဈေးကို အထောက်အပံ့ဖြစ်စေခဲ့ပါတယ်။ တစ်ပတ်အတွင်း ဖြစ်ပေါ် တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်  ဒေါ်လာ/ တန်                                  ၁၆-၆-၁၁        ၁၅-၆-၁၁        ၁၄-၆-၁၁             ၁၃-၆-၁၁မွန်ဘိုင်း (ကင်ညာ)        ၉၅၈-၉၆၉       ၉၆၂-၉၇၄           ၉၆ဝ                   ၉၆၉ဒေလီ                         ၇၅၇-၈ဝ၂        ၇၃၉-၇၈၃         ၇၃၇-၇၈၂           ၇၃၅-၇၅၈အာကိုလာ                   ၈၂၄-၉၁၃        ၈၂၈-၉၁၈         ၈၂၆-၉၁၆           ၈၂၅-၉၁၄MIRT(MAPT)

Sunday, 19 Jun 2011

ယခုအပတ် ပဲတီစိမ်း တန် ၆၇ဝဝ ကျော်နယ်စပ်မှပို                  ဇွန်လ ၈ ရက်မှ ၁၄ ရက်ထိ ကာလအတွင်း မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၇ သန်းကျော်တန်ဖိုးရှိ ပဲတီစိမ်း ၆၇၅ဝ တန် ကျော် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန်ချိန် ၆၂ဝ ကျော် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ တစ်ဘက်နိုင်ငံဈေး ပြောင်းလဲမှု မရှိသော်လည်း မိမိဘက်မြေပြင်ဈေးမှာ ကျပ် တစ်သိန်းကျော် လျော့ကျလျက်ရှိတယ်လို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်-                              မိမိဘက်(ကျပ်/တန်)                                တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                   ယခု             ယခင်       ပြောင်းလဲမှု    %       ယခု       ယခင်   ပြောင်းလဲမှု         %ပဲတီစိမ်း     ၈၇၈၄၇၃     ၉၉၂၁၉၇      ၁၁၃၇၂၄     ၁၃     ၁၂၇၂     ၁၂၇၃          ၁             ဝ .ဝ၈MIRT (DOBT)

Sunday, 19 Jun 2011

   ပဲတီစိမ်း ကို အိန္ဒိယဝယ်လက် အဝယ်လျော့              ရန်ကုန်တိုင်းဒေသကြီး(ဘုရင့်နောင်) ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲတီစိမ်းကို အိန္ဒိယဝယ်လက် အဝယ်လျော့လို့ အရောင်း အဝယ်ဖြစ်မှုနည်းတယ်လို့ သိရပါတယ်။ FOB  ဈေးကွက်မှာ ဇွန်လ ၁၁ ရက်မှ ၁၇ ရက်အထိ အရောင်းအဝယ်ဖြစ်မှု အနေနဲ့ တန်ချိန် ၂၇ဝဝ ခန့်သာရှိလို့ ယခင်သီတင်းပတ် အရောင်းအဝယ်ဖြစ်ခဲ့တဲ့ တန်ချိန် ၄ဝဝဝ ကျော်ထက် လျော့ကျတာ တွေ့ရပါတယ်။      တရုတ်ဈေးကွက်မှာလည်း အစိုးရက ပဲတီစိမ်းတင်ပို့မှု ပိတ်ပင်ထားတဲ့အတွက် လက်ကျန်သိုလှောင်မှု များနေတာကြောင့် မြန်မာ ပဲတီစိမ်းများ တရုတ်က ခပ်လေးလေးသာ ဝယ်ယူမှုရှိပြီး အိန္ဒိယဝယ်လက်တွေကလည်း မြန်မာ ပဲတီစိမ်းပေါက်ဈေးကို သိပ်မလိုက်နိုင်တဲ့အတွက် အဝယ်ပါးသွားတယ်လို့ ကုန်သည်ကြီးတစ်ဦးက ဆိုပါတယ်။ ရန်ကုန် FOB ဈေး လျော့ကျလာတာကို ယခင်သီတင်းပတ်ဈေးနဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                      ဒေါ်လာ/တန်                  ပဲတီစိမ်း (အညာ)          ပဲတီရွှေဝါ(အသေး)                     ပဲတီရွှေဝါအကြီး၁၇-၆-၁၁       ၁ဝ၂ဝ-၁ဝ၄ဝ              ၁၁၈ဝ-၁၂ဝဝ                           ၁၂၈ဝ-၁၃ဝဝ၁၃-၆-၁၁        ၁ဝ၅ဝ-၁ဝ၇ဝ             ၁၂ဝဝ-၁၂၂ဝ                           ၁၃ဝဝ-၁၃၂ဝMIRT (DOBT)

