Main menu

Background

Tuesday, 31 May 2011

အိန္ဒိယမြောက်ပိုင်းမှာ နနွင်းအမြောက်အမြား ထုတ်လုပ်ဖို့ ဆောင်ရွက်              အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ ဟင်းခတ်အမွှေးအကြိုင်ကို အမြောက်အမြား စိုက်ပျိုးလျက်ရှိရာ နနွင်းစိုက်ပျိုးမှုအနေနဲ့ တတိယအများဆုံးဖြစ်တယ်လို့ သိရပါတယ်။ ထုတ်လုပ်မှုအနေနဲ့ နိုင်ငံအတွင်းမှာ တစ်ဟက်တာကို နနွင်း ၃ ဒသမ ၉ တန်နှုန်း ထွက်ရှိပေမဲ့ အဲဒီဒေသမှာတော့ ၁ ဒသမ ၅ တန်နှုန်းသာထွက်ရှိတယ်လို့ သိရပါတယ်။ အဲဒါကြောင့် အရှေ့မြောက်ပိုင်း တောင်ကုန်းဒေသများအတွက် အထွက်နှုန်းကောင်းတဲ့ Lackadong နဲ့ Megha မျိုးများစိုက်ပျိုးဖို့ I C A Rသုတေသနဌာနမှ ဒါရိုက်တာ S V Ngachan  ကသတ်မှတ်ရှာဖွေခဲ့တယ်လို့ သိရပါတယ်။                 လက်ရှိအချိန်ထိ နိုင်ငံတော်စိုက်ပျိုးရေးဆိုင်ရာ တီထွင်ထုတ်လုပ်မှု စီမံကိန်း (NAIP ) က အဲဒီနနွင်းမိုျးတွေကို ဟက်တာ ၃၃ဝဝဝ မှာ စိုက်ပိုျးထားတယ်လို့ ဆိုပါတယ်။ နနွင်းစိုက်ပျိုးသူတွေအတွက် အဲဒီဒေသမှာ အကြီးဆုံးစိန်ခေါ်မှုကတော့ ထုတ်လုပ်မှုထက် ပိုကြီးမြင့်တဲ့ ဈေးနှုန်းမရှိခြင်းဘဲလို့ ဆိုပါတယ်။ ဒါ့အပြင် ဒေသတွင်းလယ်ယာထုတ်လုပ်မှုအားလုံးနီးပါးမှာ ကိုင်တွယ်ထိန်းသိမ်းမှု၊ ပြုပြင်ထုတ်လုပ်မှု၊ တန်ဖိုးမြှင့်ထုတ်လုပ်မှု၊ ထုပ်ပိုးမှုနဲ့ ဈေးကွက်ရရှိမှုစတဲ့ အခြေခံအထောက် အကူမရှိတာကြောင့် ရိတ်သိမ်းချိန်လွန် ဆုံးရှုံးမှုမြင့်မားတယ်လို့ သိရပါတယ်။               တောင်သူတွေကို အကူအညီပေးဖို့အတွက် ယင်းဒေသခရိုင် ၇ ခုမှာ တစ်ဝက်ပြုပြင်ထုတ်လုပ်တဲ့ စက်ရုံအချို့ကိုICAR နဲ့  NAIP တို့မှ ထူထောင်ထားတယ်လို့ Dr Ngachan  က ဆက်လက်ပြောကြားပါတယ်။ အစောပိုင်းက တောင်သူများဟာ ၎င်းတို့ရဲ့ ထုတ်ကုန်တွေကို ပြုပြင်ထုတ်လုပ်စက်ရုံတွေကို သယ်ယူရာမှာ သယ်ယူစရိတ် မြင့်မားတာကြောင့် ဆုံးရှုံးမှုကြီးမားခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိတောင်သူများဟာ ကွင်းထဲမှာပဲ နနွင်းအခြောက်ခံပြီး စက်ရုံတွေကို ပို့တယ်လို့ ဆိုပါတယ်။ ထုပ်ပိုးပြီးတဲ့ နောက်မှာတောင်သူများဟာ တိုက်ရိုက်သော်လည်းကောင်း ICAR တောင်သူများအသင်းမှ တစ်ဆင့် ICAR တံဆိပ်နဲ့ ဈေးကွက်တွေမှာ ရောင်းချသွားမယ်လို့ ဆိုပါတယ်။                ကီရာလာ၊အင်ဒရာပရာဒေ့ရှ်က နနွင်းနဲ့ယှဉ်ရင် အိန္ဒိယအရှေ့မြောက်ပိုင်းဒေသက နနွင်းများဟာ ကယ်လ်စီယံနဲ့ Oleoresin  ပါဝင်မှုများတယ်လို့ ဆိုပါတယ်။ ဒေသတွင်းနေရာအနံှ့အပြားမှာ ပြုပြင်ထုတ်လုပ်တဲ့ စက်များတပ်ဆင်ခြင်းဖြင့် လုပ်ငန်းရှင်များနဲ့ စက်ရုံများကို အကူအညီဖြစ်စေသလို တောင်သူများအတွက်လည်း ဈေးအမြင့်နဲ့ ရရှိအောင် ဆောင်ရွက်သွားမယ်လို့ Dr Ngachan  က ဆက်လက်ပြောကြားပါတယ်။ ယမင်းခင်၊Source: hindubusinessline

