Background
မေလအတွက်သကြားတန် ၁၉ ဒသမ ၆၃ သိန်းသာခွင့်ပြုမည်ဟုကြေငြာ အိန္ဒိယအစိုးရက မေလအတွက် သကြားတန်ချိန် ၁၉ ဒသမ ၆၃ သိန်းသာ ရောင်းချခွင့်ပြုဖို့ ဆုံးဖြတ် လိုက်တယ်လို့သိရပါတယ်။ ၎င်းတို့အနက် တန်ချိန် ၂ ဒသမ ၁၃ သိန်းကို အခွန်စည်းကြပ်မှာဖြစ်ပြီး ကျန်တာကိုတော့ အခွန် မစည်းကြပ်ဘဲဈေးကွက်မှာလွတ်လပ်စွာရောင်းချခွင့်ပြုမှာဖြစ်ကြောင်း သိရပါတယ်။ ဒီလိုအခွန်မစည်းကြပ်တဲ့သကြားတန် ၁၇ ဒသမ ၅ သိန်းရှိပြီး ၎င်းတို့အနက်က တန်ချိန် ၁၅ ဒသမ ၄၅ သိန်းက သာမန်ခွဲတမ်းဖြစ်ကြောင်း သိရပါတယ်။ တန်ချိန် ဝ ဒသမ ဝဝ၅ သန်းရှိတဲ့ သန့်စင်ပြီး အခွန်မဆောင်ရတဲ့ သကြားဖြူတွေကတော့ ၂ဝ၁ဝ ဒီဇင်ဘာမှာ သကြားကုန်ကြမ်းတင်သွင်းပြီး ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။ အခွန်လွတ်သကြားတန် ဝ ဒသမ ၂ သန်းကတော့ ဇန်နဝါရီလရဲ့ လက်ကျန်ဖြစ်ကြောင်းသိရပါတယ်။ သကြားတန် ၁၉ ဒသမ ၆၃ သိန်းက မေလ အတွက် ပြည်တွင်းဝယ်လိုအား လုံလောက်မှုရှိတယ်လို့ ထုတ်ပြန်ချက် မှာ ပါရှိပါတယ်။ အိန္ဒိယမှာသကြားဈေးကွက်ကို အစိုးရက တင်းကြပ်စွာ ချုပ်ကိုင်တယ်လို့ သိရပါတယ်။ Source: commodity online,KZW
ဇလွန် အစေ့ထုတ် ပြောင်းဈေးကွက် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ်တွင် အစေ့ထုတ် ပြောင်း ၆၂၃၄ ဧကရိတ်သိမ်းပြီးဖြစ်ရာ တစ်ဧကကို၈၆ တင်းထွက်ရှိပါတယ်။ ဇလွန်မြို့ပေါ်တွင် ပွဲရုံကြီး ၃ ရုံမှ နေ့စဉ် အစေ့ထုတ်ပြောင်း အိတ် ၃ဝဝဝ နှင့် အထက် ဝယ်ယူလျက်ရှိပါတယ်။ ရန်ကုနု်ဈေးကွက်သို့ နေ့စဉ်အိတ် ၂ဝဝဝ ခန့် တင်ပို့နိုင်ကြောင်း သိရပါတယ်။ ဈေးနှုန်းမှာ ပိဿာ ၂ဝ ဝင်တစ်တင်း ၆ဝဝဝ ကျပ်နှုန်းဖြင့် ဝယ်ယူနေကြောင်း သိရပါတယ်။ ဌေးဝင်း
ပခုက္ကူကြက်စာ ပြောင်းဖူးစေ့ ဇန်နဝါရီလက ထွက်ပေါ်ခဲ့တဲ့ စီပီပြောင်းဖူးစေ့တွေ ပခုက္ကူဈေးကွက်မှာ ရောင်းဝယ်လျက်ရှိပါတယ်။ ယမန်နှစ်ကတော့ တစ်တင်းကို ၇ဝဝဝ ကျပ်ဈေး ထိရောက်ခဲ့ပြီး လက်ရှိ ၄၅၅ဝ ကျပ်ရှိပါတယ်။ ပြည်တွင်းမွေးမြူရေး တိရစ္ဆာန် အစားအစာအပြင် တရုတ်ဘက်ကလည်း အဆွဲများတယ်လို့ သိရပါတယ်။ ယခုနှစ် ပုံမှန်ထက် အထွက်နှုန်း ပိုတယ်လို့လည်း သိရပါတယ်။ မောင်မောင်အေး
