Background
အိန္ဒိယမတ်ပဲဈေး တစ်ပတ်အတွင်း ကန်ဒေါ်လာ ၅ဝ ခန့်ကျဆင်းလာ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုတစ်ပတ်အတွင်း ဝယ်လိုအား ဆက်ပါးနေတာကြောင့် မတ်ပဲဈေး တစ်တန် ကန်ဒေါ်လာ ၅ဝ ခန့် ကျဆင်းလာတာ တွေ့ရပါတယ်။ ပြုပြင်ပြီး မတ်ပဲအဝယ်ထိုင်းထားတာကြောင့် ပဲခွဲစက်လုပ်ငန်းရှင် တွေကလည်း ဈေးကွက်အတွင်း ပဲအဝယ်မရှိခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အိန္ဒိယ အရှေ့ပိုင်း အချို့ဒေသတွေမှာ မိုးရွာသွန်းပြီး အဝင်ကိုထိခိုက်ခဲ့တာကြောင့် ကန်ပါမြို့ဈေးကွက်မှာ ဈေးအနည်းငယ် တိုးလာပါတယ်။ မွန်ဘိုင်းဈေးကွက်မှာ နိုင်ငံတကာဈေးကျဆင်းတာကြောင့် မေလ ၃ ရက်ဈေးနဲ့ ယှဉ်ရင် မေလ ၅ ရက်မှာ မတ်ပဲ FAQ တစ်တန်ကန်ဒေါ်လာ ၆ဝ လျော့ကျခဲ့ပြီး SQ တစ်တန်ကန်ဒေါ်လာ ၁ဝ ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ နွေမတ်ပဲစိုက်ပျိုးမှုအနေနဲ့ ဧပြီလ ၁၅ ရက် နေ့ထိ ဟက်တာ ၁၁ ဒသမ ၄၅ သိန်းရှိလို့ ယခင်နှစ်စိုက်ဟက်တာ ၁၁ ဒသမ ၁ဝ သိန်းထက်၃ဒသမ ၁၅ ရာခိုင်နှုန်းပိုမိုခဲ့တယ်လို့ သိရပါတယ်။ ပဲစိုက်တဲ့ အဓိက ဒေသတွေမှာ ရာသီဥတုကောင်းနေဆဲဖြစ်လို့ နွေမတ်ပဲ ရင့်မှည့်ဖို့ အခြေအနေ ကောင်းမွန် နေတဲ့အတွက် ဈေးကွက်တွေကို ပဲဝင်ရောက်မှုစတင်တိုးတက် လာနိုင် တယ်လို့ ခန့်မှန်းနေကြပါတယ်။ ကာလတိုအတွင်းမှာ မတ်ပဲဈေးအားပျော့နိုင်တယ် လို့ သုံးသပ်ကြပါတယ်။ ဈေးကွက် အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ ဈေးနှုန်းတွေကို ဇယားနဲ့ ဖော်ပြထားပါတယ် တန်/ဒေါ်လာ ၂-၅-၁၁ ၃-၅-၁၁ ၄-၅-၁၁ ၅-၅-၁၁မွန်ဘိုင်း ၉၂၅-၉၃ဝ ၉၁၉ ၈၉၇-၉ဝ၃ ၈၈၆ဒေလီ ၈၅၇-၉၅၃ ၈၅၇-၉၅၃ ၈၄၁-၉၄၂ ၈၃ဝ-၉၂ဝချန်နိုင်း ၉၃၆-၁ဝ၉၉ ၉၃ဝ-၁ဝ၈၈ ၉၁၉-၁ဝ၇၆ ၉ဝ၉-၁ဝ၆၆MIRT(MAPT)
မတ်ပဲ FOB ရောင်းဝယ်မှုတန်ချိန် ၄ သောင်းကျော် ယခုတစ်ပတ် (ဧပြီလ ၂၉ ရက်မှ မေလ ၄ ရက်)အထိ တစ်ပတ်အတွင်း ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပြည်ပဝယ်လက်များနဲ့ အရောင်း အဝယ် ဖြစ်ခဲ့တာ မတ်ပဲ FAQ တန်ချိန် ၃ဝဝဝဝ နဲ့ SQ တန်ချိန် ၁၈ဝဝဝ ကျော် ရှိလို့ စုစုပေါင်းတန် ၄ သောင်းကျော် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိဈေးနဲ့ပြည်ပ အဝယ်ကောင်းနေတာကြောင့် အရောင်းအဝယ်ဖြစ်မှုများလာ တာ ဖြစ်ပါတယ်။ ပြည်တွင်းမှာ ရောင်းချသူများလို့ ဈေးကျဆင်းလာခြင်းက ပြည်ပဝယ် လက်တွေအတွက် ဝယ်ယူဖို့ အချိန်ကောင်းဖြစ်လာပါတယ်။ တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ယခင်သီတင်းပတ်ထက် ပိုများလာတာကို တွေ့ရပါတယ်။ FOB ဈေးအနည်းငယ် ကျဆင်းလာတာကို တွေ့ရပါတယ်။ ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ) ၆-၅-၁၁ ၈၃ဝ-၈၇ဝ ၉၈ဝ-၁ဝဝဝ ၂၉-၄-၁၁ ၈၅ဝ-၈၇ဝ ၁ဝဝဝ-၁ဝ၂ဝ MIRT(MAPT)