Tuesday, 31 May 2011

ပင်လောင်းနနွင်းတွေများတဲ့ ရှမ်းနနွင်းဈေးကွက်                ဒီနှစ်နနွင်းဈေးကွက်မှာပင်လောင်းနနွင်းတွေများနေပါတယ်။ ဝယ်လက်ကလည်းနည်းနေတာကြောင့် ပုံနေတယ်လို့ သိရပါတယ်။ ဆင်တောင်နနွင်းကတော့ ဝယ်လက်ရှိပေမဲ့ပစ္စည်းကနည်းနေပြီလို့သိရပါတယ်။ ယခု လောလောဆယ်မှာတော့ တောင်ပိုလနယ်ကထွက်တဲ့နနွင်းကိုလည်း အကြိုက်တွေ့နေတယ်လို့ သိရပါတယ်။တောင်ပိုလတစ်ရွာတည်းကထွက်တဲ့ နနွင်းက ဆင်တောင်နနွင်းလောက်မကောင်းပေမဲ့ အတော်သန့် တာကြောင့် ဝယ်လက်တွေကြိုက်ကြပါတယ်။ ဒါပေမဲ့ အဲဒီ နနွင်းကလည်း တစ်ရွာတည်းကထွက်တာကြောင့် အထွက်နှုန်း ကလည်း မများဘူးလို့သိရပါတယ်။ အထွက်များတဲ့ ပင်လောင်း နနွင်းကတော့ အရည်အသွေးညံ့တာကြောင့် ဝယ်လက်အကြိုက်မတွေ့ပါဘူး။ နနွင်းဈေးကတော့ ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ ပင်လောင်းနနွင်းက တစ်ပိဿာ ၃၅ဝဝ ကျပ်၊ ၄ဝဝဝ ကျပ်၊ တောင်ပို့လနနွင်းက တစ်ပိဿာ ၂၅ဝဝ ကျပ်နှင့်ပင်လောင်းနနွင်းက တစ်ပိဿာ ၇ဝဝ ကျပ်၊ ၁၂ဝဝ ကျပ် ဈေးရှိတယ်လို့နနွင်းပွဲရုံကသိရှိရပါတယ်။    ဧဧခိုင်

Tuesday, 31 May 2011

ယခုအပတ် မူဆယ်မှ နနွင်းတက် တင်ပို့မှု ပိုမိုလာ               မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ မေလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ဝ ဒသမ ၁၁၁ သန်း တန်ဖိုးရှိ နနွင်းတက် ၅၆ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၁၆ တန် သာ တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ တန် ၄ဝ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဧပြီလမှ မေလ ၂၄ ရက်ထိ ကာလအတွင်း နယ်စပ်မှ နနွင်းတက် တင်ပို့နိုင်မှုမှာ တန် ၁ဝ၅၆ တန်ကျော်ရှိပြီဖြစ်ပါတယ်။                   MIRT (DOBT)

Tuesday, 31 May 2011

မလေးရှားကို နနွင်း ၁၂ တန်ပို့              မေ ၁၅ ရက်မှ ၂၁ ရက်တာကာလအတွင်း နနွင်း ၁၂ တန်ကို ပင်လယ်ရေ ကြောင်းကုန်သွယ်မှုလမ်းကနေ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံက မလေးရှားနိုင်ငံဖြစ်ပါတယ်။ ယခင်သီတင်းပတ် ၇၄ တန်ကျော်တင်ပို့ခဲ့တဲ့ နနွင်းက ဒီတစ်ပတ်မှာ အပို့လျော့ခဲ့ပါတယ်။ ယခင်သီတင်းပတ်စင်ကာပူကို အဓိကတင်ပို့ခဲ့တဲ့နနွင်းက ဒီတစ်ပတ်မှာ မလေးရှားဘက်ကို ပို့ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၁၉ဝဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့တဲ့အတွက် စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ နှစ်သောင်းသုံးထောင်ကျော်ရရှိခဲ့ပါတယ်။ MIRT (DOT)