တန် ၉ဝဝဝ ကျော် တရုတ်နယ်စပ်ကပို့ ဧပြီလ ၂၇ ရက်မှ မေ ၃ ရက်ထိကာလအတွင်း မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော်စခန်းများက ပြောင်းဖူးစေ့ ၉၆၁၉ တန်၊ တန်ဖိုး ၂ ဒသမ ၄၉၁ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၇ဝဝဝ ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ ယခုအပတ်မှာ ချင်းရွှေဟော်စခန်းက တင်ပို့မှုမရှိပဲ ယခု အပတ်မှာ တင်ပို့မှုရှိတာကြောင့်လည်း တင်ပို့မှုပိုမိုရခြင်းဖြစ်ပါတယ်။ ယခု အပတ်မှာလည်း နံှစားပြောင်း တင်ပို့ခြင်းမရှိပါဘူး။ မိမိဘက်ရော တဘက်နိုင်ငံ ပြောင်းဈေးနှုန်းကျဆင်းလျက်ရှိတာ တွေ့ရပါတယ်။ မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၄၂၅၃၆ ၂၅၃၂ဝ၈ ၁ဝ၆၇၂ ၄ .၄ ၂ဝ၈ ၂၁ဝ ၂ ဝ .၇MIRT (DOBT)
ပင်လယ်ရေကြောင်းက တန် ၃ဝဝဝ ကျော်တင်ပို့နိုင် ဧပြီလ ၂၉ ရက်မှ မေလ ၅ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ဝ ဒသမ ၉၆၅ သန်းတန်ဖိုးရှိ ပြောင်း တန်ချိန် ၃၆၃၂ တန် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၂ဝဝဝ ကျော်တင်ပို့ခဲ့တာကြောင့် တင်ပို့မှု တိုးတက်တယ်လို့ဆိုရပါမယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ အိန္ဒိယကိုတန် ၄၆ဝ၊ အင်ဒိုနီးရှားကို ၁၇၅၁ တန်၊ စင်္ကာပူကို ၈၈၁ တန်နဲ့ ဗီယက်နမ်ကို တန် ၅၄ဝ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ FOB ရန်ကုန်ဈေးတွေကတော့ တစ်တန်ကို ၂၉ဝ ဒေါ်လာနဲ့ ၃၁ဝ ဒေါ်လာကြားဈေးရလျက် ရှိပါတယ်။ KZW
ဂျပန်ငလျင်ဒါဏ်ကြောင့် ရော်ဘာဝယ်လိုအား ကျဆင်းနေ ဂျပန်နိုင်ငံရဲ့ ငလျင်ဒဏ်ကြောင့် ကားထုတ်လုပ်မှုတွေထိခိုက်ပြီး ရော်ဘာဈေးနှုန်းတွေ ကျဆင်းကာ ကုန်ပစ္စည်းတွေရဲ့ ဝယ်လိုအားလည်း ထိန်းချုပ်ထားသလိုဖြစ်နေကြောင်းသိရပါတယ်။ တိုကျိုကုန်စည်ဒိုင်မှာတော့ စက်တင်ဘာလ အတွက် စာချုပ်ဈေးနှုန်းက ၃ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကို (၄၉၃ဝ ဒေါ်လာ) ကိုရောက်ရှိနေပါတယ်။ ငလျင်နဲ့ဆူနာမီရဲ့ အကျိုးဆက်ကြောင့် ကမ္ဘာ့အကြီးဆုံးကားထုတ်လုပ်ရေးဖြစ်တဲ့ တိုယိုတာကား အမျိုးအစားအားလုံးရဲ့ ပုံမှန်ထုတ်လုပ်မှုကို နိုဝင်ဘာဒါမှမဟုတ် ဒီဇင်ဘာမှာမှ ပြန်လည်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်းသိရပါတယ်။ ထိပ်တန်း တာယာထုတ်လုပ်ရေးဖြစ်တဲ့ ဘရစ်စတုန်းကလည်း ထုတ်လုပ်မှုခဲျ့ထွင်ဖို့စီမံကိန်းချမှတ်ထားပေမဲ့ တိုကျိုရဲ့ လျှပ်စစ်ဓါတ်အားက စက်ရုံ လည်ပတ်မှုအတွက် အကန့်အသတ်ရှိနေသေးကြောင်းသိရပါတယ်။ မော်တော်ကားထုတ်လုပ်ရေးတွေအနေနဲ့ အပျက် အစီးများကြားက ပြန်လည်ထူထောင်ဖို့ အခက်အခဲရှိနေပြီး ရော်ဘာဝယ်လိုအား ကျဆင်းမှုကလည်းကာလရှည်ကြားဖွယ် ရှိကြောင်း ဖူဂျီတိုမိကုမ္ပဏီရဲ့ သုတေသီကပြောကြားခဲ့ပါတယ်။ တိုယိုတာအနေနဲ့ ပုံမှန်ထုတ်လုပ်မှုကို ဂျပန် မှာ ဇူလိုင်လမှ ပြန်လည်စတင်နိုင်ပြီး နိုင်ငံရပ်ခြား စက်ရုံတွေမှာတော့ သြဂုတ်လမှာမှ စတင်နိုင်မယ်လို့သိရပါ တယ်။ ငလျင်ဒါဏ်ရဲ့ အကျိုးဆက်ကြောင့် ကုမ္ပဏီအနေနဲ့ ဂျပန်မှာကား ၃ သိန်းနဲ့ ပင်လယ်ရပ်ခြားမှာ ၁ သိန်းလောက်ဆုံးရှုံး နိုင်ဖွယ်ရှိကြောင်း ကုမ္ပဏီ ဒုတိယဥက္ကဌကပြောကြားခဲ့ပါတယ်။ တိုယိုတာအနေနဲ့ တနှစ်လုံးအတွက်ထုတ်လုပ်မှုကို အရေအတွက် (၇ ဒသမ ၇) သန်းအထိမှန်းထားကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့ပါတယ်။ ရော်ဘာဈေးနှုန်းဟာ ကမ္ဘာ့အများဆုံးသုံးစွဲသူဖြစ်တဲ့ တရုတ်နိုင်ငံမှာ ကုန်ဈေးနှုန်း ထိန်းချုပ်ဖို့အတိုးနှုန်းမြှင့်လိုက်တာနဲ့လဲ ဆက်စပ်မှုရှိကြောင်းသုတေသီများက သုံးသပ်ပါတယ်။ တရုတ်ရဲ့ ကုန်ဈေးနှုန်းဟာ ဧပြီလမှာ ၅ ဒသမ ၂ ရာခိုင်နှုန်းမှ ၅ ဒသမ ၅ ရာခိုင်နှုန်းကြားမြင့်တက်ဖွယ်ရှိကြောင်း နိုင်ငံတကာ ငွေလုံးငွေရင်းဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။ တရုတ်ရဲ့ဝယ်လိုအား ဆက်လက်ကျဆင်း နိုင်ပြီးသိုလှောင်မှု ပမာဏ ကျဆင်းလာတာကို ကြည့်ခြင်းအားဖြင့် တရုတ်အနေနဲ့ ဈေးကွက်ကနေကုန်ကြမ်း ဝယ်တာထက်ရှိပြီးသား အရံပစ္စည်းတွေ ထုတ်သုံးနေတာတွေ့ရကြောင်း ဒီအက်စ်ဖျူးချားကုမ္ပဏီမှ သုတေ သီကပြောကြားခဲ့ပါတယ်။ တရုတ်ရဲ့သဘာဝ ရော်ဘာ ထုတ်လုပ်မှုဟာ ရှစ်နှစ်အတွင်း(၁၄၇၁၇)တန်ကနေ (၁၂၂၂) တန်ကို ကျဆင်းခဲ့ကြောင်း ရှန်ဟိုင်း၊ ရှန်ဒေါင်း၊ ယူနန်၊ ဟိုင်နန်နဲ့ တိုင်ဂျင်တို့မှာ သိုလှောင်ရုံ (၁ဝ) ခုကို ကွင်းဆင်းခဲ့ပြီးနောက် ရှန်ဟိုင်းကုန်စည်ဒိုင်က ပြောကြားခဲ့ပါတယ်။ ထိုင်း နိုင်ငံရဲ့ လက်ငင်းဈေးကတော့ ၁ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းပြီး တစ်ကီလိုကို (၅ ဒသမ ၈၃) ဒေါ်လာရှိကြောင်း ထိုင်း