ယခုတစ်ပတ် မတ်ပဲသင်္ဘောတင် တန် ၁၄ဝဝဝ ထိ တိုးတက် ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုကတော့ ယခုတစ်ပတ် (ဧပြီလ ၂၈ ရက်မှ မေလ ၄ ရက်) အတွင်းမှာ တန်ချိန် ၁၄ဝဝဝ ထိ တိုးတက်လာခဲ့တာ တွေ့ရပါတယ်။ သြင်္ကန်အပြီး သီတင်းပတ်အတွင်းက တန်ချိန် ၇၅ဝဝ တင်ပို့ခဲ့ရာမှ ပြန်လည်တိုးတက်တင်ပို့လာတာဖြစ်ပါတယ်။ ဒီတစ်ပတ်တင်ပို့တဲ့ နိုင်ငံတွေကတော့ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ဖြစ်ပါတယ်။ ၂ဝ၁၁ ဧပြီလ တစ်လလုံး မတ်ပဲတင်ပို့မှုကို လေ့လာရာမှာ တန်ချိန် ၂၇ဝဝဝ ခန့်ရှိပြီး မတ်လမှာ တန်ချိန် ၃၂ဝဝဝ ခန့်ထိ တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ၂ဝ၁ဝ ဧပြီလအတွင်းမှာတော့ တန်ချိန် ၃၅ဝဝဝ ကျော်တင်ပို့နိုင်ခဲ့လို့ ဒီနှစ်ကာလတူ တင်ပို့မှု လျော့ကျတာတွေ့ရှိရပါတယ်။ ကုန်သည်များရဲ့ ပြောကြားချက်အရ မေလနဲ့ ဇွန်လတွေမှာ တင်ပို့မှု တိုးတက်နိုင်တယ်လို့ သိရပါတယ်။ MIRT- MAPT
ကျောက်ပန်းတောင်း ထန်းလျက် အရောင်းသွက် ကျောက်ပန်းတောင်း ထန်းလျက် အကြမ်းများကို မန္တလေးသကြားစက်များ၊ ကြာညို့စက်များနှင့် ရန်ကုန် ငံပြာရည်စက်ရုံများသို့ လည်းကောင်း၊ တောင်ကြီးမြို့များသို့ လည်းကောင်း တစ်နေ့ကို ကုန်ချိန်ပိဿာ ၁၅ဝဝဝ မှ ၂ဝဝဝဝ ခန့်အထိ တင်ပို့နေရပြီး ဈေးနှုန်းအနေဖြင့် ယခင်အပတ် တစ်ပိဿာ ၅ဝဝ ကျပ်နှုန်းမှ ယခုတစ်ပတ်ကို ၅၄ဝ ကျပ်နှုန်းရှိသဖြင့် ထန်းလျက်ဈေး အနည်းငယ်တက်ကြောင်းသိရပါတယ်။ စားထန်းလျက် အလုံးသေးက ယခင်တစ်ပတ် ဈေးနှုန်း ကျပ် ၅၅ဝ ရှိပြီး ယခုတစ်ပတ် တစ်ပိဿာ ၆၅ဝ ကျပ်၊ ဆေးစပ်ထန်းလျက်ဖြူ ယခင် တစ်ပတ် ၆ဝဝ ကျပ်နှုန်းနဲ့ ယခုတစ်ပတ် ၇ဝဝ ကျပ်နှုန်းဖြင့် အရောင်းအဝယ်ရှိ နေကြောင်း၊ ၎င်းစားထန်းလျက်များကို မိတ္ထီလာ၊ တောင်ကြီး၊ နေပြည်တော်၊ မန္တလေး၊ တောင်တွင်းကြီးနဲ့ အခြားမြို့ အသီးသီးသို့ နေ့စဉ် ပိဿာချိန် ၁၂ဝဝဝ ဝန်းကျင်တင်ပို့ရောင်းချနေကြောင်းလည်း သိရပါတယ်။ ထားအိဝင်း