Tuesday, 31 May 2011

ပင်ယံဖျားက ရွှေမန်ကျည်း              ပဲမျိုးစုံဈေးကွက်မှာ ပဲတီစိမ်းကလွဲလို့ အခြားပဲတွေ ဈေးကျဈေးအေးနေချိန်မှာ ပဲ ပင်ယံဖျားမှာ သီးမှည့်တဲ့ မန်ကျည်းက ခေါင်ကိုမော့ ရင်ကိုကော့နေတာတွေ့ရပါတယ်။ ယခင်နှစ်ကာလတူတွေကို ပြန်ကြည့်ရင် ၂ဝဝ၈ မေလ ယခုလိုရက်မျိုးမှာ မန်ကျည်းတစ်ပိဿာ ၁၅ဝ ကျပ်-၁၆၅ ကျပ်၊ ၂ဝဝ၉ မေလမှာ ၁၈ဝ ကျပ်-၂ဝဝ ကျပ်၊ ၂ဝ၁ဝ မေလမှာ ၆ဝဝ ကျပ်-၆၅ဝ ကျပ်ရှိပြီး ယခုနှစ်မှာတော့ ၁၃ဝဝ ကျပ်-၁၃၃ဝ ကျပ်ထိ ၂ဝဝ၈ ဈေးရဲ့ ၁ဝ ဆနီးပါးဖြစ်ခဲ့ပါတယ်။ ယခုကာလမှာတော့ ပခုက္ကူကို မြိုင်နယ်ဘက်က မန်ကျည်းအဝင်နည်းသွားပြီး ပေါက်နယ်နဲ့ ဂန့်ဂေါနယ် ကပဲ အဝင်ရှိပါတော့တယ်။                                              မောင်မောင်အေး

Tuesday, 31 May 2011

အင်ဒိုနီးရှားကို အများဆုံးတင်ပို့              ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကနေ မေလ ၁၅ ရက်မှ ၂၁ ရက်တာ ကာလအတွင်း မန်ကျည်း ၂၄၂ တန်ကိုတင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက် နိုင်ငံတွေက အင်ဒိုနီးရှားကို တန်ချိန် ၁၅ဝ၊ မလေးရှားနိုင်ငံကို ၂၄ တန်နဲ့ စင်ကာပူ နိုင်ငံကို ၆၈ တန်ဖြစ်ပါတယ်။ ဒီတစ်ပတ်တင်ပို့သမျှတွေထဲမှာ အင်ဒိုနီးရှားနိုင်ငံကို အများဆုံးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ် ၁၂၃ တန်သာတင်ပို့နိုင်ခဲ့ပေမဲ့ ဒီသီတင်းပတ်မှာတော့ တန်ချိန် တစ်ရာကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေးကန်ဒေါ်လာ ၆၅ဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့တဲ့အတွက် စုစုပေါင်းပို့ကုန် ဝင်ငွေကန်ဒေါ်လာ တစ်သိန်းငါးသောင်းကျော်ရရှိခဲ့ပါတယ်။                MIRT (DOT)

Tuesday, 31 May 2011

လှိုင်လှိုင်ပေါ်၍ ဈေးကျလာတဲ့ ပြည်ချင်းဈေးကွက်                  အောင်ပန်းဘက်မှ မှာယူတင်သွင်း ရောင်းဝယ်လျက်ရှိသော ချင်းများ ပြည်ဈေးကွက်တွင် ယခုတစ်ပတ်၌ တစ်ပိဿာကို ချင်း(ရှယ်) ၁၆ဝဝ ကျပ်၊ (ဂျွန်) ၁၅ဝဝ ကျပ်တို့ရှိပြီး ယခင်တစ်ပတ်ကထက် ချင်းတစ်ပိဿာကို ၂ဝဝ ကျပ်ခန့် ဈေးကျသွား ခဲ့ပါတယ်။ ချင်းများစိုက်ပိုျးထွက်ရှိရာ အောင်ပန်းတွင် ချင်းများလှိုင်လှိုင်ထွက်ပေါ်နေခြင်းကြောင့် ဈေးကျခြင်းဖြစ်ပြီး ပြည်ဈေးကွက်အတွင်း အဝင်ပုံမှန် အရောင်း အဝယ်ပုံမှန်ဖြင့် ယခုတစ်ပတ်အတွင်း တစ်နေ့ကို ဧရာဝတီနဲ့ ရခိုင်ဘက်သို့ အပါအဝင် ပိဿာချိန် ၆ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။    ဝင်းလဲ့ဝါ