ရော်ဘာ သုတေသနဌာနက ပြောကြားခဲ့ပါတယ်။ ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့မှာ ဆောင်းရာသီ အရွက်ေြွကကာလ ဖေဖော်ဝါရီမှ မေ အထိ ထုတ်လုပ်မှုကျဆင်းကြောင်း ရော်ဘာထုတ်လုပ်သော နိုင်ငံများအသင်း (ANRPC) ကပြောကြားခဲ့ တယ်လို့ သတင်းရရှိပါတယ်။Source:Bloomberg.com,KZW
၂ဝ၁၁ တွင်ကမ္ဘာ့ ရော်ဘာထုတ်လုပ်မှု ၁ဝ ဒသမ ဝ၂၅ သန်းရှိနိုင် ရော်ဘာထုတ်လုပ်သော နိုင်ငံများအသင်း (ANRPC) အသင်းဝင်နိုင်ငံတွေရဲ့ ထုတ်လုပ်မှု ကျဆင်းတာကြောင့် ယခုနှစ် ၂ဝ၁၁ မှာ သဘာဝ ရော်ဘာထုတ်လုပ်မှု တန်ချိန် ၁ဝ ဒသမ ဝ၂၅ သန်းအထိ ကျဆင်းနိုင်ပြီး ယခင်နှစ်ကတော့ တန်ချိန် ၁ဝ ဒသမ ဝ၆ သန်းသုံးစွဲခဲ့ကြောင်းသိရပါတယ်။ ထိုင်းနဲ့ တရုတ်က ပျှမ်းမျှခြင်း တွက်ချက်မှုအရ ထုတ်လုပ်မှုကျဆင်းနိုင်ပြီး အင်ဒိုနီးရှားနဲ့ အိန္ဒိယကတော့ ယခင်နှစ်ကထက်ပိုပြီး အထွက်ကောင်းနိုင်ကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံက ၂ဝ၁၁ မှ လျာထားချက် တန်ချိန် ၃ ဒသမ ၄၃ သန်းကနေ ၃ ဒသမ ၃၇၅ သန်းကို အထွက်ကျနိုင်ပြီး ၂ဝ၁ဝ မှာတော့ တန်ချိန် ၃ ဒသမ ၂၅၂ သန်းထုတ်လုပ်ခဲ့ကြောင်း သိရပါတယ်။ အင်ဒိုနီးရှားကတော့ ၂ဝ၁ဝ ကထုတ်လုပ်မှု တန်ချိန် ၂ ဒသမ ၇၃၆ သန်းထက်ပိုပြီး တန်ချိန် ၂ ဒသမ ၉၅၅ သန်းအထိ ထုတ်လုပ်နိုင်မယ်လို့ မျှော်မှန်းထားကြောင်းသိရပါတယ်။ ANRPC ရဲ့ စုစုပေါင်းရောင်းလိုအားကတော့ ၅ ဒသမ ၈ ရာခိုင်နှုန်းသာတိုးတက်နိုင်ပြီး၊ ယခင်နှစ်ကတော့ ၆ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ကြောင်း သိရပါတယ်။ ၂ဝဝ၉ နိုဝင်ဘာလမှာ ANRPC ရဲ့ အဖွဲ့ဝင် ၁ဝ နိုင်ငံရှိပြီး ကမ္ဘောဒီးယား ၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ နယူးဂီနိ၊ စင်ကာပူ၊ သီရိလင်္ကာ၊ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့ဖြစ်ပါတယ်။ ၎င်း (၁ဝ) နိုင်ငံက ၂ဝဝ၈ ခုနှစ်အတွင်းမှာ ကမ္ဘာ့ရော်ဘာထုတ်လုပ်မှုရဲ့ ၉၄ ရာခိုင်နှုန်းကို ထုတ်လုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။ Source: commodity online, KZW