ပြည်တွင်းပြောင်းလက်ကျန်နည်း၍ ယခုအပတ်နယ်စပ်မှ အပို့လျော့ မေလ ၁၁ ရက်မှ ၁၇ ရက်ထိ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နှင့် လွယ်ဂျယ် နယ်စပ်စခန်းများမှ တရုတ်နိုင်ငံသို့ ကန်ဒေါ်လာ ၃ ဒသမ ၇၃၃ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၃၄၂၄ တန် ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန် ၁၅ဝဝဝ ကျော် တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ပြောင်းဖူးစေ့ ၁၅၇၆ တန်ကျော် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ မူဆယ်မှ ၆၅၃ တန်ကျော်နဲ့ လွယ်ဂျယ်မှ ၉၃၁ တန်ကျော် တင်ပို့မှု လျော့နည်းခဲ့တာ ဖြစ်ပါတယ်။ ပြည်တွင်း လားရှိုးပြောင်းဈေးမှာ သိသိသာသာ ပြောင်းလဲမှုမရှိပေမဲ့ တစ်ဖက်ရွှေလီ ပေါက်ဈေး မှာ ၁ဝ ယွမ်နဲ့ ကုန်စည်ဒိုင်ပေါက်ဈေး ယွမ် ၃ဝ ခန့် တိုးမြင့်ခဲ့ပါတယ်။ ဒါပေမဲ့ ပြည်တွင်းပြောင်းလက်ကျန် နည်းပါးတဲ့အတွက် ယခုအပတ်မှာ တင်ပို့မှု လျော့နည်း ခဲ့ရတယ်လို့ ပြောင်း ကုန်သည်တစ်ဦးထံက သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၃၄၁၉ဝ ၂၃၅၄၂ဝ ၁၂၃ဝ ဝ .၅ ၂၈၁ ၂၇၄ ၇ ၂ .၅နံှစားပြောင်း ၂ဝ၆၅၅၅ ၁၉၅၂၆ဝ ၁၁၂၉၅ ၅ .၅ ၂၆၁ ၂၆၂ ၁ ဝ .၄MIRT (DOBT)
ပြောင်း ပင်လယ်ရေကြောင်း တင်ပို့မှု ပုံမှန် မေလ ၁၃ ရက်မှ ၁၉ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း တန်ချိန် ၁ဝ၈ဝ တန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ဝ၂၇၉ သန်း တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ယခင်အပတ်ကလည်း တန် ၁ဝဝဝ ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှု ပုံမှန်လို့ဆိုရပါတယ်။ တင်ပို့ခဲ့တာကတော့ စင်ကာပူနိုင်ငံကို ဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းက အပို့နည်းပေမယ့် နယ်စပ်ကုန်သွယ်ရေးကတော့ တန် ၁ဝဝဝဝ ကျော် တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ယခုအပတ် FOB ရန်ကုန်ဈေး ကတော့ ပြောင်းလဲမှုမရှိပဲ ၂၉ဝ ဒေါ်လာနဲ့ ၃၁ဝ ဒေါ်လာ ကြား ဈေးရလျက်ရှိပါ တယ်။ KZW
အိန္ဒိယစားနပ်ရိက္ခာဝန်ကြီးဌာနက သကြားတန်ချိန် ၁ ဒသမ ၅၅ သိန်းတင်ပို့ဖို့ ခွင့်ပြုမိန့်ထုတ်ပြန် အိန္ဒိယစားနပ်ရိက္ခာဝန်ကြီးဌာနဟာ ပြည်ပကို သကြားတန်ချိန် စုစုပေါင်း ၅ သိန်းတင်ပို့ဖို့ ခွင့်ပြုထားတဲ့ အနက် သကြားတန်ချိန် ၁ ဒသမ ၅၅ သိန်းတင်ပို့ဖို့ သကြားစက်များကို မေလ၁၆ ရက်နေ့မှာ ခွင့်ပြုမိန့် ထုတ်ပြန်ခဲ့တယ်လို့ သိရပါ တယ်။ သကြားစက်များဟာ စားနပ်ရိက္ခာဝန်ကြီးဌာနက ခွင့်ပြုမိန့်မပါဘဲ ၎င်းတို့ ထုတ်ကုန်များကို တင်ပို့နိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။ ဘဏ္ဍာရေးဝန်ကြီး