Tuesday, 31 May 2011

ဈေးကောင်းရမှတူးဖော်မယ့် ရှမ်းချင်း                 အောင်ပန်းဈေးကွက်မှာလည်း ချင်းအစို အဝင်နည်းလာပါပြီ။ အထွက်များတဲ့ ကျောက်တစ်လုံး၊ ထနောင်း စတဲ့ရွာတွေကသာ အဝင်ရှိတော့တယ်လို့သိရပါတယ်။ ဇွန်လဆန်းမှာချင်း (ဥမ)တွေပြန်ဖေါ်ကြတော့မှာ ဖြစ်ပါတယ်။ မိုးဆက်တိုက်ရွာပြီ ဖြစ်တာကြောင့် မနှစ်ကစိုက်ခဲ့တဲ့ချင်းဟောင်းပင်တွေက ဥမပင်တွေကိုပြန်ဖေါ်ကြမှာဖြစ်ပါတယ်။ ပြည်တွင်းဈေးကွက်မှာချင်းဈေးမြင့်တက်လာခြင်း ဈေးကွက်မှာ တောင်သူတွေကြိုက်ဈေးရရှိပါက ချင်းကိုနှစ်ကြိမ်တိုင ်တူးဖော်ရောင်းချကြပါတယ်။ ဒီတစ်နှစ်ချင်းဥမဈေးကတော့ တစ်ပိဿာကို ၃ဝဝ ကျပ်၊ ၄ဝဝ ကျပ် ဈေးနဲ့ စဖွင့်နိုင်တယ်လို့ ကုန်သည်တွေကခန့်မှန်းကြပါတယ်။ ဒီတစ်ပတ်ချင်းဈေးက အောင်ပန်းမှာ ချင်းစို တစ်ပိဿာကို ၃ဝဝ ကျပ်၊ ၁ဝဝဝ ကျပ်ဈေးထိရှိပြီး ချင်းခြောက် ကတော့တစ်ပိဿာ ၂ဝဝဝ ကျပ်၊ ၂၂ဝဝ ကျပ် ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ ချင်းစိုလက်လီဈေး ၁၂ဝဝ ကျပ် မှ ၁၅ဝဝ ကျပ် ရှိပြီးချင်းခြောက် ဈေးက တစ်ပိဿာ ၂၃၅ဝ ကျပ်ရှိပါတယ်။                                              ဧဧခိုင်

Tuesday, 31 May 2011

ပင်လယ်ရေကြောင်းက ၃၆ တန်တင်ပို့                  မေ ၁၅ ရက်မှ ၂၁ ရက်တာကာလအတွင်း ချင်း ၃၆ တန်ကို ပင်လယ်ရေကြောင်းလမ်းကနေ တင်ပို့ခဲ့ပါတယ်။ မလေးရှားကို ၁၁ တန်နဲ့ အင်ဒိုနီးရှားကို ၂၅ တန်အသီးသီးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်အပို့ပျောက်ခဲ့တဲ့ ချင်းက ဒီသီတင်းပတ်မှသာ ပြန်လည်တင်ပို့နိုင်ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေးကန်ဒေါ်လာ ၁၄၆ဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့တဲ့အတွက် စုစုပေါင်းပို့ကုန်ဝင်ငွေကန် ဒေါ်လာ ငါးသောင်းနှစ်ထောင်ကျော်ရရှိခဲ့ပါတယ်။ MIRT (DOT)

Tuesday, 31 May 2011

  ပြောင်းတန် ၂ဝဝဝ ကျော်                မေလ ၁၃ ရက်မှ ၂၆ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း တန်ချိန် ၂၄၇၂ တန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၆၇၃ သန်းဖိုး တင်ပို့နိုင် ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က တန် ၁ဝဝဝ ကျော်သာ တင်ပို့ခဲ့တာကြောင့် တင်ပို့ မှု ၂ ဆကျော်မြင့်တက်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံတွေနဲ့ တန်ချိန်တွေကတော့ အိန္ဒိယကို ၁၆၉၂ တန်၊ မလေးရှားကို တန် ၄၈ဝ နဲ့ ဖိလစ်ပိုင်ကို တန် ၃ဝဝ အသီးသီး ဖြစ်ပါတယ်။ ၤဥြ ရန်ကုန်ဈေးကတော့ ဒေါ်လာ ၂၉ဝ နဲ့ ၃၁ဝ ကြား ဈေးပေါက်လျက်ရှိပါတယ်။     KZW

Pages