နယ်စပ်အပို့တက် ဧပြီလ ၂၇ ရက်မှ မေလ ၃ ရက်ထိကာလအတွင်း မူဆယ်၊ ချင်းရွှေဟော်နဲ့ မြိတ်စခန်းများကနေ ကန်ဒေါ်လာ ၇ ဒသမ ၃၆၂သန်းတန်ဖိုးရှိ ရော်ဘာ ၁၄၅၈ တန်တင်ပို့ခဲ့ပါတယ်။ ယခင် ရက်သတ္တပတ်က တန် ၇ဝဝ ကျော်တင်ပို့ခဲ့တာ ကြောင့် တင်ပို့မှု ၂ ဆကျော် ပိုမိုခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ အမိုျးအစားတွေကတော့ မူဆယ်မှ RSS-3 ၄၈၁ တန်၊RSS-5 ၁၈ တန်၊ MSR (50) ၁၅၈ တန် နဲ့ MSR (20) တန် ၂၄၅ တန်၊ ချင်းရွှေဟော်မှ RSS-1 တန် ၅ဝ၊RSS-3 ၄ဝ၆ တန်တို့ ဖြစ်ပြီး မြိတ်စခန်းမှ RSS-3 တန် ၅ဝ နဲ့MSR (50) တန် ၅ဝ၊ အသီးသီးတင်ပို့ခဲ့တာတွေ့ရပါတယ်။ မိမိဘက် ရော်ဘာ ဈေးနှုန်းများပြောင်းလဲမှု မရှိပေမယ့် တဘက်နိုင်ငံဈေးနှုန်းများတက်တာကိုတွေ့ရှိရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS-3 ၄၁၃၅၄၂ဝ ၄၁၃၅၄၂ဝ - ၅ဝ၇ဝ ၅ဝ၆၄ ၆ ဝ .၁RSS-5 ၄၁ဝဝ၂၁ဝ ၄၁ဝဝ၂၁ဝ - ၄၉၉၃ ၄၉၈၈ ၅ ဝ .၁MIRT (DOBT)
ပင်လယ်ရေကြောင်းတင်ပို့မှု အပို့ကျ ဧပြီလ ၂၉ ရက်မှ မေလ ၅ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၁ ဒသမ ၁၇၉ သန်း တန်ဖိုးရှိ ရော်ဘာ ၂၂၇ တန်ကို စင်္ကာပူတစ်နိုင်ငံတည်း ကိုသာ တင်ပို့ခဲ့ပါတယ်။ ယခင် ရက်သတ္တပတ်က တန် ၁ဝဝဝ ကျော်တင်ပို့ခဲ့တာကြောင့် တင်ပို့မှုကျဆင်းခဲ့တာတွေ့ရပါတယ်။ ပင်လယ်ရေကြောင်းက တင်ပို့မှုကျဆင်းခဲ့ပေမယ့် နယ်စပ်ကုန်သွယ်ရေးကတော့ တန် ၁၄ဝဝ ကျော်တင်ပို့နိုင် ခဲ့တာတွေ့ ရပါတယ်။ FOB ရန်ကုနု်ဈေးတွေကတောRSS-3 တစ်တန်ကို ၄၈ဝဝ ဒေါ်လာ ၊RSS-5 တစ်တန်ကို ၄၇ဝဝ ဒေါ်လာနဲ့ MSR-20 တစ်တန်ကို ၄၈ဝဝ ဒေါ်လာဖြစ်ကြောင်းသိရပါတယ်။KZW
အိန္ဒိယ STC အေဂျင်စီမှ လက်တင်အမေရိကားမှာ ပဲမျိုးစုံကို ကန်ထရိုက် လယ်ယာစနစ်နဲ့ စိုက်ပျိုးမှု စတင်တော့မယ အိန္ဒိယနိုင်ငံဟာ ကြီးထွားနေတဲ့ ပြည်တွင်းပဲလိုအပ်ချက် နဲ့ ရောင်းချနိုင်မှုအကြား ကွာဟချက်ကိုဖြည့်ဆည်းဖို့ အလားတူ အခြားနိုင်ငံများက ပဲတင်သွင်းရမှုကို လျှော့ချဖို့အတွက် ဧပြီလ ၁ ရက်မှာ စတင်တဲ့ လက်ရှိဘဏ္ဍာနှစ်မှာ ပြည်ပပဲမျိုးစုံ ကန်ထရိုက်လယ်ယာစနစ်စိုက်ပျိုးမှု စတင်ဖို့ နိုင်ငံပိုင် STC အေဂျင်စီမှ အဖွဲ့ဝင်ကုမ္ပဏီ ၇ ခုကို ဦးဆောင်သွားမယ်လို့ ဥက္ကဌN K Mathur က ပြောကြားပါတယ်။ STCဦးဆောင်တဲ့ အဲဒီအုပ်စု ဆောင်ရွက်မယ့် ကန်ထရိုက်လယ်ယာပရိုဂျက်ဟာလက်တင်အမေရိကား တစ် နိုင်ငံမှာ စတင်မှာဖြစ်ပြီး စိုက်ပျိုးမြေများကို