ခေါင်းဆောင်တဲ့စားနပ်ရိက္ခာနဲ့ ပတ်သက်တဲ့ အစိုးရဝန်ကြီးအဖွဲ့(E GoM )ဟာ မတ် ၂၂ ရက်မှာ ကန့်သတ်ချက်များ မပါဝင်တဲ့ Open General Licence( OGL) အရ သကြားတန်ချိန် ၅ သိန်းတင်ပို့ဖို့ သကြား စက်များကို ခွင့်ပြုခဲ့ပါတယ်။ ဆုံးဖြတ်ချက်ကို ဧပြီလ ၁၉ ရက်မှာ တရားဝင်ပြောခဲ့ပါတယ်။ အဲဒီ တန်ချိန် ၅ သိန်း အနက် တန်ချိန် ၅၁၅ဝဝ ကို အိမ်နီးချင်းနိုင်ငံများအတွက် အရန်ထားရှိမှာဖြစ်ပြီး ကျန်တဲ့ပမာဏကို လွန်ခဲ့တဲ့ ၃ နှစ်ကျော်အတွင်း သကြားစက်များရဲ့ ပျမ်းမျှ ထုတ်လုပ်မှုကို အခြေခံပြီး သကြားစက်များကို ခွင့်ပြုခဲ့ပါတယ်။ နောက်ဆုံးစာရင်းများအရ ဝန်ကြီးဌာနမှ သကြားစက် ၁၅၅ လုံးကျော်ကို သကြားတန်ချိန် ၁၅၅၈၁၆ အတွက် ပြည်ပ တင်ပို့ခွင့်များ ထုတ်ပြန်ခဲ့ပါတယ်။ E GoM ဟာ သကြား ရာသီနှစ်နှစ်မှာ လိုအပ်ချက်ဖြစ်ခဲ့ပြီး နောက် ယခုနှစ်မှာထုတ်လုပ်မှုက စားသုံးမှုထက် ပိုမိုထုတ်လုပ်နိုင်တာကြောင့် တန်ချိန် ၅ သိန်းတင်ပို့ဖို့ သကြားစက်များကို ခွင့်ပြဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဘရာဇီးပြီးရင် ကမ္ဘာ့ဒုတိယသကြားအများဆုံး ထုတ်လုပ်တဲ့ အိန္ဒိယနိုင်ငံဟာ ယခင်နှစ်က တန်ချိန် ၁၉ သန်းထုတ်လုပ်ရာမှ ၂ဝ၁ဝ-၁၁ (အောက်တိုဘာ-စက်တင်ဘာ)သကြားရာသီအတွင်း တန်ချိန် ၂၄ ဒသမ ၅ သန်းအထိ တိုးတက်ဖွယ်ရှိပါတယ်။ နိုင်ငံရဲ့ နှစ်စဉ် လိုအပ်ချက်တန်ချိန် ၂၂ သန်းထက်ကျော်လွန် ထွက်ရှိခဲ့ပါတယ်။ ၂ဝဝ၈-ဝ၉ နဲ့ ၂ဝဝ၉-၁ဝ သကြားရာသီအတွင်း ပြည်တွင်းထုတ်လုပ်မှုဟာ ပြည်တွင်းစားသုံးမှုအောက်ကို တန်ချိန် ၁၄ ဒသမ ၅၃ သန်းနဲ့ ၁၉ သန်းနီးပါးသာ ထွက်ရှိခဲ့ပါတယ်။ ဒါကြောင့် ပြည်တွင်းလိုအပ်ချက်ပြည့်မီဖို့ တန်ချိန် ၆ သန်းခန့် တင်သွင်းခဲ့ရပါတယ်။ ယမင်းခင်၊ှSource: nns commodityonline
ဧပြီလတွင် အိန္ဒိယရော်ဘာတင်သွင်းမှုလျော့ကျ အိန္ဒိယနိုင်ငံရဲ့ သဘာဝရော်ဘာတင်သွင်းမှုဟာ ကမ္ဘာ့ရော်ဘာဈေးများ မြင့်တက်မှုကြောင့် ဧပြီလမှာ ၉၂ ရာခိုင်နှုန်း ကျဆင်းပြီး ၈၄၃ တန်သာတင်သွင်းခဲ့ကြောင်းနဲ့ ယခင်နှစ်အလားတူကာလက တန်ချိန် ၁ဝ၈၇၆ တင်သွင်းခဲ့တယ်လို့ ရော်ဘာအသင်းရဲ့ စာရင်းများအရသိရပါတယ်။ ကမ္ဘာ့ရော်ဘာဈေး တွေမြင့်တာကြောင့်ရော်ဘာတင်သွင်းမှုလျော့ကျ ခဲ့ရကြောင်း မော်တော်ကားတာယာထုတ်လုပ်သူများအသင်း (ATMA) ရဲ့ဥက္ကဌကပြောကြားခဲ့ပါတယ်။ ဖေဖော်ဝါရီမှ မတ်လ အထိကာလအတွင်း တင်သွင်းခွင့်ရှိခဲ့တာကြောင့် အဲဒီအချိန် ရော်ဘာဈေးနှုန်းက တစ်ကီလိုကိုရူပီး (၂၈ဝ-၂၉ဝ) လောက်ရှိနေ ကြောင်းသိရပါတယ်။ ပြီးခဲ့တဲ့ လကကမ္ဘာ့ ဈေးနဲ့ပြည်တွင်းဈေးအကြားရူပီး (၃ဝ-၅ဝ) အထိကွာခြားခဲ့တာကြောင့် သွင်းကုန် တင်သွင်းမှု ထိခိုက်ခဲ့ရကြောင်းကို ချင်ရော်ဘာကုန်သည်အသင်း (CRMA) ရဲ့ဥက္ကဌက ပြောကြားခဲ့ပါတယ်။ Source: Dijaiwarld.com,KZW