Sunday, 19 Jun 2011

ပဲတီစိမ်းသင်္ဘောတင်ပို့မှု တန် ၂၆ဝဝ ကျော်သာရှိ                ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုကတော့ ယခင်သီတင်းပတ်မှာ တန် ၃ဝဝဝ အောက်လျော့သလို ယခုသီတင်းပတ် (ဇွန်လ ၉-၁၄ ရက်) အတွင်းမှာလည်း တန်ချိန် ၂၆ဝဝ ကျော်သာရှိလို့ တင်ပို့မှုကျဆင်းနေတာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ တရုတ်၊ ဂျပန်၊ ဖိလစ်ပိုင်၊ စင်ကာပူနဲ့ ထိုင်းတို့ဖြစ်ပြီး အိန္ဒိယကို ယခုတစ်ပတ်တင်ပို့မှုမရှိတာတွေ့ရပါတယ်။ ၂ဝ၁၁-၁၂ လက်ရှိဘဏ္ဍာနှစ် ဇွန်လ ၁ဝ ရက်နေ့အထိ ပဲတီစိမ်းတင်ပို့မှုဟာ တန်ချိန် ၇ သောင်းကျော်ရှိပြီး ယခင် ဘဏ္ဍာနှစ် ကာလတူက တန်ချိန် ၅ဝဝဝဝ ကျော်ထက် ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ လာမယ့်သီတင်းပတ် တွေမှာလည်း ပဲတီစိမ်း တင်ပို့မှု အားပျော့ဖွယ်ရှိတယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။   MIRT- MAPT

Sunday, 19 Jun 2011

ယခုအပတ် မူဆယ်မှ ပဲလွန်းဖြူ အပို့ရှိ                   ဇွန်လ ၈ ရက်မှ ၁၄ ရက်အထိ ကာလအတွင်း မူဆယ်မှ ကန်ဒေါ်လာ ဝ ဒသမ ၁၆၃ သန်းတန်ဖိုးရှိ ပဲလွန်းဖြူ တန် ၁၉ဝ ကျော်တင်ပို့မှု ရှိခဲ့ပါတယ်။ ယခင်အပတ်က ပဲလွန်း ဖြူတင်ပို့မှု မရှိခဲ့သော်လည်း ယခု အပတ်မှာ တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ မိမိဘက်မြေပြင်ဈေး အနည်းငယ် မြင့်တက်သော်လည်း တစ်ဘက်နိုင်ငံ ဈေး ပြောင်းလဲမှုမရှိဘူးလို့သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင် ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရ ပါတယ်  ဒေါ်လာ/တန်                              မိမိဘက် (ကျပ်/ တန်)                    တစ်ဘက်နိုင်ငံ (ဒေါ်လာ/တန်)ပဲလွန်းဖြူ      ယခု        ယခင်     ပြောင်းလဲမှု     %            ယခု    ယခင်    ပြောင်းလဲမှု      %                ၄၉၁၉၇၆ ၄၉ဝ၆၃၉       ၁၃၃၇        ဝ .၃        ၈၉၅       ၈၉၅           -              - 

Sunday, 19 Jun 2011

 ပဲလွန်းဖြူနီ တင်ပို့မှု ယခင် သီတင်းပတ်ထက်အနည်းငယ်လျော့                ပင်လယ်ရေကြောင်းက ပဲလွန်းဖြူနီတင်ပို့မှုဟာ ယခင်သီတင်းပတ်က တန်ချိန် ၈ဝဝ ကျော်ရှိခဲ့ရာက ယခု သီတင်းပတ် (ဇွန်လ ၉-၁၄ ရက်) အတွင်းမှာတော့ ပဲလွန်းဖြူ ၄၆၅ တန်နဲ့ ပဲလွန်းနီ တန် ၂၅ ခန့်သာ ရှိတာတွေ့ရ ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ အီဂျစ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ရုရှား၊ ဆော်ဒီအာရေးဗီးယားနဲ့ စင်ကာပူတို့ ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇွန်လ ၁ဝ ရက်နေ့အထိ ပြည်ပကို တင်ပို့ပြီး စီးမှုဟာ ပဲလွန်းဖြူ တန်ချိန် ၉၅ဝဝ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူက တန်ချိန် ၇၄ဝဝ ခန့် တင်ပို့မှုရှိခဲ့လို့ ယခုနှစ်မှာ ပိုမိုတင်ပို့နိုင်တာ တွေ့ရပါ တယ်။ လာမယ့်သီတင်းပတ်တွေမှာ လည်း ပုံမှန်တင်ပို့ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT

Sunday, 19 Jun 2011

ပဲလွန်းဖြူကို ပြည်ပအဝယ်ပုံမှန်ရှိ                 ယခင်သီတင်းပတ်က ရန်ကုန် FOB  ဈေးကွက်မှာ ပဲလွန်းဖြူ တန် ၄ဝဝ ကျော် ပြည်ပအရောင်းအဝယ် စာချုပ် ချုပ်ခဲ့သလို ယခုသီတင်းပတ် (ဇွန်လ ၁ဝ-၁၇ ရက်) အတွင်းမှာလည်း တန်ချိန် ၅ဝဝ နီးပါးနဲ့ ပုံမှန်အဝယ်ရှိနေ ပါတယ်။ ပြည်ပအဝယ်ပုံမှန်ရှိနေတဲ့ ပဲလွန်းဖြူ ရန်ကုန် FOB ဈေးဟာ ယခင်သီတင်းဈေးအတိုင်း ဇွန်လ ၁၇ ရက်မှာလည်း FAQ တစ်တန် ကန်ဒေါ် လာ ၈၆ဝ-၈၈ဝ နဲ့ SQ တစ်တန်ကန် ဒေါ်လာ ၉၈ဝ-၁ဝဝဝ နဲ့ ငြိမ်နေတယ် လို့ သိရပါတယ်။ MIRT- MAPT

Pages