စမ်းသပ်ပြီး သွားပြီ လို့ ၎င်းက ဆိုပါတယ်။ အဲဒီအုပ်စုကို နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကပိုင် ကုမ္ပဏီများနဲ့ ဖွဲ့စည်းထားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံဟာ ဂံျုနဲ့ဆန်စတဲ့အဓိကသီးနံှများလို စားနပ် ရိက္ခာလိုအပ်မှု အများစုကို ပြည်တွင်းဖူလုံမှုရှိပေမဲ့ နိုင်ငံရဲ့ အဓိကပရိုတိန်းအစာဖြစ်တဲ့ ပဲမျိုးစုံနဲ့ ဆီထွက်သီးနံှအချို့ကို တော့ တင်သွင်းဖို့ လိုအပ်လျက်ရှိပါတယ်။ လူဦးရေကြီးထွားခြင်းနဲ့အတူ စိုက်ဧရိယာတိုးတက်မှုမရှိခြင်းတို့ကြောင့် လာမယ့် နှစ်များမှာ စားနပ်ရိက္ခာတင်သွင်းဖို့ လိုအပ်ချက်တိုးတက်လာ လိမ့်မယ်လို့ ကျွမ်းကျင်ပညာရှင်အချို့က ဆိုပါတယ်။ ပြည်ပနိုင်ငံများမှ ကန်ထရိုက်လယ်ယာပရိုဂျက် အောင်မြင်မယ်ဆိုရင် အခြားစီးပွားရေးပရိုဂျက်များအတွက် အဓိက ကျတဲ့ နမူနာစံပြဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လက်တင်အမေရိကားအနေနဲ့ ပဲမျိုးစုံ များများစားစား စိုက်ပိုျးခြင်း မရှိလို့ ထုတ်လုပ်မှု အောင်မြင်နိုင်ခြေရှိမရှိကိုတော့ စမ်းသပ်ဖို့ လိုတယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်ထိ ပဲမျိုးစုံတင်သွင်းဖို့ မြန်မာနိုင်ငံကို အဓိက မှီခိုနေရတာဖြစ်လို့ ဈေးနှုန်းအပြောင်းအလဲ များ လျက် ရှိနေပါတယ်။ STC အနေနဲ့ ပရိုဂျက်အုပ်စုမှ ထွက်ရှိမှု အားလုံးကို ဈေးကွက်ရှာဖွေသွားမယ်လို့ Mathur က ဆိုပါ တယ်။ အိန္ဒိယရဲ့ ပဲမျိုးစုံလိုအပ်ချက်နဲ့ ရောင်းချမှုအကြား ကွာဟချက်ဟာ ယခုနှစ်မှာ တန်ချိန် ၃ သန်းခန့်ရှိရာမှ နောက် ၁ နှစ် ၊ ၂ နှစ်အတွင်း တန်ချိန် ၄ သန်းအထိ မြင့်တက်ဖွယ်ရှိပါတယ်။ ယခင်နှစ်က မုတ်သုံမိုးကောင်းခြင်းနဲ့ အစိုးရအေဂျင်စီ များက လယ်သမားများကို အနိမ့်ဆုံးဈေးနှုန်းမြှင့်တင်ပေးခဲ့တဲ့ အတွက် ပဲထုတ်လုပ်မှု တန်ချိန် ၁၇ ဒသမ ၂၉ သန်းအထိ မြင့်တက်မယ်လို့ ခန့်မှန်းထားပါတယ်။ အိန္ဒိယ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနဟာ တောင်သူများ ပဲမျိုးစုံ တိုးမြှင့်စိုက်ဖို့ အားပေးတဲ့အနေနဲ့ ၂ဝ၁၁-၁၂ အတွင်း အဓိက ပဲ ၃ မျိုးရဲ့ ဝယ်ယူဈေးများကို တိုးမြှင့်ဖို့တင်ပြထားကြောင်း သိရပါတယ်။ ယမင်းးရွှေစင်၊Source:commodityinsights.com