နယ်စပ်အပို့လည်းလျော့ မေလ ၁၁ ရက်မှ ၁၇ ရက်ထိ ကာလအတွင်း မူဆယ်နဲ့လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ ၆၄၁ သန်းတန်ဖိုးရှိ ရော်ဘာ အဆင့်စုံ ၅၉၆ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ရော်ဘာ ၇၈၂ တန် တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ၁၈၆ တန် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ နယ်စပ်အလိုက် ရော်ဘာတင်ပို့နိုင်မှုတွေ့ကတော့ မူဆယ်မှ MSR -20 ၃၅ တန်၊MSR -50 ၁၄၃ တန် RSS -3 ၁၈၅ တန် RSS -5 ဝ ဒသမ ၈ တန်နဲ့ လွယ်ဂျယ်နယ်စပ်မှ MSR -20 တန် ၁ဝဝနဲ့ RSS -3 ၁၃၃ တန် အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခုအပတ်မှာလည်း မြိတ်နယ်စပ်မှ တင်ပို့မှု မရှိဘူးလို့ သိရပါတယ်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်နဲ့ ရွှေလီရှိရော်ဘာ မြေပြင်ပေါက်ဈေးများကို ဖော်ပြပေးလိုက်ရ ပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS-3 ၃ဝ၄၈ဝဝဝ ၄၁၉၄ဝဝဝ ၁၁၄၃ဝဝဝ ၃၈ ၃၆၈၉ ၅ဝ၈၂ ၁၃၉၃ ၃၈RSS-5 ၂၉၈၄၅ဝဝ ၄၁၂၇၅ဝဝ ၁၁၄၃ဝဝဝ ၃၈ ၃၆၁၂ ၅ဝဝ၅ ၁၃၉၃ ၃၈MIRT (DOBT)
ပင်လယ်ရေကြောင်းအပို့ မဆိုသလောက်သာရှိ မေလ ၁၃ ရက်နေ့မှ ၁၉ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၉ တန် တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ဝ၄၅ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်ကလည်း တန် ၂ဝ သာ တင်ပို့ခဲ့တာကြောင့် တင်ပို့မှု မဆိုသလောက် ဘဲ ရှိတာတွေ့ရပါတယ်။ မြန်မာ့ကုန်သည်တွေ လက်ထဲမှာ ပစ္စည်းတွေရှိပေမယ့် ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုနဲ့ စီးပွားရေး အပြောင်းအလဲများကြောင့် အဓိကရော်ဘာ သုံးစွဲတဲ့နိုင်ငံများရဲ့ ဝယ်လိုအား ကျဆင်းနေတာကြောင့် မြန်မာ့ရော်ဘာလဲ တင်ပို့မှု နည်းနေတာဖြစ်ကြောင်း သိရပါတယ်။ တရုတ်တစ်နိုင်ငံတည်းကိုသာ ပင်လယ်ရေကြောင်းရော၊ နယ်စပ်ကပါ တင်ပို့နေရပါတယ်။ ရန်ကုန် FOB ဈေးနှုန်းကတော့ RSS-3 တစ်တန်ကို ၄၆ဝဝ ဒေါ်လာ၊ RSS-5 တစ်တန်ကို ၄၅ဝဝ ဒေါ်လာနဲ့ MSR-20 တစ်တန်ကို ၄၆ဝဝ ဒေါ်လာ အသီးသီးဖြစ်ကြောင်း သိရပါတယ်။ KZW
